Extra 🚫🔞(uni & zg)

8K 213 16
                                    

Warning ❗️🚫 ညစ်ညမ်းသောအပြောအဆိုများနှင့် အပြုအမှုများကိုမကြိုက်လျင် ဆက်မဖတ်ကြပါနဲ့နော် 18+ လို့တော့မရေးတော့ပါဘူး ဆင်ခြင်ပြီးပဲ ဖတ်သင့်ရင်ဖတ်ပါနော် ❗️❌

" ခက် ကိုယ်ဒီနေ့အိမ်ပြန်နောက်ကျမယ်နော် နှစ်ကုန် bonus ပေးပွဲလေးရှိလို့ "

ထိုက် အလုပ်မသွားခင် စိုင်းခက်အားကြိုတင်အသိပေးရသေးသည်။ မဟုတ်လျှင်ကိုစိတ်ကောက်က သူ့ကိုကြိုမပြောရကောင်းလားဆိုပီးကောက်တော်မူလျှင် ချော့ရသိပ်ခက်သည်။ ချစ်သူသက် ၁ နှစ်ကျော်အတွင်း ဒီကောင်လေးကသူ့အပေါ် သိပ်ဆိုးလာသည်။

ယခုလဲ သူ့ရုံးပိတ်ရက်ကို ကိုယ်ကမအားသဖြင့် သိပ်စိတ်မကြည်ပေ။ ဧည့်ခန်းဆိုဖာတွင် ဇာတ်ကားထိုင်ကြည့်နေရင်း တစ်ချက်သာလှည့်ကြည့်၍

" အင်း မှောင်မှပြန်လာရင် တံခါးဖွင့်မပေးဘူး"

ဟော အဲတာသာကြည့်ပေတော့ နောက်ကျပါမယ်ဆို မှောင်ရင်တံခါးဖွင့်မပေးဘူးဆိုတော့ဘယ်နဲ့လုပ်ရပ ။ ထိုက်လဲ စိုင်းခက်ဘေးဝင်ထိုင်လိုက်ရင်း ရင်ခွင်ထဲဆွဲထည့်ကာ

" ကိုယ့်ကလေးလေးကလဲ စိတ်ကောက်မနေပါနဲ့ ညနေပြန်လာရင် ကလေးအကြိုက် ဘဲကင် နဲ့ ဘီယာ ဝယ်ခဲ့မယ်လေနော် "

ရင်ခွင်ထဲမှကောင်လေးက ရင်ဘက်အား လက်သီးဖြင့် ခပ်ဖွဖွထုကာ

" ဟွန်းး အလုပ်ပိတ်ရက်လေး date ချင်ပါတယ်ဆိုမှ ခဗျားကြီးက မအားဘူးလေ ၊ သိပါတယ်သိပါတယ် အချိန်တွေကြာလာတာနဲ့အမျှ အချစ်တွေလျော့လာတာကို "

စလာပြီဇာတ်လမ်းက သူစိတ်ကောက်ပီဆိုပြောနေကျစကားတွေပေါ့ ။

" မဟုတ်ရပါဘူးကွာ ကိုယ့်မှာချစ်စရာဆိုလို့ ဟော့ဒီက ကလေးတစ်ယောက်ထဲရှိတာ အချစ်လျော့စရာလား တစ်နေ့တစ်ခြားပိုတိုးလာတာပဲရှိတယ် "

ရင်ခွင်ထဲကကောင်လေးက တစ်ချက်မော့ကြည့်လာပီး ထိုက်ပေါင်ပေါ်ခွထိုင်လာကာ ရင်ခက်အား လက်ညှိးဖြင့် ခပ်ဖွဖွ ပွတ်ဆွဲကာ

" အာ့ဆိုလဲ ရုံးမသွားပါနဲ့တော့လား ကလေး ကအိမ်မှာတစ်ယောက်ထဲကျန်ခဲ့ရမှာလေ "

အချစ်တို့ မြစ်ဖျားခံရာ ( complete ) BL Where stories live. Discover now