chapter 13

68 5 0
                                    

Chapter 13
February 29, 2024
🦊Chapter 13

Arc 2 - လူမှားလက်ထပ်မိခြင်း

2.4 – ဒါက ကိုယ့်ရဲ့စီးပွား​ရေးလိပ်စာကဒ်

ရွှယ်လင် အကူစနစ်အား ဗလာသက်သက် စိုက်ကြည့်လိုက်သည်။

"ဒါက ဇာတ်ကွက်ရဲ့ တစ်စိတ်တစ်ပိုင်းလား"

အကူစနစ်၏ မျက်နှာသည်လည်း သဘာဝမကျလှပေ။ "အာ... အဲဒါက... မဖြစ်သင့်ဘူး..."

ရွှယ်လင်သည် ဖုန်းဆီသို့ ပြန်လှည့်သွားပြီး စုံထောက်နှင့် စကားဆက်​ပြောလိုက်သည်။ "ပြန်​ပေးဆွဲခံရတာလား၊ မင်း သူမကို ရှာနိုင်မလား"

"ရှာဖွေရမဲ့နယ်နိမိတ်​က ကြီးလွန်းတယ်။ သူမ ပြန်​ပေးဆွဲခံရတာ အချိန်အတော်ကြာနေပြီ ဖြစ်​လောက်မယ်။ အဘွားကြီးက ကလေးမလေးကို မာ​ကျောက် ကစားဖို့ခေါ်သွားခဲ့တယ်။ တစ်နေ့လုံး ဘယ်သူမှ သူမကို ဂရုတစိုက်​ စောင့်ကြည့်​ပေးမထားတာကြောင့် သူမ ဘယ်အချိန်တုန်းက ပျောက်သွားမှန်း ဘယ်သူမှ မသိကြဘူး။ နောက်တစ်နေ့မှာ သူတို့က သူမကို တနေကုန် ရှာဖွေခဲ့​ပေမဲ့ နောက်ထပ် နှစ်ရက်ကြာတဲ့အထိ ရှုယုံယီကို ပြောမပြရဲဘူး။ ရှုယုံယီလည်း အခု လိုက်ရှာနေပါပြီ"

ရွှယ်လင် သူ့မျက်လုံးများကို မှိတ်ထားလိုက်သည်။ ဒါက ဘယ်လိုအခြေအနေကြီးလဲ... ဂိမ်းရဲ့ခက်ခဲမှုက ရုတ်တရက် တိုးလာတာလား...

"သိပြီ၊ ဘာပဲဖြစ်ဖြစ် သဲလွန်စ ကူရှာ​ပေးပါအုံး။ နောက်ဆုံးငွေပေးချေတာကို အခုပဲ ပို့​ပေးလိုက်မယ်၊ ဒါကြောင့် သူတို့ကို ဆက်ပြီးစောင့်ကြည့်ထားဖို့ မမေ့နဲ့။ ရှုယုံယီပဲဖြစ်ဖြစ် ဒါမှမဟုတ် ပိုင်လုဇီပဲဖြစ်ဖြစ် သူတို့ရဲ့ လှုပ်ရှားမှုတွေကို ကျွန်​တော့်ဆီ အချိန်နဲ့တ​ပြေးညီ သတင်းပို့​ပေးပါ"

"ကောင်းပါပြီ၊ မင်းက ပိုက်ဆံ​ပေးထားတဲ့သူပဲ၊ မင်းပြောတဲ့အတိုင်း ငါလုပ်ပါ့မယ်"

ရွှယ်လင်သည် စုံထောက်နှင့် စကား​ပြောပြီး​နောက် သူ့မေးစေ့ကို ပွတ်ကာ အကူစနစ်ကို ​မေးလိုက်သည်။ "ဒါက ဘယ်လိုဖြစ်သွားတာလဲ"

ငါ့အမြှီးကိုဘယ်ကောင်ထိတာလဲကွ!Where stories live. Discover now