Chapter 15

318 17 2
                                    

Unicode

" မေမေတို့က အဲဒီမြို့ကနေ မြို့တော်ကို ဘာဖြစ်လို့ပြောင်းလာခဲ့တာလဲဟင် "
ခခဟာ မျက်ဝန်းထဲတွင် အပြည့်ဖြစ်နေသော မျက်ရည်များ ကျမလာစေရန် မျက်တောင်ရှည်များအားပုတ်ခတ်ပုတ်ခတ်လုပ်ကာ ထိန်းထားရင်း မေးလိုက်ခြင်းဖြစ်သည်...
" သားရဲ့ဖိုးဖိုးကြီးတို့ ဆုံးသွားတော့ ဖိုးဖိုးကြီးတို့
ရဲ့လူယုံက သားဖေဖေကို လာခေါ်တယ်...
သားဖေဖေက တစ်ဦးတည်းသော သားမို့ ဆေးဝါးလုပ်ငန်းတွေကို ဦးစီးရမည့်သူလေ...အဲဒါကြောင့် သားအစ်ကို တို့ကိုခြေရာဖျောက်သလို ဖြစ်သွားခဲ့တာ "
ဒေါ်နုသစ် အတွက်သားငယ်လေးဟာ ဝမ်းနှင့်လွယ်မမွေးရပေမဲ့ ရင်နှင့်လွယ်မွေးခဲ့ရသော သားကလေးပင် ဖြစ်သည်...သား၏ ချစ်သူကအာဏာ
အိမ်တော်၏ သခင်လေးမှန်း သိရတုန်းက သူတို့
လင်မယားနှစ်ယောက်လုံး အရမ်းထိတ်လန့်သွားခဲ့ရသည်...ဒါပေမယ့် သားငယ်လေး၏ ပျော်ရွှင်မှုအတွက် သူတို့ဟာ အရာရာကို ရင်ဆိုင်ဖို့ ဆုံး
ဖြတ်ချက်ချခဲ့တာမလို့ မကန့်ကွက်ခဲ့ခြင်း ဖြစ်
သည်...
ပြီးတော့ သားငယ်လေးအား မြောက်ပိုင်းဒေသမှာ မနေထိုင်စေလိုသောကြောင့် ဖြစ်သည်...
ရန်ညိုးတွေကလည်း ပိုမို ခိုင်မာလာသည်မို့ သား
ငယ်လေးအား မြေစာပင် ဖြစ်မည်ကိုလည်း စိုး
ရိမ်နေမိသည်...
" မေမေတို့ ပြန်လိုက်အုံးမယ်...မေမေတို့အတွက်ကမစိုးရိမ်ပါနဲ့..သားအစ်ကိုက မေမေတို့ကို ဒုက္ခမပေးပါဘူး "
သားငယ်၏ စိုးရိမ်မျက်ဝန်းများကို မြင်လိုက်ရသည် မို့ ဒေါ်နုသစ်ပြောလိုက်ရခြင်း ဖြစ်သည်...

ဒေါက်...ဒေါက်
အခန်းတံခါးလော့အား remote ဖြင့်ဖွင့်ပေး
လိုက်ပြီး ဝင်ခွင့်ပြုလိုက်သည်...
" ဥက္ကဋ္ဌ... ရုံးချုပ်ကဖုန်းလာပါတယ် "
အိမ်တွင် အလုပ်လုပ်မည်မို့ ရုံးချုပ်မှ လက်
ထောက်အတွင်းရေးမှုးနှင့် ဝန်ထမ်းအချို့အား ဘုရင် ခေါ်ထားခြင်းဖြစ်သည်...ယခုဖုန်းလာပေးသူကလက်ထောက်အတွင်းရေးမှုး ဖြစ်ပေသည်....

ဖုန်းပြောရင်း အလုပ်ခန်းသို့ လိုက်သွားမည်မို့
ကလေးငယ်၏ မိဘများအား ခေါင်းညိတ်နှုတ်
ဆက်လိုက်ပြီ ထသွားလိုက်သည်...
လက်ထောက်အတွင်းရေးမှုးမှာလည်း သူမြင်
လိုက်ရသည့် မြင်ကွင်းအား အကြိမ်ကြိမ်ပြန် အ
တည်ပြုရင်း စိတ်နှင့် ခန္ဓာကိုယ် ခဏတာ ဝေး
ကွာသွားရသည်...သို့သော် အလုပ်ကိုသာ စိတ်ပြန်နှစ်ကာ ဥက္ကဋ္ဌနောက်မှ လိုက်သွားလိုက်၏...
ဥက္ကဋ္ဌ အဖြစ်တာဝန်မယူခင် ကတည်းက သိသူမို့
ပို၍ အံ့သြနေရခြင်း...အရင်ဥက္ကဋ္ဌမှ လွှဲလျှင် မည်သူမျှ ဂရုမစိုက်သူက လူမှုရေးသိတတ်နေမှုကြောင့်ပင်...

Only One Limited Edition (Completed )Where stories live. Discover now