"စာအုပ်ဖတ်ချင်လား ယွဏ်း"
"ဖတ်တော့ဖတ်ချင်တယ်....ဒါပေမယ့်...."
"ကျွန်မသိတယ်။ရှင်က စာအုပ်ကိုကိုယ်တိုင်ဖတ်ချင်တာ။စာအုပ်ကိုကျွန်မကိုင်ထားပေးမယ်"
"အကြာကြီးလေ။မင်းလက်ညောင်းလာမှာပေါ့"
"ရတယ်။ကျွန်မ ကိုင်ထားပေးမယ်။ဘယ်စာအုပ်ဖတ်မှာလဲပြော....။ကျွန်မသွားယူပေးမယ်"
ယွဏ်းပြောတဲ့စာအုပ်ကို ကျွန်မသွားယူလိုက်၏။ယွဏ်းကို ပွေ့ယူ၍ထိုင်လို့ရအောင်ပြင်ဆင်ပေးလိုက်သည်။အဲ့ဒီလို ယွဏ်းကို မယူပြီးပွေ့ရတဲ့ကိစ္စက ကျွန်မအတွက်ခက်ခဲပေမယ့် ယခုတော့ နေသားကျလာပြီထင်၏။
အစစအရာရာကို ယွဏ်းအတွက်ပြင်ဆင်ပေးပြီးနောက် ယွဏ်းဘေးနားမှာကပ်ထိုင်လိုက်သည်။စာအုပ်လေးကိုင်ထားပေးရင်း ယွဏ်းဖတ်သမျှစာရွက်တစ်ရွက်ချင်းလှန်ပေးနေမိ၏။တဖြည်းဖြည်းနဲ့ညနက်လာခဲ့၏။
"အာ....ကျွန်မအိပ်ပျော်သွားတာလား"
ယွဏ်းရဲ့ပခုံးကိုမှီတွယ်ထားမိသော ကျွန်မအမြန်ထဖို့ကြိုးစားလိုက်သည်။ယွဏ်းက တားမြစ်စကားဆို၏။
"ခေါင်းမူးသွားဦးမယ်။အဲ့လိုအမြန်ကြီးမထနဲ့လေ"
ယွဏ်းရဲ့ဂရုဏာစကားကြောင့် ကျွန်မပျော်ရွှင်မိရသေး၏။
"တောင်းပန်ပါတယ် ယွဏ်းရယ်။ရှင့်ကိုဂရုစိုက်ရမှာ....။အဲ့ဒါကို ကျွန်မအိပ်ပျော်သွားမိတယ်"
"ကိစ္စမရှိပါဘူး။မင်းလည်းကိုယ့်ကိုပြုစုရင်းပင်ပန်းမှာပေါ့"
ယွဏ်းကိုအမြန်ဆုံးလှဲအိပ်လို့ရအောင်ပြုလုပ်ပေးနေမိသည်။နေမကောင်းတဲ့လူရဲ့ပခုံးကိုမှီတွယ်ရင်း အိပ်ပျော်သွားမိတာလေ။ယွဏ်းညောင်းနေရှာမှာပေါ့။ယွဏ်းက ကျွန်မရဲ့အဖြစ်ကိုရယ်မောရင်းစကားဆို၏။
"အဲ့လောက်ဖြစ်မနေပါနဲ့ကွာ။ကိုယ်ဘာမှမဖြစ်ပါဘူး။ကိုယ့်ရဲ့အကြောတွေက ခံစားမှုမှမရှိတာ။ညောင်းတာနာတာ ဘယ်သိပါ့မလဲ”
“ယွဏ်းရယ်”
“ကိုယ့်စကားကြောင့် စိတ်မကောင်းဖြစ်သွားတာလား”
YOU ARE READING
Marry Me In A Tulip Field
Romanceကျွန်မ ဘဝမှာ အလိုချင်ဆုံးအရာတစ်ခုရှိတယ်။ ကျွန်မ မွေးဖွားလာကတည်းက အခုအချိန်အထိ မပိုင်ဆိုင်ဖူးသေးတဲ့အရာတစ်ခု.......။ ကျွန်မ နေ့တိုင်းတွေးတယ်။ အဲ့ဒါကိုပိုင်ဆိုင်ခွင့်ရမယ်ဆိုရင် ကျွန်မရဲ့ရှင်သန်ခြင်းတွေပြီးပြည့်စုံသွားလိမ့်မယ်လို့ ကျွန်မထင်မိတယ်။ အင်း...