Chapter 3

496 23 2
                                    

Unicode

" အလင်း...ပြန်ရအောင်နော်... "
" ခခ က လည်း...အထဲ​တောင်ရောက်နေပြီးကို...လာပါ နော် "
မီးရောင်စုံအောက်မှာ အရှက်လုံရုံဝတ်ဆင်ကာ
ကခုန်နေသောမိန်းမပျိုများ....
အမှောင်၏အားကိုးဖြင့် ရဲတင်းကာပူးကပ်နေသောအတွဲများ...စက္ကန့်၏ တစ်ဝက်ခန့်မျှ ဖြတ်ခနဲ မြင်လိုက်ရသည် ကိုပင်အကြည့်ကိုအခြားတစ်ဖက်သို့ပို့မိ၏ ။ မီးရောင်အမှောင်ကြောင့် မမြင်ရသော ခခ နားရွက်ဖျားများ ပါးပြင်မို့မို့လေးများနီစွေ့စွေ့ဖြစ်နေပေပြီ ။
အလင်းတို့ကျန်တဲ့သုံးယောက်လည်း ခုမှ ပထမဆုံးရောက်ဖူးပင်မဲ့ ခခလောက်တော့ အခြေအနေမဆိုးပေ ။ ကျောင်း ကန်တင်းဆိုလျှင်တောင် အပြင်စာတွေနှင့် မတည့်လို့ဆိုကာ ရှောင်သည့်သူ...အရှက်သည်းချက်ကလည်းအရမ်းပင်...romanceဇာတ်လမ်းတွေ မှာ kissing ခန်းပါလာလျှင်တောင်ပါးမို့မို့လေးတွေ နားရွက်ဖျားလေးတွေ ရဲတက်လာတာများ ချယ်ရီသီးလေးများကဲ့သို့ပင်...ကိုယ်တွေများကျတော့လည်း ရှက်ကြောနှင့်ချက်ကြောမှားဖြတ်လာသလား အောက်မေ့ရတယ်...

ဆူညံနေသော DJ တီးလုံသံများ သီချင်းသံများကိုကျော်ဖြတ်ပြီး အပေါ်ထပ် VIPခန်းသို့ တက်ရမည့်ဓာတ်လှေကားသို့ ရောက်လာသည်...ဓာတ်လှေကားထဲသို့ ဝင်ပြီး တံခါးပိတ်မှသာ နားပူသက်သာသွားတာပင်...
" အလင်းမ... စွမ်းလှချည်လား ...VIP cardတွေ
ဘာတွေနဲ့... "
ဇွဲ တကယ်ကို အံသြမိသည်...သူ့လိုယောင်္ကျားလေးတောင် ဒီကိစ္စအတွက် ဘယ်လိုလုပ်ရမလဲ မသိတာပြီးတော့ သူတို့ကအသက်မှမပြည့်
သေးတာ...ငွေကြေးကိစ္စကလည်းရှိနေသေးတာကို...
" ငါ့မှာ ငါ့ကိုယံ တစ်ယောက်လုံးရှိနေတာကိုဟ.."
" ကိုယံ ကနင့်ကို ဒီ cardပေးတယ်လား..."
နွေ တော့မယုံနိုင်ပေ...ညီမ ဖြစ်သူကို ဘယ်အစ်ကိုကမှ Club VIP card လုပ်ပေးမည် မဟုတ်ပေ...
" တကယ်တော့ ကိုယံ card ကိုယူလာတာ..."
" နင်...နင်ခိုးလာတာလား..."
"ဟယ်...အဲလိုကြီးတော့ မဟုတ်ပါဘူး...ငါ့ယူထား
တာ တစ်ပတ်လောက်ရှိနေပြီ...ကိုယံ မှမသိတာကိုပြီးတော့ အရင်အပတ်က ကိုယံ က အလင်းကို ဆူလို့ ကိုယံ အခန်းထဲက ပစ္စည်းတွေ သမလာတာ အဲဒါကြီးက သူဟာသူပါလာတာကို...ဟဲဟဲ..."
" စပ်ဖြဲဖြဲ လုပ်မနေနဲ့...ကိုယံ သိရင် ငါတို့တွေ သေပြီဟ..."
ထိုအချိန် ဓာတ်လှေကားကအဖွင့် တံခါးရှေ့တည့်တည့် ကိုယံ ကိုမြင်လိုက်ရသည်မို့ လေးယောက်စလုံး လန့်ဖျန်သွားရသည်....ခခကအဆိုးဆုံးပင်...
ကိုလတ်က ပြည်ပရောက်သွားပင်မဲ့ ကိုယံနှင့် ယခုအချိန်ထိ အဆက်အသွယ်မပြတ်သည့် သူငယ်ချင်းများပင်...ကိုလတ်ဆီ သတင်းရောက်သွားရင်တော့သေပြီဆရာပဲ....

Only One Limited Edition (Completed )Where stories live. Discover now