Chapter 12

323 13 2
                                    

Unicode

မြောက်ပိုင်းဒေသသည် တောင်တန်းများရှိရာ
တောင်ပေါ်ဒေသဖြစ်သည်မို့ ဆောင်းရာသီတွင် သူမတူအောင် အအေးလွန်ကဲ၏....ယခုမှာညအချိန်အခါဖြစ်သည့်အတွက် လမင်းကြီးသည် ငွေရည်အလင်းများပက်ဖျန်းထားသဖြင့် မြောက်ပိုင်းဒေသသည် ပို၍ အေးမြလျက်ရှိလှပါ၏...
ထူထဲလွန်းသောသိုးမွှေးကုတ်အင်္ကျီအရှည်က ထွေးပွေ့၍ အအေးဓာတ်ကို  ကာကွယ်ပေးနေ
၏...
ထိုအချိန်တွင် ခပ်လှမ်းလှမ်းမှ ကြားလိုက်ရသော
အသံများ....
" ငါ့ကိုလွှတ်ပေးပါဟာ...အီးဟီး... "
" ဟိုကောင်... မင်းဟာကငိုနေပြီ..လုပ်အုံး.. "
" ငါ နင့်ကို လက်ထပ်ချင်တာ...နင်မှ လက်မခံဘဲ...အနုနည်းမှမရတာ အကြမ်းနည်းသုံးရမှာပဲ...
မငိုနဲ့တော့... "
" ဟင့်အင်း... "
အသက်သွင် မြင်နေရသည့်က ကောင်မလေးတစ်
ယောက်ကို ကောင်လေး နှစ်ယောက်က အတင်းဆွဲခေါ်လာခြင်း...သူ့ကိုတော့ အပင်နှင့်ကွယ်နေ၍
မမြင်ကြချေ...
ထိုသုံးယောက်စလုံးအား သူမြင်ဖူးနေသလိုပင်...
အာ..ဟုတ်သား...ကောင်မလေးက မားမားကြီး
အသစ်ထပ်ခေါ်ထားတဲ့ အလုပ်သမားတွေထဲက
ဖြစ်ပြီး ကောင်လေးနှစ်ယောက်က ပါးပါးကြီး
ဂိုဏ်းထဲကပင်...အဲ့တာကြောင့် မြင်ဖူးသလို ဖြစ်နေတာ....
ယခုရောက်နေသည့် နေရာဟာ တောအုပ်ကြီးနှင့်
နီးသည့်အပြင် သရဲခြောက်သည်ဟု နာမည်ကြီး
သည့်အတွက် လူသွားလူလာရှားပေသည်...
ထို့အပြင် ပါးပါးကြီး တို့၏ မြေအောက်လောက
သားများလည်း မလာကြပေ...အကြောင်းကား
ထိုတောအုပ်ကြီးသည် လမ်းပန်းဆက်သွယ်ရေး
ခက်ခဲကာ မည်မျှပင် လမ်းကျွမ်းသော ဒေသခံ
ဖြစ်စေကာမူ လမ်းပျောက်တတ်အောင် တော
နက်သောကြောင့် ဖြစ်သည်...
အသက်သွင် အပင်နောက်ကထွက်လာပြီး ထိုသူတို့ရှေ့က ရပ်စောင့်နေလိုက်လျှင်
" မမလေး "
ထိုကောင်လေးနှစ်ယောက်၏ အထိန့်တလန့် ရေ
ရွတ်သံ ထွက်ပေါ်လာ၏...
အသက်သွင် တောင် ဘာမျှမပြောရသေး... လှစ်ခနဲနေအောင် ထွက်ပြေးသွားလေပြီ....ထိုသူနှစ်ယောက်လက်လွှတ်လိုက်ခြင်းကြောင့် လဲကျသွားသောကောင်မလေးအား တွဲထူပေးလိုက်သည်...
" ကျေးဇူးတင်ပါတယ်...မမလေး...အီးဟီး.."
ဝမ်းနည်းတကြီး ငိုချလာသော ကောင်မလေး၏
ကျောကုန်းကိုပုတ်ကာ နှစ်သိမ့်ပေးလိုက်ပြီး အိမ်
ပြန်ဖို့ သတိပေးလိုက်ရသည်....
ဟိုနှစ်ယောက်၏ရန်အတွက်ကတော့ စိုးရိမ်စရာ မလိုတော့ပေ...ယခုအချိန်လောက်ဆိုလျှင် ဂိုဏ်းကိုပြန်ရောက်နေလောက်ပြီ...
သူ့ရဲ့အစ်ကိုကြောင့် ယခုလို ကြောက်လန့်နေကြ
ခြင်း...အသက် ကို စကားလာပြောရဲသူဟာ ဆေးရုံနှင့် မိတ်ဆွေဖြစ်သွားမှာပင်...
ပြေးထွက်သွားလေသော ကောင်မလေးအား
ကြည့်ရင်း သူကို ခေါ်ကြသော နာမ်စားလေးအကြောင်းစဉ်းစားမိသည်..
မမလေးတဲ့လား...
ဒီဒေသ တစ်ခုလုံး ခေါ်ကြသည့်နာမ်စားဖြစ်၏...
တကယ်တော့ သူဟာ သူ့ကိုယ်သူပင် ယောင်္ကျား
လား မိန်းမလား မကွဲပြားပေ...
သူဟာ ဒွိလိင်တစ်ယောက်ဖြစ်နေပေ၏...
မားမားကြီး တို့က သူကို မိန်းကလေးတစ်ယောက်
လို နေထိုင်ခိုင်းလို့သာပေါ့...မဟုတ်ရင် အရွယ်
ရောက်လေ တစ်နေ့တစ်ခြား ကြီးထွားလာသော
သူ၏ ရင်သားများ အတွက် ဘယ်လိုတောင် နေ
ထိုင်ရမလဲ မသိပေ...
သူဟာ ယခုလို ခိုးထွက်လာတာကို အိမ်မှ မည်သူမျှမသိကြချေ...အလုပ်သမားတွေနှင့်တော့ တစ်ခါတစ်လေ တွေ့ပေမဲ့ ဘယ်သူမှ ပြန်မပြောရဲကြ...
အသက်သွင်ကို ကြောက်တာထက် အစ်ကို ခမ်းစိုင်းဟန် ကို ကြောက်ကြလို့ပင်...အစ်ကိုဟာ သူ
နှင့်ဖအေတူမအေကွဲ ဖြစ်ပေမဲ့ သူအားဂရုစိုက်ပေ
သည်...မားမားကြီး လက်ထဲမှ အမြဲလိုလိုကာ
ကွယ်ပေးတတ်၏...
အသက်သွင် အကြောင်းကို အလုံးစုံသိသူ
နောက်တစ်​ယောက်ရှိနေသေး၏...
~~မောင်~~
မြောက်ပိုင်းဒေသမှာ မွေးဖွားခဲ့ပေမဲ့ အကြမ်းဖက်
ခြင်းကို လွန်စွာစက်ဆုပ်ပြီး အေးချမ်းစွာ နေထိုင်လိုသူ...ပညာရေးတွင် ထူးချွန်၍ ဆရာဝန်ဖြစ်တော့မည့်သူ...အသက်သွင် ရဲ့ချစ်သူလေး ဖြစ်
သည်...
" ဟိတ်! သွင် "
" မောင်နော်... လန့်သွားတာပဲ "
အတွေးလွန်နေသော ချစ်သူလေးအား စနောက်
လိုက်ခြင်း ဖြစ်သည်...
" စောင့်နေတာ ကြာပြီလား...သွင် "
" ခဏပဲ ရှိပါသေးတယ်...သွင် ​စောထွက်လာလို့"
တည်ကြည်မောင်​မောင်ဟာ ယနေ့မှ မြို့က ပြန်လာခြင်း ဖြစ်သည်...လမ်းမှာ ကားပျက်နေခြင်းကြောင့် အချိန်ကြာနေပြီး အိမ်ကိုတောင် မဝင်နိုင်ဘဲ ချစ်သူလေးနှင့် ချိန်းထားသည့်နေရာကို ဦးစွာ လာခဲ့ခြင်း...ဒါတောင် ချစ်သူလေးက စောင့်နေရသေးသည်...
" သွင် မောင်ကျောင်းပြီးရင် မောင့်နောက်ကို လိုက်ခဲ့မယ်မလား "
" ဟုတ်..လိုက်မှာပေါ့ မောင့်ရယ် "
တကယ်တော့ သူရဲ့ချစ်သူလေးကို မွေးရပ်မြေမှာ
ပင် ခမ်းခမ်းနားနားလက်ထပ်ပြီး ယူချင်မိသည်...
ဒါပေမယ့် သွင်လေး ၏ မိဘတွေ အစ်ကိုတွေက
လက်ခံမည်မဟုတ်ပေ...သူတို့၏ နှစ်ဖက်ဂိုဏ်းတွေက ရန်ဘက်တွေ ဖြစ်နေသည်မို့...
သူတို့နှစ်ယောက် ချစ်သူတွေဖြစ်နေခြင်းကို မသိကြလို့ပေါ့...မဟုတ်ရင် ပြသာနာတွေ ဖြစ်နေလေပြီ...
" သွင်လေး...ကလေးလေး "
" ဟင် "
ယောင်နနလေး မော့ကြည့်လာသော ကလေးငယ်
၏ ဆေးအကူမပါဘဲ ရဲနေသော နှုတ်ခမ်းဖူးဖူး
လေးအား ကြင်နာစွာ ငုံထွေးစုပ်ယူလိုက်သည်...
အလိုက်သင့်လေး တုန့်ပြန်လာသော ချစ်သူလေး
အား အကြင်နာပိုမိစွာ အနမ်းများက ပို၍နက်ရှိုင်း
သွားလေ၏...ချစ်သူနှစ်ဦး၏ နမ်းရှိုက်သံများ
ကြောင့် လမင်းကြီးလည်း ရှက်ရွံ့စွာ တိမ်စိုင်လေးများနောက် ပုန်းကွယ်သွားလေ၏...

Only One Limited Edition (Completed )Where stories live. Discover now