Chapter 13

299 13 2
                                    

Unicode

ယနေ့သည် တည်ကြည်မောင်မောင် နှင့်
အသက်သွင် တို့၏ တရားရုံးတွင် လက်ထပ်မှတ်ပုံတင်ပြီး တရားဝင်အကြင်လင်မယား ဖြစ်သည့် နေ့ဖြစ်ပေသည်....
မောင်ကျောင်းတက်သည့်မြို့ကိုရောက်ပြီး နောက်နေ့တွင် လက်ထပ်ခဲ့ခြင်းဖြစ်သည်...မောင်ကျောင်းတက်ဖို့အတွက် ဝယ်ထားသောအိမ် ဖြစ်ပေမဲ့သွင်တို့၏ မင်္ဂလာဦးအိမ်ဖြစ်သွားလေ၏...
နှစ်ထပ်အိမ်ကလေးက အဖြူရောင်ဆေးသုတ်ထားသည်မို့ ချစ်စရာကောင်းလှသည်...သွင်တို့၏မြောက်ပိုင်းဒေသ နှင့် အနည်းငယ်ဝေးပေသည်...
သွင့်နောက်မှ ပါလာခဲ့လေသော ကောင်မလေး
နာမည်က နုသစ်တဲ့....မိဘမဲ့တစ်ယောက်ဖြစ်ပြီး
သူ့ကောင်လေးအား ရှာချင်လို့ သွင်တို့ကို အကူ
အညီ ယူခဲ့ရကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့သည်
...ဒါအပြင် ထိုကောင်မလေးမှာ ကိုယ်ဝန်လည်းရှိနေပေသည်...ချစ်သူကောင်လေး၏ နာမည်သာ သိပြီးကျန်တာမသိဘူးတဲ့လေ...ရှာပေးရမည့်သူမှာ လမ်းစပင် ​ပျောက်ရ၏...
" သွင်လေး..မျက်နှာလေးက ဘာလို့မှိုင်နေတာလဲ
....မောင့်နောက်ကို လိုက်ခဲ့ရလို့ နောင်တရနေတာလား...."
" မဟုတ်လိုက်တာ... မောင်ရယ်...ဟိုကလေးမ
လေး အကြောင်းတွေမိလို့ပါ "
" သြော်...မောင်တို့ မင်္ဂလာဦးနေ့မှာ သူများအ
​ကြောင်းတွေးနေတယ်ပေါ့လေ "
" မောင့်!!! "
သွင်တကယ့်ကို လန့်သွားရသည်... မောင်က
မပြောမဆိုဖြင့် ဆတ်ခနဲ ပွေ့ချီလိုက်ခြင်းကြောင့်....
မောင်ဦးဆောင်ကာ ခေါ်သွားသည့်နေရာက သွင်
တို့၏ မင်္ဂလာဦးကုတင်ပေါ်သို့ ဖြစ်လေသည်...
မောင်က ချစ်သူဘဝမှာ ညွှတ်ခွေကျအောင် နမ်း
ရှိုက်ရုံကလွဲလျှင် စည်းတစ်ခါမျှမကျော်ဖူးပေ...
ယခုအချိန်တွင် သွင်တို့ဟာ အနီးကပ်ဆုံးထိတွေ့
ရတော့မည့်မို့ ရင်တွေ လှိုက်ဖိုလာရသည်...
" သွင်လေး...ကလေးလေး...မောင့်ကိုခွင့်ပြုပေး
မယ်မလား... "
ခေါင်းညိတ်လိုက်မိသလားဆိုတာ သူကိုယ်တိုင်ပင်မဝေခွဲတတ်တော့ချေ...မောင့်အကြည့်တွေ အပြောများအောက်တွင် ရင်မဆိုင်ရဲစွာ ရင်ခုန်သံများ ပိုမိုမြန်ဆန်လာသည်မို့....
နူးညံ့ဖြူအုနေသော အသားအရောင်လေးက ရဲ
ပတောင်းခတ်နေပြီးမို့ သူ့အောက်ရှိ မျက်နှာလွဲ
ရှောင်နေသော သွင်လေးအား ကြည့်ရင်း နှင့်ပင်
သိမ်းပိုက်ဖို့အား မစောင့်နိုင်တော့သလို အလျှင်စလိုစတင်မိတော့သည်...
ကုတင်အောက်ဘက်ရှိ အဝတ်အစားများသည်
တစ်ခုနှင့်တစ်ခု အဖော်ပြုပေးနေရသည်မှာ
သူရိန်နေမင်းကြီး ထွက်ပေါ်လာသော အချိန်အထိ
ဖြစ်ပေသည်...

Only One Limited Edition (Completed )Where stories live. Discover now