Chapter 19

364 12 2
                                    

Unicode

အခန်းတွင်း၌ ထိုင်နေသော လူသုံးဦးအနက်
နှစ်ဦးစလုံးက ခခတစ်ယောက်တည်းကိုသာ စူးစိုက်ကြည့်နေကြသည်..
" ငါ မြောက်ပိုင်းဒေသ ကို ပြန်တော့မယ်... မင်း
လည်း မလိုက်ဘူးဆိုတာ သိပါတယ်...ဒါပေမယ့်
မင်းအတွက် မြောက်ပိုင်းဒေသမှာ အိမ်တံခါးက
အမြဲ ဖွင့်ထားတယ်... "
နယ်မြေအရှင် ပြောသာပြောလိုက်ရပေမဲ့ ထိုသို့
အခြအနေမျိုးဖြစ်မှာ မဟုတ်ဘူးဆိုတာ သေချာ
သိနေမိသည်...ဒါပေမယ့် ကံအလှည့်အပြောင်းဆို
တာတွေက ယုံရတာမှ မဟုတ်တာ...
" ဟုတ်ကဲ့ "
ခခ တို့တွေက ညီအစ်ကို အရင်းတွေ ဖြစ်ပေမဲ့ ပြောစရာစကားတွေ ရှိမနေကြပေ...အနေဝေးခဲ့လို့များယခုလို ဖြစ်နေတာ ဟုတ်လိမ့်မည်...
နယ်မြေအရှင် လည်း အစတုန်းကတော့ သူ့ညီတို့
ကို ခွဲဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ ယခုတော့ ထိုသို့ မလုပ်ဖြစ်တော့ပေ..သူ့ညီမှာ ကိုယ်ဝန်ရှိနေတာကို သိလိုက်ရသည့်အပြင် ဘုရင်အာဏာက ခခလေးကို အရမ်းမြတ်နိုးတန်ဖိုးထားတာကို သိလိုက်ရသောကြောင့်ဖြစ်သည်...ဘုရင်အာဏာ အတိတ်မေ့နေတယ်ဆိုတာ သူသိပါ၏...အကြောင်းကား သူကိုယ်တိုင်ပင်တိုက်ခဲ့သော ဆေး၏ အကျိုးအာနိသင်ကြောင့်ပင်..
သူတို့၏ မြောက်ပိုင်းဒေသမှာ ရှိသောဆေးတစ်မျိုးဖြစ်သည်...အသက်တမျှ ချစ်ရသူကို မေ့သွားစေနိုင်ပြီး ဆေးအာနိသင်ကြာချိန်က တစ်လဖြစ်သည်..
သူကလည်း လုပ်ကြံပြီး တိုက်ခဲ့တာမဟုတ်ဘဲ
ဘုရင်အာဏာ ကိုယ်တိုင်က သဘောတူပြီး
သောက်ခဲ့ခြင်းဖြစ်သည်...သူ့၏ စမ်းသက်ချက်ကိုအောင်မြင်တယ်လို့ ဆိုရတော့မှာပေါ့...
ဘုရင်လည်း ဆေးအကြောင်းကို အတိတ်မေ့နေ
ခြင်းကြောင့် သိမနေပေမဲ့ ခခ၏ အစ်ကိုရင်း ဖြစ်ပြီးဘုရင်တို့ကို သဘောမတူသူမို့ မျက်နှာက ခပ်တင်းတင်းသာ...ဘုရင် သတိရလာပြီးတော့ သူ၏ လူများဆီမှ ထိုအကြောင်းကို သိနေခြင်း ဖြစ်
သည်...
ဘုရင် လည်း သူ၏ မျက်နှာချင်းဆိုင် ၌ ရောက်နေသူအား လျစ်လျူရှုကာ သူ၏ ရင်အေးရာ အသက်ဓာတ်လေးကိုသာ ကြည့်နေလိုက်သည်...
နယ်မြေအရှင် လည်း မထူးခြားနားပင်...ခခလေး၏ဘေးရှိလူသားအား စရောက်ကတည်းက လေလိုသဘောထားကာ မမြင်ချင်ယောင်ဆောင်နေလိုက်သည်...သူတို့ဟာ ရန်သူတွေ မဟုတ်တော့ပေမဲ့ယခုချိန်ထိတော့ ကြည့်မရသေးချေ...
ခခလည်း နှစ်ယောက်ကြား နေရခက်လာရ၏...
" ပြန်တော့မယ် "
နယ်မြေအရှင်က ပြောလိုက်ပြီးနောက် ထသွား
လိုက်တာ့သည် ...ခခလည်း အခန်းဝထိ လိုက်ပို့ပေးလိုက်၏...

Only One Limited Edition (Completed )Where stories live. Discover now