Chapter(5)

74 7 2
                                    

ကျွန်မရဲ့မျက်လုံးတွေကိုဖွင့်မိတော့ အခန်းတံခါးခေါက်သံကြားရ၏။တံခါးဖွင့်ပေးမိတော့အခန်းရှေ့မှာယွဏ်းရှိနေခဲ့၏။

"ကိုယ်နှိုးလိုက်မိလို့အိပ်ရေးပျက်သွားလား"

"မပျက်ပါဘူး။ကျွန်မနိုးနေခဲ့တာကြာပါပြီ"

"တော်သေးတာပေါ့။ကိုယ့်ကြောင့် အနှောင့်အယှက်ဖြစ်သွားမှာစိုးရိမ်မိတာ။ဒါဆို မနက်စာစားကြရအောင်လေ။ပြင်ဆင်ပြီးပြီ....မနက်စာစားပြီးမှအိမ်ပြန်လိုက်ပို့ပေးမယ်နော်"

"အင်းပါ။ကျွန်မလိုက်ခဲ့မယ်နော်"

မနက်စာစားပြီးသောအခါ လွန်းရဲ့အိမ်သို့ကားမောင်း၍လိုက်ပို့ပေးခဲ့ပါ၏။ကားပေါ်က ဆင်းလိုက်ပြီးတာနဲ့သူစကားဆိုသည်။

"ဂရုစိုက်နော် သစ်ရွက်ငယ်။နေမကောင်းဖြစ်မှာစိုးလို့"

"အင်းပါ။ရှင်လည်း ကားကိုဂရုစိုက်မောင်းနော်"

"ဟုတ်ပြီ။ဒါဆိုကိုယ်သွားတော့မယ်"

သစ်ရွက်ငယ်လေးခေါင်းညိတ်ပြ‌သောအခါထိုနေရာမှ ကျွန်မရဲ့ကားကိုအမြန်ဆုံးမောင်းထွက်ခဲ့လိုက်၏။ကြာကြာနေလျှင် မျက်ရည်ကျမိတော့မှာသိသည်။သူမနှင့်တစ်ခဏတောင်မခွဲနိုင်တော့တာ ကိုယ့်ဘာသာသိနေခဲ့သည်မဟုတ်လား။

သူမကိုအိမ်ပြန်ပို့ပြီးနောက် ယွဏ်း အရမ်းကြေကွဲနေခဲ့တာလေ။

မနေ့ညက အချိန်လေးကိုမက်မော၏။သစ်ရွက်ငယ်လေးကို မိမိရဲ့အိမ်သို့အပြီးတိုင်ခေါ်ထားချင်စိတ်တွေ ဖြစ်ပေါ်နေခဲ့တာမို့လို့ ယွဏ်းရဲ့စိတ်တွေမနည်းထိန်းနေရလေ၏။

×××××××××××××××××××××××××××

လွန်းရဲ့အိမ်ထဲရောက်သောအခါ အခန်းအောင်းရင်း တစ်ယောက်ထဲငြိမ်နေမိ၏။ငိုလည်းငိုနေမိ၏။

"ခစား"

အချိန်ကြာလာသောအခါ လွန်းက စိတ်မချဟန်ဖြင့်အခန်းထဲသို့ဝင်လာ၏။ကျွန်မကိုပွေ့ဖက်ကာ နှစ်သိမ့်စကားဆိုသည်။

"ဒါတွေကို အစကတည်းက ငါကြိုမြင်လို့တားဆီးခဲ့သေးတယ်လေ။အခုတော့ နှစ်ယောက်လုံးစိတ်ဆင်းရဲရပြီ ခစားရယ်"

Marry Me In A Tulip FieldWhere stories live. Discover now