Chapter(1)

276 15 0
                                    

ဒီနေ့ ကျွန်မမွတ်သိပ်ဆာလောင်နေသောကိုယ်ပိုင်အိမ်လှလှလေးတစ်လုံးပိုင်ဆိုင်ခွင့်ရတော့မည်ဖြစ်၏။

ထိုပိုင်ဆိုင်ခွင့်မှာ ကျွန်မ မချစ်မနှစ်သက်သော အမျိုးသားတစ်ယောက်အား လက်ထပ်ပေါင်းသင်းဖို့လက်ခံလိုက်သဖြင့် ရရှိလာခဲ့ခြင်းဖြစ်၏။

ထိုဖြစ်စဉ်သည် နာကျင်ကြေကွဲဖွယ် အတိပြီးနေခဲ့၍ ထိုအိမ်ကလေးကို ဖန်တီးပုံဖော်တည်ဆောက်ပေးမည့်သူက နောင်တစ်ချိန်တွင် ကျွန်မရဲ့နှလုံးသွေးများရပ်တန့်သွားမတတ်ချစ်ရမည့် အမျိုးကောင်းသမီးလေးတစ်ဦးဖြစ်နေခဲ့ခြင်းက ပိုမို၍နာကျင်ခံစားကြေကွဲထိခိုက်ရလေ၏။

ကျွန်မသိပ်ချစ်ရတဲ့ အဲ့ဒီကောင်မလေးသည် ဂန္ဓဝင်မြောက်လွန်းတဲ့ပါရမီတွေနှင့်မွေးဖွားလာသောဗိသုကာပညာရှင်တစ်ယောက်ဖြစ်လေ၏။

အဲ့ဒီ Architecture ဆိုတဲ့ဘာသာရပ်ကို ရှင်ဘာလို့သင်ကြားခဲ့တာလဲကွယ်။အဲ့ဒီဘာသာရပ်ကြောင့် ကျွန်မတို့ဆုံဆည်းခဲ့ရပြီး အဲ့ဒီပညာရပ်နဲ့ဖန်တီးထားတဲ့အိမ်လေးထဲမှာ ကျွန်မတစ်ယောက်ထဲရှင့်ကိုလွမ်းဆွတ်ကျန်ရစ်ခဲ့ရမယ်ဆိုရင်.......ဟင့်အင်း....အဲ့ဒါမဖြစ်သင့်ဘူးမဟုတ်လား ယွဏ်း....။

(ရွက်ကြွေခစား)

×××××××××××××××××××××××××

ပြင်သစ်နိုင်ငံ၊ပါရီမြို့တွင် အချိန်ကြာမြင့်စွာနေထိုင်ရင်း ပါရီရဲ့လှပခမ်းနားတဲ့အနုပညာလက်ရာများကို သင်ကြားလာခဲ့သော အမျိုးသမီးလေးတစ်ယောက်အတွက် ဇာတိမြေတွင် အခြေပြန်ချမိသောအခါ ခံစားချက်အားလုံးက  အရင်အချိန်နှင့်မတူတော့ပဲ ကွဲထွက်ခြားနားသွားခဲ့၏။

ယွဏ်းအတ္တမိုး ဆိုတဲ့ကျွန်မအတွက် ဘဝမှာ Architecture ဆိုတဲ့ ဗိသုကာပညာရပ်ကို အပြင်းအထန်ဆည်းပူးလေ့လာမိခဲ့ခြင်းက ရွက်ကြွေခစား ဆိုတဲ့အမျိုးသမီးလေးနှင့်ဆုံတွေ့ဖို့ဖြစ်လာခဲ့မည်ဟု ကြိုမသိခဲ့ခြင်းကိုနောင်တရမိ၏။

ကျွန်မသည် အနုပညာနှင့်ပတ်သက်သမျှအရာတိုင်းကို မြတ်နိုးတန်ဖိုးထားတတ်သူဖြစ်၏။

Marry Me In A Tulip FieldWhere stories live. Discover now