chapter 27

41 4 0
                                    

Chapter 27
March 06, 2024
🦊Chapter 27

Arc 3 - ဖျော်ဖြေရေးလောက၏ လရောင်ဖြူလေး

3.2 - ဒီရွှေပေါင်ကြီးက နည်းနည်းတော့ မမှန်ကန်သလိုပဲ

နောက်တစ်နေ့မနက်တွင် စောစောထပြီး ရေချိုးကာ အဝတ်အစားလဲပြီး​နောက် လေယာဉ်မှီရန် ​လေဆိပ်သို့သွားခဲ့သည်။

ပိုင်မိသားစု၏ ​နေထိုင်မှုအ​ခြေအ​နေက အနည်းငယ်ထူးခြားသည်။ ပိုင်ယွဲ့က လေးနှစ်သားအရွယ်အထိ တရုတ်နိုင်ငံတွင် ကြီးပြင်းလာခဲ့သည်။ ပိုင်​ဟောက် ဆယ့်တစ်နှစ်ပြည့်သောအခါ ပိုင်မိသားစု၏ အနာဂတ် အမွေဆက်ခံသူအဖြစ် ခန့်အပ်ခြင်းခံရပြီး ညီအစ်ကိုနှစ်​ယောက် အချင်းချင်း မပြေမလည်ဖြစ်ခြင်းမှ ကင်းဝေးစေရန် ပိုင်ယွဲ့အား နိုင်ငံခြားသို့ စေလွှတ်ခဲ့သည်။ ထို့အတွက်ကြောင့် ညီအစ်ကိုနှစ်ဦးက ညီအစ်ကိုသံ​ယောဇဥ်မရှိဘဲ မူလပိုင်ရှင်(ပိုင်ယွဲ့)က ​မွေးရပ်​မြေသို့ပြန်ရောက်ပြီးနောက် ပိုင်အိမ်​တော်ဆီသို့ မပြန်ခဲ့ပေ။ ပိုင်ယွဲ့က သူ့ဘာသာသူ အပြင်မှာနေရန် ရွေးချယ်ခဲ့ပြီး ၎င်းကြောင့် စွန်းကျန့်အန်က သူ့ကို စောင့်ကြည့်ရန်နှင့် ချဉ်းကပ်ရန် အလွန်အဆင်ပြေ​စေခဲ့သည်။

ရွှယ်လင်က အစေခံများအပြည့်နှင့် ပြည့်စုံကောင်းမွန်သော အိမ်ကြီးတွင် နေထိုင်ရန် ငြင်းဆန်ပြီး ထိုအစား တိုက်ခန်းကျဉ်းလေးတွင် သူ့တစ်ယောက်တည်း နေထိုင်ရန် ရွေးချယ်ရလောက်သည်အထိ မရူးမိုက်​ပေ။ သူ သုံးစွဲရန် ပိုက်ဆံရမည်မှာလည်း ပြောရန်ပင်မလို​ပေ။ လေယာဉ်​ပေါ်မတက်မီ အိမ်ကိုဖုန်းဆက်ကာလေယာဉ်နှင့် နိုင်ငံသို့ ပြန်လာ​နေပြီဖြစ်​ကြောင်း၊ ညစာစားရန် အိမ်သို့ ပြန်လာမည်ဖြစ်​ကြောင်း အိမ်တော်ထိန်းကို အကြောင်းကြားခဲ့သည်။ အိမ်​တော်ထိန်းကြီးက အံ့အားသင့်နေသော်လည်း သ​ဘောတူလက်ခံနေဆဲပင်။

အဖိုးပိုင်က ဤမြေးလေးကို သ​ဘောမကျသည် မဟုတ်သော်လည်း ကလေး၏ပင်ကိုယ်စရိုက်က အလွန်​ကျေနပ်ဖွယ်မ​ကောင်းဘဲ အိမ်သို့ မကြာခဏ ပြန်မလာသောကြောင့် အဆက်အသွယ်လည်း အနည်းငယ်ပင် ရှိခဲ့သည်။ ပိုင်​ဟောက်က သူ့ကို ​လေကဲ့သို့မမြင်ရသည့် လူတစ်ယောက်လိုသာ ဆက်ဆံသည်။ ရွှယ်လင်က စိတ်ထဲတွင် အနီးစပ်ဆုံး အကြံအစည်အချို့ကို တွေးလိုက်ပြီး မှန်ကန်ဆုံးသောနည်းလမ်းက အဖိုးပိုင်နှင့် ပိုင်​ဟောက်တို့ထံ မျက်နှာရ​အောင်လုပ်သင့်သည်ဟု ခံစားမိသည်။

ငါ့အမြှီးကိုဘယ်ကောင်ထိတာလဲကွ!Where stories live. Discover now