Chapter 17

314 10 2
                                    

Unicode

အခန်းအတွင်း၌ တိတ်ဆိတ်ငြိမ်သက်မှုက ကြီးစိုးနေပေ၏ ...အဲယားကွန်း မှ ​လေနုအေးသည် အခန်းတွင်း အေးစိမ့်နေစေကာ ဘုရင်နှင့် အတူရှိနေလေသော ကောင်လေးကတော့ အတော်လေးချမ်းနေပုံရ၏...သို့သော် ထိုကောင်လေးသည်
ဘုရင့်အတွက်ညစာကို ပြင်ဆင်နေခြင်းဖြစ်
သည်...
အဲယားကွန်းကို လျှော့လိုက်တော့ ဘာဖြစ်မှာမှတ်လို့... ထိုသို့ပုံစံမျိုးဆိုရင် ဘုရင်နှင့်မဖြစ်ပေ ...
အသည်းတယားယားနှင့် ဆွဲဆတ်သာလုပ်ပစ်
လိုက်ချင်သည်...ဖိုးဖိုးပြောပြလို့ ဘုရင်နှင့်ထိုကောင်လေး၏ အခြေအနေကို သိရှိပြီး ဖြစ်
သည်...ထိုကောင်လေးမှာ သူ့ကိုယ်ဝန်ကို လွယ်ထားရသည်တဲ့လေ...ယခုလည်း သူတို့ နှစ်ဦးကြား ရင်းနှီးစေရန် ဖိုးဖိုးတို့က ပြန်သွားကြ
ပြီ ဖြစ်သည်... ထိုကောင်လေးအား မမှတ်မိခြင်း အပေါ် အပြစ်ရှိသလိုတော့ ခံစားရသည်...
ထို့ကြောင့်လက်ထပ်ပွဲကိုလည်း မူလအစီအစဉ် အတိုင်းသာဆက်လုပ်ဆောင်စေလိုက်သည်...
ဘုရင့်၏ဘဝတွင်သူ့အပိုင်ဖြစ်ပြီးသားက ထာဝရသူ့အပိုင်သာ ဖြစ်သည်...
ကိုကို့၏ အကြည့်စူးစူးကို မော့မကြည့်ပေမဲ့ ခံစားသိရှိရသည်မို့ ခခမှာလည်း ညနေစာ ပြင်ဆင်ရသည်ကို မြန်မြန်ပြီးအောင် လုပ်နေမိသည်... ဗိုက်ဆာလို့များ ကိုကိုက စိတ်တိုနေသည်လားမသိ...
အိမ်တော်မှ စားဖိုမှူးက ချက်ပြုတ်ပြီး လာပို့သည်မို့ခခအတွက် သိပ်မခက်ခဲချေ....
အသားပေါင်း, ကြက်ပြုတ်ရည်နှင့် ပန်းသီးဖျော်ရည် ကို စားပွဲပုအသေးလေးပေါ်သို့ သေချာတင်ပြီး ပျားလိမ္မော်သီး လေးများအား သေချာခွဲစိတ်ထားသည်က တစ်ပန်းကန် ပြင်ဆင်လိုက်သည်... ကိုကိုက အသီးအနှံများ ထဲတွင် ပျားလိမ္မော်သီးများကိုကြိုက်သည်ဟု ထင်မိသောကြောင့် ဖြစ်သည်...ခခတို့ အတူတူ စားသောက်ပြီး အချိုတည်းတိုင်း ပျားလိမ္မော်သီးများကို ပို၍ စားသည်ကို သတိထားမိသောကြောင့် ဖြစ်သည်...
" ဟို...ညနေစာ စားလို့ရပြီဗျ "
အဖြေစကား မကြားရသောကြောင့် ကိုကို့မျက်နှာအား ကြည့်မိတော့ အလိုမကျဖြစ်နေပုံ
နှင့် မျက်​မှောင်ကျုံ့ထားသောမျက်ခုံးတစ်စုံ ကို မြင်လိုက်ရသည်... ခခလည်း ကိုကို သဘောမကျတာ ဘာများလုပ်မိသလဲဟုအလျင်အမြန်စဉ်းစားမိသည်...
" ကိုယ်ကို အရင်က ဘယ်လိုခေါ်လဲ "
" ဟို...သဘောမကျမှာဆိုးလို့ "
" ကျစ်! "
တကယ်တော့ ဘုရင်လည်း သိပြီးသားဖြစ်သည်
...ဘုရင် စစချင်းသတိရလာတုန်းက ကြားလိုက်
ရခြင်းဖြစ်သည်...ထိုနောက်တွင် တစ်ခါမှ ထပ်မခေါ်သည်မို့ အလိုမကျ ဖြစ်နေခြင်း ...
" ကိုကိုလို့ခေါ်တာပါ...မေ့နေတာတွေကို အတင်းဖိအားပေးသလို ဖြစ်ပြီး ခေါင်းကိုက်မှာစိုးလို့...
ဆရာဝန်ကြီးကလည်း မှာသွားလို့ပါ "
ကိုကို့၏ အလိုမကျစွာ ကျစ်သပ်ခြင်းကြောင့် အဖြေအား မြန်မြန်ပေးလိုက်မိသည်...
သောက်ရေးမပါလိုက်တာ! ... ထိုသို့မခေါ်မှ သူက
ဒေါသ ပိုထွက်မှာကို မစဉ်းစားမိကြသလား...
သီးသန့် နာမ်စားလေး ရှိနေရဲ့သားနဲ့ တဟိုဟို လုပ်နေသော ကောင်လေးကိုလည်း အားမလိုအားမရ ဖြစ်မိသည်...ထိုကောင်လေး၏ နေရာမှာ အခြားသူတွေသာဆို ဘယ်လောက် အခွင့်အရေးယူပြီး နေလိုက်ကြမလဲ...
" ကိုယ်ကရော ဘယ်လို ခေါ်လဲ "
" ဘယ်တစ်ခုကို ပြောရမလဲဟင် "
" ကိုယ်က အမျိုးမျိုးခေါ်နေခဲ့လို့လား "
" ဟုတ် "
" အကုန်ပြောကြည့်လိုက် "
" baby, ကလေးငယ်လေး, ခခလေး "
နာမ်စားတစ်ခုပြောတိုင်း သွေးရောင် ပိုလွှမ်းလာ
သော မျက်နှာလေး အားကြည့်ရင်း ဘုရင့်၏
အသည်းယား စိတ်များ က ရင်ထဲပြည့်လျှံလာရ
သည်...ဖျစ်ညှစ်ပစ်ချင်စိတ်များကလည်း တစ်ကိုယ်လုံးကို ပျံ့နှံလာပေ၏...
" ကိုကို...စားလိုက်တော့လေ...အေးကုန်လိမ့်မယ် "
ခခလည်း ရှက်ရွံ့စိတ်ကြောင့် ပါးပြင်ရဲရဲ, နားရွက်ဖျားရဲရဲများကို ဥပေက္ခာပြုလိုက်မိကာ ပြောလိုက်ခြင်းဖြစ်သည် ....
" အင်း...အဲယားကွန်း ရီမုတ်ကိုယူပြီး လျှော့လိုက် "
ကိုကိုက အအေးဓာတ်ကို သဘောကျသည်မို့ ခခ
လည်း မလျှော့လိုက်မိခြင်း ဖြစ်သည်...ခခ အအေးကြောက်သည်ကို သတိထားမိပုံရသည့် ကိုကိုကဦးနှောက်ထဲတွင် မေ့ပျောက်သွားသော်
လည်း နှလုံးသား ထဲတွင် ခခက ကျန်ရစ်နေသေးခြင်း ဖြစ်မည်...ထိုအတွေးကို တွေးလိုက်မိသောကြောင့်ရှက်ရွံ့စိတ်များ အနည်းငယ်ပပျောက်ကာ ကြည်နူးစိတ်များ တဖွားဖွား ပေါ်ပေါက်လာရသည်....

Only One Limited Edition (Completed )Where stories live. Discover now