Chapter 8

407 18 4
                                    

Unicode

အာဏာအိမ်တော်လုပ်ငန်းစု၏ ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ
လုပ်ကြံခံရမှု....အာဏာအိမ်တော်၏ သခင်လေး
ဘုရင်အာဏာ က လုပ်ငန်းစုကိုဦးဆောင်တော့မှာ
လား...သတင်းများစွာ social media ပေါ်တွင် ပျံ့နှံ့နေပေသည်....ဒါကြောင့် ကိုကိုကဒီအပတ်အတွင်းအလုပ်ရှုပ်မှာလို့ ခခကို ဒီမနက် အိမ်ကိုပြန်လိုက်ပို့တုန်းကပြောတာပဲ....
မီဒီယာသမားတွေ ရိုက်ထားတဲ့ပုံတွေ အကုန် saveထားလိုက်သည်...All black suit နှင့်လုပ်ငန်းစုရုံးချုပ်အတွင်းဝင်ရောက်သွားပုံတွေ.... အရှိန်အဝါအပြည့်ပုံစံက ပြီးပြည့်စုံလွန်းသော နတ်ဘုရားတစ်ပါးအလား.....ချောရက်လိုက်တာ.... saveထားသော ပုံတွေထဲမှ ကင်မရာတည့်တည့်ကို ကြည့်နေသော ပုံတစ်ပုံ....ကင်မရာမှ အလင်းရောင်ကြောင့်မျက်မှောင်ကုပ်ထားပြီး မျက်ဝန်းနက်နက်တွေကလည်း အလိုမကျဖြစ်နေပုံ...ခခသဘောကျရသောပါးချိုင့်နက်နက်တို့က ရှိမနေချေ....ခခအကြည့်များက ပီရိသေသပ်သော နှုတ်ခမ်းပါးအရောက် မနက်ကမှ ရရှိထားသော ပူပူနွေးနွေးအနမ်းအား သတိရသွားမိလေသည်....ပြင်းရှပြီး စွဲမက်ဖွယ်ကောင်းသောအနမ်း....ခခတစ်ကိုယ်လုံးလည်း ကိုကို့ရင်ခွင်
ထဲ နစ်မြုပ်သွားမတတ် ဖက်တွယ်ခံထားရပြီး ပြင်းရှသော အနမ်းတွေကြား ခခအသက်ရှုရခက်ခဲလာမှနှုတ်ခမ်းပါးလေးများအလွတ်ပေးခံခဲ့ရတာ....ဒါတောင် နဖူးပြင်လေးတွေ ပါးပြင်မို့မို့လေးများ နှင့်နှာထိပ်ဖျားလေးတွေကို မထိတထိအနမ်းများနှင့် ပွတ်ဆွဲသွားသေးတာ....ခခရှက်အားပိုရပေမဲ့ သဘောကျမိပါသည်....ကိုကိုကဘာမဆို ကျွမ်းကျင်နေတာလားမသိ....မလုပ်တတ်တာကိုမရှိပေ...အနမ်းတွေကိုတောင် ကျွမ်းကျင်ပိုင်နိုင်စွာစွဲမက်အောင် နမ်းတတ်တာ.....

ဒေါက်... ဒေါက်....
ခခ အခန်းတံခါးဖွင့်ကြည့်လိုက်တော့မေမေ...
" သားသား...ဒါကသားမှာထားတာလား...ငွေရှင်းပြီးသားတဲ့...."
" ဟုတ်မေမေ "
" သားသား နေမကောင်းဘူးလား... အနွေးထည်
  ကြီးဝတ်ထားတာ...ကိုယ်ကတော့မပူပါဘူး..."
ပစ္စည်းထုပ်ကို ပေးပြီး နဖူးကိုခပ်ဖွဖွလာစမ်းသောမေမေလက်ကိုဆုပ်ကိုင်ရင်း နေမကောင်းလို့မဟုတ်ဘဲ နည်းနည်းချမ်းသလို ဖြစ်နေလို့ ဝတ်ထားတာဟုညာပြောလိုက်ရသည်...မေမေပြန်ထွက်သွားကာမှ အခန်းတံခါးပိတ်ရင်း သက်ပြင်းချမိသည်...ကိုယ်အခြေအနေကို ကိုယ်သာသိတာမို့....ထိုအခါမှ နှုတ်ခမ်းကိုသတိရမိသည်...မှန်ကိုပြေးကြည့်လိုက်တော့တော်ပါသေးရဲ့...အရာတွေမရှိလို့...
မနက်က အိမ်ကိုမပြန်ခင် ကိုကို့တိုက်ခန်းမှာတည်းက လည်ပိတ်ဆွယ်တာကိုဝတ်ထားတာပင်...ကမ်းခြေဘက်သွားမှာမို့ လည်ပိတ်ဆွယ်တာအပါးလေးထည့်ယူလာမိလို့ပေါ့...
မဟုတ်ရင်လည်ပင်းတစ်ခုလုံးရဲနေသော ကိုကို့အချစ်မှတ်ရာတွေ တွေ့ပြီးအိမ်ကလူတွေ သိသွားမှာ...

Only One Limited Edition (Completed )Wo Geschichten leben. Entdecke jetzt