Announce!

542 21 2
                                    

အရင်ဆုံးပြောချင်တာက ကိုယ်ဒါလေးကို စပြီး ဖန်တီးခဲ့တုန်းက Just Friend ဆိုတဲ့ခေါင်းစဉ်လေးနဲ့ပါ။ သူငယ်ချင်းနှစ်ယောက်ကြားမှာရှိတဲ့သံယောဇဉ်တွေတဖြည်းဖြည်းအရောင်ပြောင်းလာပြီး ချစ်မိလာကြတဲ့အခိုက်အတန့်တွေ၊ တဖက်သတ်အချစ်တစ်ခု၊လူနှစ်ဦးကြားမှာရှိတဲ့
ချစ်ခြင်းမေတ္တာတွေကို ‌ပုံဖော်ပြချင်တာမို့
ဒီခေါင်းစဉ်မျိုးပေးခဲ့တာပါ ပေါ့ပေါ့ပါးပါးလေးပဲ
ဖန်တီးချင်တာမျိုးပေါ့။ နောက်ပိုင်းမှာ ဘဝနှစ်ခုကိုပုံဖော်ပြခဲ့ရာက လေးနက်တဲ့ပုံစံဘက်ကို စိတ်ကူးရခဲ့ပါတယ်။ အစတည်းက ကိုယ်ဒီလိုပုံစံမျိုး ဖန်တီးချင်ခဲ့မိတာပါ။ ဇာတ်လမ်းနဲ့ဇာတ်အိမ်က အံဝင်ခွင်ကျဖြစ်မနေသလိုခံစားရတာမို့ ကိုယ် ဒါလေးကို ရပ်ထားခဲ့တာ ကြာပါပြီ။ အခုဇာတ်လမ်းလေးကို အနဲငယ်ပြုပြင်ပြီး ပြန်ဖန်တီးခြင်းမျိုးပါ။ ကိုယ်အတတ်နိုင်ဆုံးအကောင်းဆုံးဖန်တီးသွားမှာမို့ စိတ်ရှည်ရှည်နဲ့ လိုက်ခဲ့ပေးပါ။

LOVE OR HATE (Ongoing)Where stories live. Discover now