chapter 5

95 10 0
                                    

🦊Chapter 5
Arc 1 - လူမှားယွင်းယုံကြည်မိခြင်း
(Arc - 1.5)

သူ့အရှင်ဖြစ်သူထံမှ ကိုယ်ထင်ပြရန်လာအခေါ်ခံလိုက်ရပြီးနောက် အကူစနစ်လေးမှာ အောက်သို့ပစ်ချခံလိုက်ရသည့်အပြင် သူ့လည်ပင်းအား စစ်သူကြီးဆီမှဆောင့်ဆွဲကိုပါ ခံလိုက်ရသည်။

"…"

မိုးကောင်းကင်ကြီးရေ… ဒီကမ္ဘာကြီးက ပိုအဆင်ပြေနိုင်ပါ့မလား…အကူစနစ်လေးကို ဒီလိုစော်ကားရင် မိုးကြိုးပစ်ခံရမှာကို…သူ မကြောက်ဘူးလား..

အရှင်…ကျနော် အရှင့်ကိုမြင်ပြီးပြီ…အရှင်က ငတုံးပဲ…

သူ့အရှင်က မေးကိုပင့်ကာ ပြုံးလိုက်ပြီး စစ်သူကြီးကိုငုံ့ကြည့်ကာ အလွန်အကြူး ထရယ်လိုက်ပြန်သည်။
အကူစနစ်လေးက ဆက်မစောင့်ကြည့်နိုင်တော့ပေ။သူ့အရှင်ဖြစ်သူက အလုပ်ပြီးဆုံးရန်အတွက် အချိုသတ်သည့်နည်းကိုပင်အသုံးပြုခဲ့သည်။ အရှင်နှင့်ပတ်သက်၍ ကိုယ်ကျင့်တရားကောင်းမွန်သည့် သဘောတရားမျိုးမရှိဟုခံစားရသည်။

ကံကောင်းထောက်မစွာပင် စစ်သူကြီး၏ကိုယ်ကျင့်တ ရား နှင့်စိတ်အခြေအနေမှာ အတော်ပင် ခိုင်မြဲသည်ဟု ယူဆရသည်။ သူ ယခင်က အာရုံပျံ့လွင့်ခဲ့သော်လည်း လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာခဲ့သည်။ သူက သူ့လက်ထဲတွင် တဆတ်ဆတ်တုန်ယင်နေသော ဖြူဆွတ်နေသည့်မြေခွေးငယ်လေးကို ငေးကြည့်ပြီးနောက် ပြတင်းပေါက်ခုံဘောင်ပေါ်ရှိ အနီရောင်ဝတ်ရုံနှင့်လူကို လှမ်းကြည့်လိုက်သည်။

ယနေ့တွင် ဧရာဇ်စာမေးပွဲ အောင်မြင်သွားသောကိုယ်စားလှယ်လောင်းများစာရင်းကိုထုတ်ပြန်ခဲ့ပြီး ထိုကဲ့သို့သောဝတ်စားဆင်ယင်နိုင်သူမှာပထမအဆင့်ရထားသောသူသာဖြစ်နိုင်သည်။

ဧကရာဇ်က နံပါတ်တစ်ပညာရှင်ကိုသာ ခန့်အပ်ရမည်ဖြစ်လေရာ ထိုထိပ်တန်းကိုယ်စားလှယ်လောင်းလေးသာ ဖြစ်လိမ့်မည်။

စစ်သူကြီး၏အိမ်တော်တွင်လည်း ယခုနှစ်ဧကရာဇ်စာမေးပွဲမတွင်ပါ၀င်ခဲ့သည့် လူငယ်တစ်ဦး ရှိသည်။

သို့သော် သူကနှစ်ပေါင်းများစွာ ဗဟိုအစိုးရရုံးတွင်ရှိနေခဲ့ရသည့်အတွက် နှစ်စဉ်စာမေးပွဲများတွင်ပါ၀င်ခဲ့သည့် ထိပ်တန်းပညာရှင်များ ပါဝင်သည်ဖြစ်စေ မပါဝင်သည်ဖြစ်စေ အရာအားလုံး ပုံမှန်တိုင်းပင်ဖြစ်ကြောင်း ခံစားရသည်။ သူတို့ကို   မရှိမဖြစ် မလိုအပ်ပေ။ ထို့ကြောင့် သူက ထိုနှစ်အခြေအနေအပေါ် သိပ်အာရုံစူးစိုက်မှု မပေးခဲ့ပေ။ အဆင့်သတ်မှတ်ချက်အတွက်လည်း အချိန်မဖြုန်းခဲ့ပေ။ ယခု ဒီလူ့ပုံစံအရ သူတို့ နန်းတွင်းစာမေးပွဲအား အလျင်အမြန်ကျင်းပသင့်ပြီဖြစ်သည်။

ငါ့အမြှီးကိုဘယ်ကောင်ထိတာလဲကွ!Where stories live. Discover now