The End

461 20 0
                                    

Unicode

မြို့တော်၏ အထင်ကရနေရာဖြစ်သည့် အာဏာ
အိမ်တော်ပိုင် အထပ်30ကျော်Hotel အဆောက်
အဦးကြီး၏ အပေါ်ဆုံးထပ်တွင် ကျင်းပနေသော အခမ်းအနား တစ်ခု...
အာဏာအိမ်တော်၏ ဥက္ကဋ္ဌ ၏ လက်ထပ်ပွဲ ဖြစ်ပေ၏...လူဦးရေ အကန့်အသတ်ဖြင့် ဖိတ်ကြားထားတာတောင် ပွဲ၏ ခန်းမအတွင်း ပြည့်လျှံလျှက်ရှိသည်...အပြင်အဆင်များသာမက လက်ထပ်ပွဲတွင်သုံးသည့် နှင်းဆီပန်းများကိုလည်း အဖြူရောင် သုံးထားသည် ဖြစ်ရာ ကျက်သရေရှိစွာ ထည်ဝါနေပေ၏...သတိုးသားများလျှောက်လှမ်းလာမည့် လမ်းတစ်လျှောက်လုံးကိုလည်း အဖြူရောင် ခင်းကျင်းထားလေ၏....
အာဏာအိမ်တော် ၏ ဥက္ကဋ္ဌ သည် လျှောက်လမ်း
၏ အဆုံး တံခါးဝ​ရှေ့တွင် နောက်ထပ်ရောက်ရှိလာမည့် သတိုးသားဖြစ်သူအား စောင့်နေပေ၏...
ဖခင်ဖြစ်သူ၏ လက်ကိုတွဲကာ ဘုရင့်၏ အနားသို့ ရောက်ရှိလာသော ကလေးငယ်လေး....
နှစ်ယောက်စလုံးက All white suit ဖြစ်ပေမဲ့
အပေါ်ကုတ်နှင့် style pantသာတူပြီး အတွင်းဝတ်ရှပ်အင်္ကျီဒီဆိုင်းက မတူကြချေ...ကလေးငယ်၏ရှပ်အင်္ကျီလေးတွင် အတွန့်အဖတ်ကလေးများနှင့်အစွန်းထွက်နေသော လက်ကလေးတွင်လည်း ထိုသို့ အဖတ်ကလေးများ ပါလေသည်...
ဘုရင့်၏ ရှပ်အင်္ကျီကတော့ အနက်စင်း တစ်ဖက်
တစ်ချက်သာပါလေ၏...ရင်ကပ်ပန်းကတော့
နှင်းဆီပန်း အဖြူရောင်တစ်ပွင့်စီ တပ်ထားကြ၏...
ကလေးငယ်၏ မျက်နှာကလေးက ရဲတွတ်နေပေ၏...ထိုသို့ဖြစ်နေခြင်းက ပို၍ ချစ်စရာကောင်းနေလေသည်...မျက်ဝန်းလေးများတွင်လည်း မျက်ရည်များကအပြည့် ဖြစ်နေပြီး မျက်တောင်ရှည်လေးများကို
ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ထိန်းထားလေသည်...
ဘုရင်ကိုယ်တိုင်လည်း မျက်ရည်များဝဲနေသည်ကိုသူ့ကိုယ်သူ သိနေ၏...
ဘုရင်အာဏာ ၏ အပိုင်အဖြစ် လဝန်းခခ ဆို
သည့် ကလေးငယ်အား တစ်လောကလုံးကို အတိအလင်း ကြေညာသည့်နေ့ ဖြစ်ပေ၏....
ဖခင်ဖြစ်သူ ဦးသုတဦးမှ ကလေးငယ်၏ လက်ကလေးအား ဘုရင့်၏ လက်ထဲသို့ ထည့်ပေးပြီးနောက် သူတို့၏ နောက်တွင် ဖိုးဖိုးတို့နှင့်အတူ ရပ်စောင့်နေကြ၏...
ဘုရင်လည်း ကလေးငယ်၏ လက်ကလေးတစ်ဖက်အားဆုပ်ကိုင်ပြီး ကျန်လက်တစ်ဖက်ဖြင့်ကလေးငယ်၏ ပါးပြင်ပေါ်သို့ ကျဆင်းလာသောမျက်ရည်လေးများအား သုတ်ပေးလိုက်သည်...ပြီးနောက် လက်ကလေးနှစ်ဖက်အား ဆုပ်ကိုင်ပေးလိုက်သည်...စိတ်လှုပ်ရှားနေမှန်း သိသာစွာ လက်ကလေးများက အေးစက်နေပေသည်...
" ကလေးငယ်... ကိုကို ကလေးငယ်ကို အရမ်း
ချစ်တယ်...ကိုကို့ အပိုင်လေး ဖြစ်ပေးလို့ အမြဲ
တန်ဖိုးထားပြီး ချစ်ပေးပါ့မယ်...ခုရော ကိုကိုနဲ့
အတူတူ ခန်းမထဲကို လိုက်ခဲ့မယ်မလား "
" ဟုတ်ကဲ့ ... ကိုကို "
ထို့နောက်တွင်  လက်ထပ်ပွဲခန်းမ အတွင်းသို့
သတိုးသားနှစ်ယောက်နှင့်အတူ မိသားစုဝင်များ
ဝင်ရောက်သွားလေသည်...
လက်ထပ်ကတိသစ္စာနှင့်အတူ လက်ထပ်လက်
စွပ်ကို တစ်ယောက်တစ်လှည့် ဝတ်ပေးပြီး အနမ်း
များ ဖလှယ်ကာ လက်ထပ်ပွဲ အထမြောက်သည်
အထိ တိမ်ပေါ်တွင် လမ်းလျှောက်နေရသလို ခခအတွက် ပျော်ရွှင်ရလွန်းလို့ မျက်ရည်များကျနေသည်မှာ ပွဲတစ်လျှောက်လုံးပင် ဖြစ်သည်...
ကိုကို့၏ စူးရှရှမျက်ဝန်းများကလည်း မျက်ရည်စအချို့နှင့်အတူ နူးညံ့ရီဝေနေပေသည်...
ခခ၏ လက်ကိုလည်း တင်းကျပ်စွာ ဆုပ်ကိုင်ရင်း
စိတ်လှုပ်ရှားနေရသည်ကို ကိုကိုက နှစ်သိမ့်ပေးနေလေသည်...ခခအတွက်တော့ ကိုကို့၏ လက်ကိုသာဆုပ်ကိုင်ကာ လျှောက်ရလျှင် ကြမ်းတမ်းသော မြေခယောင်းလမ်းကိုပင် လျှောက်ရဲပေသည်...

You've reached the end of published parts.

⏰ Last updated: May 06 ⏰

Add this story to your Library to get notified about new parts!

Only One Limited Edition (Completed )Where stories live. Discover now