chapter 21

25 2 0
                                    

Chapter 21
March 05, 2024
🦊Chapter 21

Arc 2 - လူမှားလက်ထပ်မိခြင်း

2.12

ရွှယ်လင်သည် လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက သူ့ကိုယ်ပိုင်ဝေ့ပေါ်အကောင့်ကို ဖွင့်ထားခဲ့သော်လည်းဘအကြောင်းအရာ သိပ်မတင်ခဲ့ပေ။ ရွှယ်လင် Hနိုင်ငံ မှထွက်ခွာပြီးနောက် သူပါဝင်ခဲ့သော ပြိုင်ပွဲ၏ဗီဒီယိုကိုတင်လွှင့်ခဲ့ပြီးပရိသတ်များစွာရရှိထားသည်။

သို့သော်လည်း သူ့အစီအစဉ်များနှင့်လည်းဆက်စပ်နေသောကြောင့် ရွှယ်လင်က စန္ဒယားတီးနေသောဗီဒီယိုအချို့ကို ရံဖန်ရံခါတင်တတ်သည်။

သူ အရင်က အလွန်တော်သော စန္ဒယားပညာရှင် ဖြစ်သော်လည်း သူ့အလုပ်အကိုင်ကိုပြောင်းလဲသောကြောင့် ဖျော်ဖြေပွဲများအနည်းငယ်သာတက်ရောက်ဖြစ်သည်။ ဗီဒီယိုအများစုမှာ သူကိုယ်တိုင်အိမ်တွင်စန္ဒရားတီးနေသည့်ဗီဒီယိုများဖြစ်သည်။ သို့သော် သူက စစ်မှန်သောဂီတနှင့်စိတ်ခံစားမှုများကို နှစ်သက်သောပရိသတ်များစွာအား တဖြည်းဖြည်းချင်းဆွဲဆောင်နိုင်သည်။ သူက H နိုင်ငံရှိ စန္ဒယားပညာရှင်များစွာနှင့် ဖန်များစွာ ထပ်တူရှိနေသည်။ သို့သော် သူတို့ဆက်ဆံရေးကောင်းမွန်ပုံရသော်လည်း အပြန်အလှန် ထိတွေ့ဆက်သွယ်မှုမှာ ရှားသည်။

ရွှယ်လင်က တေးဂီတကို တကယ်အရှုံးမပေးပေ။အစပိုင်းတွင် သူက ဝမ်မော့ ကိုသင်ကြားပေးရန်အတွက်ထိုဗီဒီယိုများကို မှတ်တမ်းတင်ရိုက်ကူးထားပြီး ထိုအသံသွင်းမှတ်တမ်းများကို သူ့အတွက် သင်ယူ ကိုးကားစရာများအဖြစ်အသုံးပြုသည်။ နောက်ပိုင်းတွင် သူက အွန်လိုင်းတုန့်ပြန်မှု သိပ်မဆိုးကြောင်း သိလိုက်ရသောအခါ သူစိတ်အဆင်ပြေသည့်အခါတိုင်း သူ့အကောင့်မှ ပရိတ်သတ်များ အတွက် တီးလုံးအချို့တီး၍ တင်ပေးတတ်သည်။ ထိုဗီဒီယိုများမှလွဲ၍ သူ့ ဝေ့ပေါ် အကောင့်တွင်အခြားဘာမျှမရှိပေ။ တစ်ခါတစ်ရံသူ့ ပရိသတ်များကငိုယိုကာ သူ့ ဓာတ်ပုံတစ်ပုံတင်ပေးရန်အတွက် တောင်းဆိုတတ်ကြသည်။ သို့သော် သူက သူတို့အား တစ်ခါမျှမမြင်လိုက်သကဲ့သို့ ပြုမူနေလိုက်သည်။

ငါ့အမြှီးကိုဘယ်ကောင်ထိတာလဲကွ!Where stories live. Discover now