ယွဏ်းအတ္တမိုး

34 5 1
                                    

ငါ့ရဲ့လက်တွေနဲ့ အိမ်လေးတစ်လုံးဖန်တီးဖြစ်ခဲ့တယ်။နားခိုရာအရိပ်တစ်ခုလိုအပ်နေတဲ့ကောင်မလေးတစ်ယောက်အတွက်ပေါ့။

အဲ့ဒီအိမ်လေးမှာ သူမစိတ်ကြိုက်အရာဝတ္ထုပစ္စည်းတွေပါဝင်နေခဲ့ပြီး ငါ့ရဲ့ချစ်ခြင်းတရားကိုအပိုဆုအဖြစ်လက်ဆောင်ထည့်ပေးထားခဲ့တယ်လေ။

အဲ့ဒီအိမ်လေးရဲ့ဘေးပတ်လည်မှာ သိပ်လှပတဲ့ပန်းခြံလေးတစ်ခုကဝန်းရံထားခဲ့ပြီး ပန်းတွေကို ငါကိုယ်တိုင်ပြုစုပျိုးထောင်စိုက်ပျိုးပေးထားတာပေါ့။

သိပ်ကိုလှရက်လွန်းတဲ့ အနီရင့်ရင့်နှင်းဆီတွေကို သူမအတွက်စိုက်ပျိုးပေးခဲ့တာ.......။

ဒါပေမယ့် သူမက အဖြူဆွတ်ဆွတ်ကျူးလစ်တွေကိုပဲ နှစ်သက်ပါတယ်တဲ့လေ......အဖြူရောင်ကျူးလစ်ပန်းခင်းကြီးထဲမှာ သူမကိုလက်ထပ်သိမ်းပိုက်ပါလို့ တောင်းဆိုနေခဲ့လေရဲ့.....။

အဲ့ဒါဆို ယွဏ်းအတ္တမိုးဆိုတဲ့ကျွန်မက ကျွန်မသိပ်သဘောကျတဲ့နှင်းဆီတွေကိုခုတ်ထွင်ရှင်းလင်းပြီး သူမအတွက်ကျူးလစ်တစ်ခင်းပျိုးပေးရတော့မှာပေါ့။

ယွဏ်းအတ္တမိုး

Marry Me In A Tulip FieldWhere stories live. Discover now