Chapter 7

462 21 4
                                    

Unicode

ရွှေရောင်နေခြည်အလင်းလက်တံများက ပြတင်း
ပေါက်၏ တံခါးကြားမှ အဖြူရောင်လိုက်ကာဆီသို့ယိုစီးဖြာကျလာသည်...
ဝင်းပနွေးထွေးသော နေခြည်အလင်းပေါက်အချို့ကအိပ်စက်နေသော ကောင်ငယ်လေး၏နုနုငယ်ငယ်မျက်နှာကလေးပေါ်သို့ လာရောက်နှုတ်ဆက်လေသည်....အိပ်ချင်သေးသည့်စိတ်ကို မသိစိတ်နှင့်သိစိတ်တို့က လွန်ဆွဲနေချိန် ခန္ဓာကိုယ်ကအရင်နေ့များထက်ပို၍ လေးလံပင်ပန်းသည်ဟု ခံစားနေရသည်....
မို့မို့အစ်အစ်မျက်ခွံလေးများဖွင့်ဟလာကာ မျက်ဝန်းဝိုင်းဝိုင်းလေးများက အမြဲမြင်နေကျ အခန်းမဟုတ်သောကြောင့် အလန့်တကြား ပြူးကျယ်လာပြီး ဆတ်ခနဲ့ ထထိုင်မိသည်....
အာ့ !!!!
အောက်ပိုင်းတစ်နေရာက စူးကနဲ နာကျင်မှုဟာ
ကျောရိုးတစ်လျှောက် ပျံ့နှံ့သွားကာ အရိုးခိုက်
မတတ် နာကျင်စေလေသည်...တစ်ကိုယ်လုံး
လည်း ကိုင်ရိုက်ခံထားသလို....ဘာဖြစ်လို့အခုလို
တွေဖြစ်....
ဟင်!!!
ဖြတ်သန်းဝင်ရောက်လာသော မြင်ကွင်းအချို့သည် အာရုံထဲတွင်ဓာတ်ပုံရိုက်ထားသည့်ပမာ စွဲထင်ကျန်ရစ်နေစေကာ မျက်ဝန်းမှတစ်ဆင့် နှလုံးသားတိုင်အောင် ဝင်ရောက်၍ ရင်ခုန်သံများ မြန်လာစေပေသည်....
ထိုအခါမှ အခန်းထဲသို့ကြည့်မိသည်...တိတ်ဆိတ်
နေသော အခြေအနေက မည်သူမျှမရှိခြင်းကို ဖော်ပြလျှက်....ခဏမျှ မျက်ဝန်းထဲတွင် အားငယ်စိတ်များ လွှမ်းသွားသည်...သို့သော်ခဏမျှသာ....
အားတင်းပြီး ကုတင်ဘေးသို့ ဖြည်းဖြည်းချင်း ရွှေ့သွားလိုက်သည်...ကုတင်ဘေးသို့ခြေထောက်
နှစ်ချောင်းစလုံးချပြီးသွားချိန်တွင် အတော်ပင်အားကုန်နေလေပြီ...နာကျင်မှုဟာလည်း အသဲခိုက်မတတ်....ဒါပေမဲ့မတတ်နိုင်ပေ...ခခ၏ အခန်းရှိရာသို့ ပြန်ရအုံးမည်မို့....အဝတ်အစားတွေ လဲပေးထားသည်မို့ တော်ပါသေးရဲ့...နောက်မို့ဆို ခခအတွက်ခက်ခဲနေဦးမည်...
~~~ကျွီ~~~
ဘုရင် အခန်းတံခါးဖွင့်ဖွင့်ချင်း မြင်လိုက်ရသည်ကကုတင်ဘေးစွန်းနားတွင် ပုံ့ပုံ့လေး ထိုင်နေသောကောင်ငယ်လေး...မျက်ဝန်းဝိုင်းဝိုင်းလေးအပြည့်မျက်ရည်တွေက နာကျင်မှုကြောင့် ဖြစ်
လိမ့်မည်...
ဆန်ပြုတ်ပန်းကန်နှင့် ဆေးတွေကို ကုတင်ဘေး
စားပွဲပေါ်တင်လိုက်ပြီး ရေစိမ်ထားသော မျက်နှာ
သုတ်ပုဝါလေးကိုယူ၍ ကောင်ငယ်လေး၏ ဘေး
တွင် ဝင်ထိုင်လိုက်သည်....ဖော့ဖယောင်းနှယ်
လက်ချောင်းလေးများကို ဆုပ်နှယ်ကာ သူအခန်း
ထဲဝင်လာကတည်းက ငုံ့ထားသော နုနုနယ်နယ်
မျက်နှာလေးအား ပင့်မော့စေကာ သေချာသုတ်ပေးလိုက်သည်.....မျက်နှာလေးကို မော့ထားစေတာတောင် မျက်လွှာလေးအား ချထားသေးသည်....ပါးပြင်မို့မို့လေး နှင့် နားရွက်ဖျားများ ရဲနေပေပြီ...
" နာနေသေးလား "
" အွန်း "
ဘုရင့် အမေးကို လေသံထွက်ရုံမျှနှင့် ခေါင်းလေးကိုသာ ညိတ်ပြလေသည်....
" ဗိုက်ဆာပြီလား "
" အွန်း "
" ကိုယ့်ကိုချစ်လား "
" အွန်း "
ဟင်!!!!
အလန့်တကြား မော့ကြည့်ပြီးမှ မျက်လွှာလေးပြန်ချသွားသည်....
" baby.... ကိုယ့်ကိုကြည့်..."
ဘုရင့် အပြောအတိုင်း မော့ကြည့်လာပင်မဲ့ မျက်နှာလေးကတော့ ချယ်ရီသီးပမာ အရောင်ပြောင်းလာပေသည်....ဘုရင့်၏ အခေါ်အဝေါ်ကြောင့် ဤသို့ ဖြစ်စေခြင်းကို သိပေမဲ့ နောက်လည်းခေါ်မည်မို့ ကျင့်သားရအောင် လေ့ကျင့်ပေးရမည်....အရောင်အစွန်းအထင်းမရှိသော ဖြူစင်သော ကောင်ငယ်လေးအား အရောင်ဆိုးမိသူက သူဖြစ်သွားပြီမို့
သေချာယုယတန်ဖိုးထားပေးရပေမည်....
" ကိုယ် ညကbabyကိုမေးတာမှတ်မိတယ်မလား "
" ဟုတ် "
" ကိုယ်အခုထပ်မေးမယ်... ကိုယ့်အပိုင်လေးဖြစ်ချင်ရဲ့လား..."
" ဟုတ်... ကိုကို့ကိုချစ်တယ်..."
ခခအတွက် ဒီအခြေအနေက လုံလောက်သည်
ထက်ပိုနေပေပြီ....ချစ်ရသူကိုကို၏ ရင်ခွင်ငွေ့ကို
ခိုလှုံခဲ့ရဖူးပြီးပြီ....ကိုကို့ ရှေ့မှောက်မှာ ချစ်တယ်
ဆိုပြီး ဝန်ခံပြီးပြီ...ကိုကိုရင်တွင်းအဖြကတော့.....
ခခစိတ်ထဲ၌ မှန်ကန်သော အဖြူရောင်လောဘရှိ
နေပေမဲ့ မဝံ့မရဲစိတ်ကလေးနှင့်အတူ ရောင့်ရဲမှုက
အလိုလို ကပ်ပါလာ​နေသည်ကို ခခ၏ မျက်ဝန်းမှ
တစ်ဆင့် ဘုရင်လည်း မြင်နေရပေသည်....
" ကိုယ်တို့ ဒီကပြန်ရင်လက်ထပ်ကြမယ် "
" ဟင်...ဒါပေမယ့်... "
ခခ၏ နှုတ်ခမ်းပေါ် ကန့်လန့်ဖြတ်ကျရောက်လာ
သော လက်တစ်ချောင်း...
" အခုလို ဖြစ်သွားတာတွေအတွက်တာဝန်ယူတာ
ဆိုရင် ခခလက်မခံပါရစေနဲ့...ခခက ယောင်္ကျား
လေးပါ....ပြီးတော့ ခခကို ကူညီပေးခဲ့ရတာကို..."
ခခအား တားမြစ်ထားသော လက်ချောင်းလေးကို
ဆုပ်ကိုင်ကာ အလျင်စလို ပြောမိသည်....
စကားအဆုံးသတ်နားမှာပြောရင်း အားလျော့သွားသော ကောင်ငယ်လေး....
" ကိုယ့်အပိုင်လေးက ကိုယ်နဲ့ လက်မထပ်လို့ရမလား... "
" ဒါပေမဲ့ "
ခခ၏ စကားသံများရပ်တန့်သွားပေပြီ.... အကြောင်းကတော့ ကိုကို့၏ နူးညံ့သော အနမ်းများဖြင့် စကားသံကို ရပ်ဆိုင်းစေကာ အပြစ်ပေးလိုက်ခြင်းကြောင့်ပင်.....
ကိုကို့ သဘောထားကို မငြင်းဆန်နိုင်သူ ခခအဖို့
တော့ ​နောက်ဆုံးတော့ လက်ခံလိုက်ရလေသည်...
ဒါပေမဲ့ ကိုကိုကျောင်းပြီးမှ စီစဉ်ဖို့မနည်းပြောလိုက်ရသည်...ပြီးတော့ ကိုကိုဝန်ခံသော စကားတစ်ခွန်းကခခ အလျင်အမြန် လက်ခံဖို့ အကြောင်းအရင်းပင်...
ကိုကိုပြောလာတာက
" ကိုယ့်နှလုံးသားထဲမှာ ရစ်ပတ်နှောင်ဖွဲ့ထားတဲ့
တစ်ဦးတည်းသောသူပါ " တဲ့လေ....

Only One Limited Edition (Completed )Where stories live. Discover now