“ပေါက်စ.....”
“ရှင်.....”
ကျွန်မကိုနောက်မှသိုင်းဖက်၍ခပ်ဖွဖွခေါ်လိုက်သူက ယွဏ်း။သူမကိုပြန်လှည့်ကြည့်ရင်း ငြင်သာစွာထူးမိတော့ ဆွဲဆောင်မှုပြင်းတဲ့အပြုံးလေး သူပြုံးလေရဲ့။ပြီးတော့ သူပြောတယ်။
“မင်းလေးကို ကိုယ်တိုင်ညနေစာချက်ကျွေးမယ်.....စားမှာလား”
“ဒီညနေစာလား.....”
“အင်းလေ....ကိုယ်တိုင်ချက်ကျွေးမှာနော်”
“ဒါပေမယ့် ပင်ပန်းမှာ”
“ကိုယ်အပင်ပန်းခံနိုင်ပါတယ်ကွာ”
“အင်း....ဒါဆိုလည်း ချက်ကျွေး....တစ်ခုတော့ရှိတယ်"
“ဘာလဲဟင်”
“ကျွန်မကို ခမ်းနားကြီးကျယ်တဲ့ဟိုတယ်စာလိုဟာမျိုးတွေချက်မကျွေးနဲ့။အဲ့ဒါက ပွဲတက်နေရသလိုမျိုးခံစားရပြီး စိတ်ကျဉ်းကျပ်စေတယ်။သိတယ်မလား.... ဟန်ဆောင်ထားရတဲ့လူကြီးလူကောင်းမျက်နှာဖုံးတွေနဲ့မွန်းကျပ်စေတဲ့ဟိုတယ်တစ်ခုမှာကျင်းပတဲ့ပွဲလမ်းသဘင်မျိုးက ညနေစာလေ.....ကျွန်မသိပ်မုန်းတယ်သိလား”
“ကိုယ့်မိန်းမဘယ်လိုညနေစာမျိုးစားချင်လဲဆိုတာ ကိုယ်သဘောပေါက်ပြီ”
“နားလည်လွယ်လိုက်တာ”
“ဟုတ်ပြီ....ဒါဆို မီးဖိုခန်းထဲသွားတော့မယ်”
“ယွဏ်း......”
“ဗျ.....”
“ကျွန်မလည်းအတူလိုက်ခဲ့မယ်”
“မီးဖိုခန်းထဲမှာ ညှော်တယ်။အနံ့အသက်တွေနဲ့လေ။မင်းလေး ပင်ပန်းနေမယ်။ချက်ပြုတ်ပြီးရင် ထမင်းစားခန်းထဲသေချာပြင်ဆင်တည်ခင်းပြီးမှကိုယ်လာခေါ်မယ်”
“လိုက်ခဲ့ချင်တာပါဆိုမှ......”
“မင်းလေး သက်တောင့်သက်သာမရှိမှာစိုးရိမ်လို့ပါကွာ”
“ယွဏ်းအတ္တမိုး....”
“ဗျာ.....ဗျာ....”
“ကျွန်မကိုမခေါ်ဘူးပေါ့”
“ကဲပါကွာ......လိုက်ခဲ့နော်”
ကျွန်မရဲ့မျက်နှာလေးဝင်းပသွားလျှက်ယွဏ်းကိုပြေးဖက်၍အနမ်းပေးလိုက်မိသည်။
![](https://img.wattpad.com/cover/367810122-288-k106293.jpg)
YOU ARE READING
Marry Me In A Tulip Field
Romanceကျွန်မ ဘဝမှာ အလိုချင်ဆုံးအရာတစ်ခုရှိတယ်။ ကျွန်မ မွေးဖွားလာကတည်းက အခုအချိန်အထိ မပိုင်ဆိုင်ဖူးသေးတဲ့အရာတစ်ခု.......။ ကျွန်မ နေ့တိုင်းတွေးတယ်။ အဲ့ဒါကိုပိုင်ဆိုင်ခွင့်ရမယ်ဆိုရင် ကျွန်မရဲ့ရှင်သန်ခြင်းတွေပြီးပြည့်စုံသွားလိမ့်မယ်လို့ ကျွန်မထင်မိတယ်။ အင်း...