Chapter 9

381 19 0
                                    

Unicode

ခခ ၏မျက်လုံးအစုံ မှိတ်ချပြီး ကိုကို့ရင်ခွင်ထဲတိုးဝင်ကာ နားနှစ်ဖက်အား လက်ဖြင့်အုပ်ထားမိသည်...
ခခတို့ကြည့်နေသည့် ရုပ်ရှင်ကားကြောင့်...
အလင်းသက်သက်လုပ်တာ.... ရုပ်ရှင်ကားက အထက်တန်းကျောင်းသားလေးများနှင့် ပုံဖော်ထားသောဇာတ်လမ်း အမျိုးအစား...အနိုင့်ကျင့်ကာ အသတ်ခံရသည့် ကျောင်းသူလေးက ပြန်ကလဲ့စားချေခြင်း...မျက်လုံးအစုံ မှိတ်ထားတာတောင် ထိုကျောင်းသူ၏ကြောက်စရာ မျက်နှာက အာရုံထဲ တစ်ဝဲလည်လည်...ဒါပေမယ့် ချောင်းကြည့်မိသည်...လူသတ်တရားခံကို သိချင်သည်မို့....ခခခိုးကြည့်သည့်အခန်းတိုင်း သရဲနှင့်ပင် တိုးနေလေသည်...
" baby ပြန်ထွက်မလား "
" ဟင့်အင်း "
ခခ၏ အသံတိုးတိုးလေးထွက်လာသည်....
ဒီလောက်ကြောက်နေတာတောင် ကလေးငယ်က
ဆက်ကြည့်နေချင်သည့်ပုံ...ဘုရင်က မကြောက်
တတ်သူမို့ ကိစ္စမရှိပေမဲ့ ကလေးငယ်က လန့်ပြီး
အိပ်မက်ဆိုးတွေမက်မှာစိုးရသည်...ကြောက်
လည်းကြောက်သေး စပ်စုချင်စိတ်လည်းရှိတော့
မခက်ပေဘူးလား....
" ကိုကို ...ခခကို ပြောပြပါလား..."
ခခ ဆက်ပြီးတော့ ဘယ်လိုမှ မကြည့်နိုင်တော့
သည်မို့ ကိုကို့ကို ဇာတ်လမ်းပြောပြခိုင်းမိသည်...
ဘုရင့်ရင်ခွင်ထဲက ကလေးငယ်လေးအား တစ်ချက်ဖျစ်ညှစ်လိုက်မိသည်...ချစ်စရာ စပ်စုစိန်လေး....
" ကျောင်းသူလေးရဲ့ သူငယ်ချင်း ကောင်လေး
သတ်တာဖြစ်မယ်...ရှေ့အခန်းတွေကိုပုံစံတစ်မျိုးနဲ့ပြန်ပြနေတယ်..."
ကိုကို့၏ ကြည်လင်ပြတ်သား သြရှသော အသံက
ခခ၏ နားလေးကိုကပ်ပြီး တီးတိုးထွက်ပေါ်လာပေသည်...
ဘုရင်လည်း တုန့်ခနဲဖြစ်သွားသော ကိုယ်လေးအားအသည်းယားစွာ နားအတွင်း လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်....ပြီးတော့လည်တိုင်လေးတစ်လျှောက်အကြင်နာရာများမထင်စေဘဲ ခပ်ဖွဖွ နမ်းနေလိုက်သည်...ထို့နောက် ဆေးအကူမပါဘဲ ရဲရဲနီနေသော နှုတ်ခမ်းလွှာလေးအား ငုံထွေးစုပ်ယူလိုက်သည်...မျက်လွှာလေးအား ချကာ ဘုရင့်အနမ်းများကို တုန့်ပြန်နေသော ကလေးငယ်ကြောင့် သူ၏ အရိုင်းဆန်ချင်စိတ်များကို ချွန်းအုပ်နေလိုက်ကာ အနမ်းများကို ပါးပြင်မို့မို့လေးများ ပေါ်သို့ စတည်းချလိုက်သည်....
ထို့နောက် ကလေးငယ်အား ရင်ခွင်ထဲထည့်ကာ
ရုပ်ရှင်ပိတ်ကားထက်သို့ အာရုံပြန်ပို့လိုက်သည်...
မဟုတ်ရင် မလွယ်တော့မည်မို့....
" အပြင်မှာ စောင့်နေရအောင်...ကိုကို "
ရုပ်ရှင်ကားက ဇာတ်သိမ်းကာနီးကာ တရားခံလည်းသိပြီးပြီမို့ အပြင်ဘက်မှ အလင်းတို့အား စောင့်ဖို့ကိုကို့ကို ခခပြောလိုက်ခြင်းပင်....ခခတို့ ထိုင်သည့်စုံတွဲခုံက  နံရံနားရှိ အစွန်းခုံဖြစ်ပြီး ထွက်ပေါက်နှင့်နီးလေသည်....
ခခတို့ အပြင်ဘက်ရောက်တော့ အကုန်လုံးက ပြန်ရောက်နေကြလေပြီ....
" ဘုရင်...ဇာတ်ကားလေးက ကောင်းမှာပေါ့နော် "
" ဒါပေါ့ကွ...အရမ်းတွေ romance ဖြစ်နေမှာ "
" ချစ်စရာလေးကိုကွ "
" အသည်းယားစရာလေးပါကွာ "
ဝိုင်းစနေသော လဒ လေးကောင်ကို မျက်ခုံးသာ
တစ်ချက် ပင့်ပြလိုက်သည်...
ဘုရင့်က အေးအေးဆေးဆေးဖြစ်နေပေမဲ့ ခခ၏
မျက်နှာလေးက ရဲရဲနီကာ ကြက်ဥထည့်ကြော်
တောင် ကျက်လောက်သည့် အနေအထား...
အလင်းတို့ကလည်း ပြုံးစိစိနှင့်ပင်....

Only One Limited Edition (Completed )Where stories live. Discover now