Chapter 2

576 21 0
                                    

Unicode

ပြာလွင်လွင် ကောင်းကင်ကြီးကို​ နောက်ခံထား၍
နူးညံ့အိထွေးသော အဖြူရောင် တိမ်တိုက်များ လေနှင်ရာလွင့်နေပေသည် ။ မိုးအကုန် ​ဆောင်းအကူးဖြစ်ပေမဲ့ ယခင်နေ့များကဲ့သို့ နှင်းများကျဆင်းနေခြင်းမရှိသလို မိုး၏ အရိပ်အရောင်လည်းမမြင်ရပေ။
မြို့ပြင်ကားလမ်းမ တွင် တရိပ်ရိပ်ပြေးနေသော
YAMAHA မီးခိုးရောင် ဆိုင်ကယ် တစ်စီး ။
မောင်းနှင်သူ၏အလိုအတိုင်း မြို့ပြင် အိမ်တော်ရှိရာ မှ မြို့တွင်းPrivate university ရှိရာဆီသို့ ။
ဘုရင်အာဏာ ကျောင်းဝန်းထဲစဝင်လာကတည်းက ကင်မရာတွေ တဖျတ်ဖျတ် နှင့်သူများကို လျစ်လျူရှုကာ စာသင်ခန်းရှိရာသို့ လျှောက်လာလိုက်သည် ။
မြင့်မားသောအရပ် ရှည်လျားသော ခြေတံရှည် နှင့်ညို့ချက်ပြင်းသော မျက်လုံးအိမ်များက
ကြည့်မိသူတိုင်း ဝင်္ကပါချောက်နက်ထဲ ကျရောက်သွားသလိုဖြစ်စေပြီး ဖြောင့်စင်းသော နှာတံ ၊ ပိရိသေသပ်သော နှုတ်ခမ်းများက ချောမောခန့်ညားသော မျက်နှာ ကို အထောက်အပံ့ ဖြစ်နေစေသော အရာများပင် ။
ကျောင်း group ထဲတွင် တက်လာသော post
တစ်ခု ။ ဘုရင်အာဏာ ၏ ယနေ့ကျောင်းလာသောVideo ပင် ။ ကျောင်းဝန်းထဲသို့ ဆိုင်ကယ်
နှင့် ဝင်လာသော Video နှင့် ကျောင်းကားပါကင်မှ ထွက်လာသော Video ပင် ။
Post တင်ထားသည်မှာ မိနစ်ပိုင်းပင်ရှိသေးသော်
လည်း ထိပ်တန်းဝင် အိမ်တော်၏ သခင်လေး ဖြစ်သည့် အပြင် လူငယ်များကြား ရေပန်းအစားဆုံး ဂိမ်းကစားနည်းဖြင့် လတ်တလောမှ ပြိုင်ပွဲတွင်အနိုင်ရရှိခဲ့ သည့် အသင်းအဖွဲ့၏ Leader ဖြစ်သောကြောင့် ကြည့်ရှုသူ million ကျော်ရှိနေလေသည် ။
ကျောင်းပျက်ရက်များ များနေလို့လည်း စာလိုက်မမှီ သည့် စိတ်ပူပန်ခြင်းမျိုး အလျဉ်းမရှိချေ ။ သူတို့ငါးယောက်အဖွဲ့ အတွက် Private room ရှိပြီးသီးသန့် သင်ကြားရခြင်းကြောင့်ပင် ဖြစ်ပေသည် ။
ဘုရင် မနက်ပိုင်း အတန်းချိန်များပြီးသည်နှင့် TopE -sports အသင်းချုပ်ရှိရာသို့ထွက်လာလိုက်သည် ။
အသင်းချုပ်၏ ရှေ့ဂိတ်တံခါးဝတွင် ထိုးရပ်လာ
သော မီးခိုးရောင် ဆိုင်ကယ် တစ်စီး ။  ရှေ့ဂိတ်
တံခါးဝ အပေါ်တွင် တပ်ဆင်ထားသော CCTV
မှတစ်ဆင့် ဆိုင်ကယ် ပေါ်ရှိ လူသား၏ IDCode ကို စစ်ဆေးပြီးနောက် တံခါးပွင့်လာလေသည် ။ အသင်းချုပ်၏ ပိုင်ရှင်တစ်ဦး ဖြစ်သောကြောင့် ဤသို့အလျင်စလို  တံခါးပွင့်လာခြင်း ဖြစ်ပေသည် ။ ဘုရင် ကိုယ်တိုင် တီထွင်ထားသောနောက်ဆုံးပေါ် နည်းပညာ ဖြစ်ပေသည် ။  အသင်းချုပ်၏ ဝန်ထမ်းများ နှင့် အဖွဲဝင်များ အားလုံး သည် ID card ဖြင့် ဌာနများ အတွင်း ဝင်ရောက်ရခြင်း ဖြစ်သည် ။
သူ အသင်းချုပ်၏ လျှောက်လမ်းအတိုင်းလျှောက်လာရင်း အစည်းအဝေးခန်မှ ထွက်လာသော ရာဇာကြောင့် မျက်ခုံးများပင် ပင့်တက်သွားရသည် ။ Condo တွင် မှောက်နေမည့်ကောင်က အသင်းချုပ်သို့ ရောက်နေခြင်းကြောင့်ပင် ။
ခန့်ရာဇာပိုင် လည်း သူတို့ ချိန်းတာကျ မလာဘဲ
ကျောင်းသွားသည့် သကောင့်သား အား ပေ
စောင်းစောင်းသာ ကြည့်လိုက်သည် ။
ဘုရင်လည်း မိန်းမကြီးလို မျက်စောင်းတထိုးထိုးနှင့်ခွေးကောင် အား မသိကျိုးကျွန် ပြုကာ သူ၏
ကိုယ်ပိုင် ရုံးခန်းအတွင်းသို့ ဝင်သွားလိုက်သည် ။
ဒီဖေ....
သူငယ်ချင်း အချင်းချင်းတောင်မှ ချေနေသေးသည်။ဘုရင် ရုံံးခန်းထဲ လိုက်ဝင်ရတာလည်း မီးခိုးမှိုင်း အတိုက်ခံနေရသလိုပင် ။ တစ်ခန်းလုံးအပြင်အဆင်က မီးခိုးရောင် ဖြစ်သည့်အပြင် အသုံးအဆောင်တွေ အကုန် အနက်ရောင်ပင် ။
" စိတ်ထဲကကျိတ်မေတ္တာပို့မနေနဲ့.. "
" ပြောစရာရှိတာ..ပြော.."
ဆရာကြီးအထာနှင့် အကြောကြီးလာပြောနေသေးတယ် ။ မွေးကတည်းက လည်ပင်းဖက် ပေါင်းလာတဲ့ကောင်​တွေ မလို့သာ ဒီကောင်ပြော​ပေါက်ကိုအေးဆေးဖြစ်နေတာပင် ။ မဟုတ်ရင် ရိုက်ပေါက် ။သို့ပေမဲ့ အာဏာအိမ်တော် ၏ သခင်လေး ကိုမည်သူက အတင့်ရဲပြီး ထိရဲမည်နည်း ။ အသက်ကအပို ပါတဲ့အရာမှမဟုတ်တာ ။
" စားပွဲပေါ်မှာ file ထပ်တွေ တွေ့တယ်မလား... "
" အဲ့တာ ဒီနေ့အစည်းအဝေးလုပ်တဲ့အကြောင်း..."
ရာဇာ လည်း လိုရင်းသာ ပြောလိုက်သည် ။
အသင်းချုပ်၏ CEO ခန့်မည့်ကိစ္စပင် ။ သူတို့ငါး
ယောက် ပြိုင်ပွဲ မတိုင်ခင်တည်းက စီစဉ်ထားတဲ့
ကိစ္စကို ဝန်ထမ်းများ နှင့် အဖွဲဝင်များ အား အသိ
ပေးပြီး အစည်းအဝေးလုပ်ခြင်း ဖြစ်သည် ။
ဘုရင် အပါအဝင် သူငယ်ချင်း ငါးယောက်စလုံးဟာကျောင်းပြီးသည်နှင့် ကိုယ့်အိမ်တော်၏ စီးပွားရေးလုပ်ငန်းများကိုဦးစီးကြရမည့်သူများ ဖြစ်တာကြောင့်အသင်းချုပ်၏ CEO ကို ခန့်ခြင်းပင် ။
ရာဇာ က အသင်းချုပ်၏ အစည်းအဝေး များကို
တာဝန်ယူသူမို့ သူတို့ဝင်ပါစရာပင်မလိုပေ ။သူတို့
ငါးယောက်က အသင်းချုပ်၏ ကိစ္စများတွင်တိုင်ပင်စရာရှိသည်များကို အတူတူတိုင်ပင် ဆုံးဖြတ်ချက်ချပြီး ကိုယ့်တာဝန်များကို ခွဲဝေယူကြခြင်းပင် ။

Only One Limited Edition (Completed )Where stories live. Discover now