chapter 7

134 14 0
                                    

🦊Chapter 7
Arc 1 - လူမှားယွင်းယုံကြည်မိခြင်း

1.7 စစ်သူကြီး စစ်ပွဲမသွားသရွေ့ မသေနိုင်ဘူး။

ရွယ်လင် သူ့ရင်ဘတ်ကိုလက်ဖြင့်အုပ်ထားပြီး  အဓိကဇာတ်ကောင်တွင် သူ့အရာအားလုံးကုန်ဆုံးသွားပြီးဖြစ်ကာ မည်သည့်ကံတရားမျှ မကျန်တော့ကြောင်းသိလိုက်ရသည်။

သူ သရော်ပြုံးပြုံးလိုက်ပြီး ချုံဟွေ့ထံသို့ စိတ်အေးသွားသည့်သဘောဖြင့် လက်ဟန်ပြလိုက်သည်။ထို့နောက် ဧကရာဇ်ရှေ့တွင်ဒူးထောက်ကာ အရိုသေပေးလိုက်သည်။

“အရှင်ဘုရင်မင်းမြတ်ခင်ဗျား …ဒီဆောင်းပါးကိုထောက်ခံပေးခဲ့တဲ့အတွက်ကျေးဇူးတင်ကြောင်းပါ… ”

ဧကရာဇ်က ထိုင်ရာမှထ၍ စင်ပေါ်မှ တစ်ဆင့်ပြီးတစ်ဆင့် ဆင်းလာခဲ့ပြီး ရွှယ်လင် မတ်တပ်ထနိုင်စေရန် ကူလိုက်သည်။

“ ကိုယ်တော်တို့ရဲ့ အရာရှိတစ်ဦးမှာ တိုင်းပြည်ကိုအုပ်ချုပ်ဖို့ ဒီလို အရည်အချင်းတွေရှိတယ်… သူ့လိုလူမျိုးက ဘာမှမဟုတ်တဲ့ လူတွေမြှုပ်တာကို မခံရသင့်ပါဘူး…"

ရွှယ်လင်က ပေါ်ထွက်လာတော့မည့်အပြုံးကိုထိန်းလိုက်ပြီး နောက်သို့ ခြေလှမ်းနှစ်လှမ်းဆုတ်လိုက်သည်။သူ အားလျော့သွားပြီး ချုံဟွေ့ရင်ခွင်ထဲသို့တည့်တည့်ကျသွားသည်။ သူ့ပါးစပ်မှ သွေးစိမ်းရှင်ရှင်များ ယိုထွက်လာမှုကြောင့် သူ့တစ်ကိုယ်လုံးမှာ လေပြေညင်းကြောင့်လွင့်မျောနေ​သည့် ပါးလွှာသော စက္ကူအပိုင်းအစတစ်ခုလိုပင် အားနည်းနေသည်။

ချုံဟွေ့  သူ့လက်မောင်းထဲမှ လူအား အဓိပ္ပာယ်မဖော်ပြနိုင်စွာကြည့်လိုက်ပြီး မင်းသမီးလေးကို ကောက်ချီသလို တိုက်ရိုက်ကောက်ချီယူကာဧကရာဇ်ကို လှမ်း လျှောက်တင်လိုက်သည်။

“ အရှင်မင်းမြတ်ခင်ဗျား…အရှင်မင်းမြတ်ရဲ့ ပထမဆုချန်ပီယံမိသားစုက ကျွန်တော်မျိုးရဲ့ လူငယ်ဘဝမှာ အလွန်ကြင်နာပေးခဲ့ပါတယ်… အဲ့မတိုင်မီကလည်း ကျနော်မျိုးအမြင်မှားခဲ့တာကြောင့်  လူမှားပြီးဂရုစိုက်ခဲ့မိပါတယ်… အခုချန်ပီယံပညာရှင်က ကျန်းမာရေးမကောင်းတာကြောင့်ကျနော်မျိုးက သူ့မိဘတွေအတွက် ကြင်နာခြင်းဆုလာဘ်ဖြစ်တဲ့ သူ့အိမ်နဲ့အနားယူတဲ့ နေရာဆီကို ပြန်လည်ပို့ဆောင်ပေးလိုက်တာက သင့်လျော်မယ်လို့ ထင်မိပါတယ်…"

ငါ့အမြှီးကိုဘယ်ကောင်ထိတာလဲကွ!Where stories live. Discover now