Chapter(2)

86 7 0
                                    

ခြောက်လအတွင်း ထိုအိမ်ကို လှပပြီးမက်မောဖွယ်ကောင်းအောင်ပြုပြင်ဖန်တီးပေးရမည်ဖြစ်၏။

ထို့အတူ နောက်ထပ်တွေးမိတာက ထိုအိမ်အပြင် ကျွန်မရဲ့ဘဝကိုလည်းအဲ့ဒီကောင်မလေးကိုအပိုင်ပေးဖို့ ကျွန်မကိုယ်တိုင်တိတ်ဆိတ်စွာဖန်တီးရလိမ့်မည်ဖြစ်သည်။

အိမ်ရဲ့ဆေးအရောင်ကို သူမစိတ်တိုင်းကျ အနက်၊အဖြူ၊ခဲရောင်သုံးမျိုးပါအောင်အသုံးပြုပေးခဲ့သည်။

အိမ်ကိုပြုပြင်ရာတွင် သူမစိတ်ကြိုက်ညွှန်ကြားဖို့ တစ်နေ့တစ်ခေါက် သူမ ရောက်လာတတ်သည်။တစ်ခါတစ်ရံ သူမတစ်ယောက်ထဲလာ၏။တစ်ခါတစ်ရံတွင် ကိုသက်ထူးဇော်နှင့်လာ၏။တစ်ခါတစ်ရံတွင် သူမရဲ့သူငယ်ချင်းနှင့်လာ၏။

သူမကိုမချစ်မိဖို့ တတ်နိုင်သမျှထိန်းချုပ်နေခဲ့၏။သို့သော် သူမကို မချစ်ပဲ ကျွန်မ မနေနိုင်ခဲ့ပါ။တစ်နေ့တစ်ခြား ပိုတိုး၍သာ သူမကိုချစ်မြတ်နိုးစုံမက်လာမိတော့၏။

သူမနှင့်နေ့တိုင်းစကားတွေအများကြီးပြောဖြစ်ကြ၏။တစ်ခါတစ်ရံ အိမ်အလှဆင်ခြင်းနှင့်ပတ်သက်၍ပြောဖြစ်ကြ၏။တစ်ခါတစ်ရံတွင် သူနှစ်သက်တာတွေ ကျွန်မကိုပြောပြတတ်၏။သူဆွေးနွေး၏။လိုချင်တာတွေ တောင်းဆို၏။

များသောအားဖြင့် အရာရာတိုင်းတွင် သူနှင့်ကျွန်မ အကြိုက်ချင်းထပ်တူကျနေတတ်ပါ၏။

တစ်နေ့တွင် သူ့ကိုကျွန်မ မေးမြန်မိသည်။

“မင်းအကြိုက်ဆုံးပန်းက ဘာလဲ သစ်ရွက်ငယ်”

“ကျူးလစ်တွေ....ဆွတ်ဆွတ်ဖြူနေတဲ့ကျူးလစ်ပန်းတွေကို သိပ်သဘောကျတယ် ယွဏ်း”

“ဟုတ်လား....ကိုယ်ကတော့ နှင်းဆီတွေကိုပဲ သဘောကျတယ်။သူတို့ကြွေကျသွားရင်တောင် ပွင့်ဖတ်တွေကိုအခြောက်ခံသိမ်းဆည်းထားမိတဲ့အထိ သဘောကျတာ”

သစ်ရွက်ငယ်ရဲ့မျက်နှာလေး အုံ့မှိုင်းသွားခဲ့၏။တစ်ခုခုကို နာကျင်ခံစားရဟန်ဖြင့်လည်း တိတ်ဆိတ်ငြိမ်သက်သွား၏။အတန်ကြာသောအခါမှ သူကျွန်မကိုခပ်တိုးတိုးစကားဆိုသည်။

“နှင်းဆီတွေကို သိပ်ကြိုက်ခဲ့ဖူးတယ်”

“ဘယ်လို......”

Marry Me In A Tulip FieldOnde histórias criam vida. Descubra agora