Chapter 16

313 15 2
                                    

Unicode

အရေးပေါ် အခြေအနေမို့ ဆေးရုံ၏ ခေါင်မိုးထပ်
တွင် ဆရာဝန် ဆယ်ယောက်ကျော်ဟာ စုဝေးနေ
ကြသည်...အားလုံးဟာ ပါရဂူဘွဲ့ရရှိထားသူများ
ဖြစ်ပေ၏...အာဏာအိမ်တော်ပိုင် ပုဂ္ဂလိက ဆေးရုံဖြစ်၏...
အာဏာအိမ်တော်၏ သခင်လေး ဖြစ်ပြီးယခုဥက္ကဋ္ဌ ဖြစ်သူ၏ အရေးပေါ် ခွဲစိတ်မှုအတွက်အသင့်စောင့်ဆိုင်းနေကြခြင်း ....ဥက္ကဋ္ဌ ရောက်ရှိလာသည်နှင့်အလျင်အမြန် ကုသနိုင်ရန် ဖြစ်ပေသည်....
ထိုအချိန်တွင် ခေါင်မိုးထပ်အား တက်သည့်တံခါး
ပွင့်လာ၏...အာဏာအိမ်တော်၏ ဥက္ကဋ္ဌ ၏ လက်
ထပ်မည့်ချစ်သူ နှင့် အရင်ဥက္ကဋ္ဌဟောင်း ဖြစ်ပေ
သည်...နောက်တွင် ကိုယ်ရံတော်များလည်း လိုက်
ပါလာပေသည်...ဥက္ကဋ္ဌ ၏ ချစ်သူအား သူတို့သိရှိ
နေရခြင်းသည် အာဏာအိမ်တော်၏ သတင်းထုတ်ပြန်ရေး ဌာနမှ အတည်အလင်း ကြေညာထားခြင်းကြောင့် ဖြစ်သည်...
ထိုအမျိုးသားငယ်လေး၏ မျက်နှာလေးတစ်ခုလုံးရဲတွတ်နေကာ မည်မျှပင် ငိုထားသည်မသိ...
ထိုသို့သော ပုံစံကလေးဖြစ်နေသည်ကပင် ချစ်စရာကောင်းမှုကို ပိုတိုး​စေပြီး သနားချင့်စဖွယ် ဖြစ်နေပေ၏...
ဥက္ကဋ္ဌဟောင်း၏ မျက်နှာမှာလည်း မြေးဖြစ်သူ အတွက် စိုးရိမ်နေပုံပင်...
အဝေးမှ ပျံသန်းလာသော ဂျက်လေယာဉ်၏ အသံကြောင့် ထိုဘက်သို့သာ အာလုံး၏ အာရုံကရောက်ရှိသွားသည်..

ခေါင်မိုးထပ်သို့ ထိုဂျက်လေယာဉ် ရပ်နားပြီး ကိုကို့အား လူနာတင်ယာဉ်ပေါ်သို့ တင်ကာ ခွဲစိတ်
ခန်းသို့ခေါ်ဆောင်သွားသည်ကို အကြောင်သား ငေးကြည့်နေမိသည်...
ကိုကို့၏ တစ်ကိုယ်လုံးတွင်လည်း သွေးအိုင်ထဲနှစ်နေသလို ရွဲစိုနေပေသည်...အမြဲစူးရှနေသော မျက်ဝန်းများက စေ့စေ့ပိတ်ကာ မျက်နှာတစ်ခုလုံးလည်းဒဏ်ရာများ ဗလဗွ ဖြစ်နေပေသည်...
ငြိမ်သက်နေခြင်းက အိပ်စက်နေသလို ဖြစ်နေပေမဲ့ သွေးများနှင့်ဒဏ်ရာများကတော့ အိပ်စက်နေခြင်း မဟုတ်ကြောင်း သက်သေများပင်...စိတ်အစဉ်တွင် ခံစားချက်မျိုးစုံကို ဆောင်ကြဉ်းလာကာ တဒင်္ဂသာ မြင်ရသော ထိုမြင်ကွင်းသည် မျက်ဝန်းမှ တစ်ဆင့် နှလုံးသားတိုင်အောင်
ရောက်ရှိကာ မောဟိုက်ပြီး အသက်ရှုခြင်းလုပ်ငန်းကိုပင် မလုပ်ဆောင်နိုင်တော့သလို... မျက်ဝန်းများမှ အမြင်အာရုံများလည်း ဝေ
ဝေဝါးဝါး ဖြစ်လာကာ မကြာမီပင် အမှောင်ထုက
ပြည့်နှက်သွား၏...အသိစိတ်တို့လည်း ပြန့်ကျဲကာ လဲကျသွားပေ၏...
ပြန်လည်နိုးထလာသည့်အချိန်တွင် ဆေးရုံ၏ ကု
တင်ထက်၌ ဖြစ်၏...
" မြေးငယ်လေး "
" ဖိုးဖိုး...ကိုကို..."
စကားတောင် ဆက်၍ မပြောနိုင်ဘဲ ငိုရှိုက်နေသောမြေးငယ်လေးကြောင့် သူသည်လည်း ဝမ်းနည်းစိတ်ကို ခဏဖယ်ကာ နှစ်သိမ့်ပေးမိသည်...
" မြေးငယ်လေး ငိုနေတော့ ဖိုး မြစ်လေးလည်း ဝမ်းနည်းနေလိမ့်မယ်လေ "
ဟင်!
ခခ များ ငိုနေရင်း နားကြားမှားသလား...ဖိုးဖိုးက မြစ်လေးလို့ ပြောလိုက်တာလား...
" ဖိုးဖိုး...မြစ်လေးဆိုတာက "
" ဟုတ်တယ်...ဖိုးဖိုးရဲ့မြစ်လေး...မြေးငယ်လေးတို့ရဲ့ သွေးသားလေးကိုပြောတာ "
ခပ်ချပ်ချပ်ဖြစ်သော ဗိုက်ကလေးအား ခခ ငုံ့
ကြည့်ရင်း မရဲတရဲ ဖွဖွလေး ကိုင်ကြည့်မိသည်...
ကိုကို့ နဲ့ခခတို့ရဲ့ သွေးသားလေး....
ကိုကို့ကို ယခုချိန်ထိ မပြောပြရသေးသော ကိစ္စပင်..ခခဟာ သားအိမ်ပါသော အမျိုးသား တစ်ယောက်ဖြစ်၏...ထို့ကြောင့် မေမေတို့အား ခခကို အမြဲစိတ်မချဖြစ်ကာ စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်...
" ဖိုးဖိုး... ကိုကို အဆင်ပြေလောက်လားဟင် "
ခခလည်း မေးပြီးမှ ပြန်စဉ်စားမိသည်...ကိုကို့
အခြေအနေကို သူလည်း မြင်လိုက်ရသည် မဟုတ်လား...
" မြေးငယ်လေး ဝမ်းနည်းမနေနဲ့တော့..မြေးက
ကြံ့ခိုင်တဲ့သူပါ...ဒီလောက်ကတော့ မြေးက
အနိုင်ယူနိုင်မှာပါ "
" ကိုကို ခွဲစိတ်ခန်းရှေ့သွားစောင့်နေချင်တယ်..
ဖိုးဖိုး "
" ဖိုးဖိုး လိုက်ပို့ပေးမယ်... လာ "
ခွဲစိတ်ခန်း၏ ခုံတန်းရှေ့မှာစောင့်ဆိုင်းနေရင်း ဆု
​တောင်းတစ်ခုသာရှိနေ၏...
ကိုကို့ အသက်အန္တရာယ် မရှိဖို့သာ ဖြစ်သည်...
ကျန်တာက ဘယ်လို အခြေအနေ ဖြစ်ဖြစ် ခခ
လက်ခံနိုင်ပါတယ်...
ငါးနာရီ ကြာသော ခွဲစိတ်ခြင်းပြီးနောက် အသက်
အန္တရာယ်မှ ကင်းလွတ်သွားပြီမို့ သူတို့အားလုံး
ခေါင်းကျိန်းသက်သာသွား၏...VVIPပုဂ္ဂိုလ် ကို
ခွဲစိတ်ကုသရခြင်း မဟုတ်လား...
ခွဲစိတ်ခန်းမှ လူနာခန်းသို့ ရွှေ့ပြီးသည်နှင့်လူနာ
ရှင်များအား အကြောင်းကြားလိုက်တော့သည်...

Only One Limited Edition (Completed )Where stories live. Discover now