Chapter(4)

70 8 2
                                    

ညနေရဲ့အလင်းရောင်က ခပ်ဖျော့ဖျော့လေးဖြစ်နေခဲ့၏။ယွဏ်းနဲ့အတူတူ ညနေစာစားပြီးပြီမို့လို့ နှစ်ဦးသားကိုယ့်အိမ်ကိုပြန်ဖို့ပြင်ဆင်လိုက်ကြ၏။ကျွန်မရဲ့ကားပေါ်တက်မည်ပြုပြီးမှပြန်လှည့်၍ယွဏ်းကိုစကားဆိုလိုက်သည်။

“ယွဏ်း....”

“ဗျာ......”

“တစ်ခုမေးချင်လို့ ယွဏ်း"

"‌မေးလေ သစ်ရွက်ငယ်"

"တကယ်လို့ ရှင်နဲ့ကျွန်မ လက်ထပ်ခွင့်ရခဲ့ရင် အေးတဲ့ဒေသမှာနေမလား....ပူတဲ့ဒေသမှာနေမလား။ဘယ်လိုနေရာမျိုးကိုရွေးချယ်မလဲဟင်"

"ကိုယ်က အေးမြတာကိုကြိုက်တယ်"

"ဒါဆို အေးတဲ့ဒေသကိုရွေးချယ်မယ်ဆိုပါတော့....."

"ဟုတ်တယ်"

"သိပြီ.....သိပြီ....ဘာလုပ်ရမလဲဆိုတာကို...."

"နေပါဦး.....ဘာလုပ်မလို့မေးတာလဲဟင်"

"ရှင့်အတွက်လက်ဆောင်လေးတစ်ခုဖန်တီးပေးမလို့"

"ဘာရယ်.....လက်ဆောင်ဟုတ်လား......ဘာလက်ဆောင်လဲဟင်"

"အရမ်းစပ်စုတာပဲရှင်ရယ်"

"ကိုယ်အရမ်းသိချင်နေပြီ။ဘာလဲဆိုတာပြောပြပါလားဟင်"

"သိပ်သိချင်တာလား"

"သိချင်တာပေါ့"

"ရှင့်အတွက် သိုးမွှေးခြုံထည်ထိုးပေးမလို့"

"အိုး.....မင်းက သိုးမွှေးထိုးတတ်သလား။ကိုယ်သဘောကျသွားပြီ"

“ဟုတ်တယ်။ရှင့်အတွက်သိုးမွှေးခြုံထည်ထိုးပေးမလို့....”

“မင်းကွာ....မင်းရဲ့လက်သေးသေးလေးတွေနဲ့ကိုယ်တိုင်ဖန်တီးပေးမှာဆိုတော့ သိပ်ကိုနွေးထွေးနေမှာပဲ သစ်ရွက်ငယ်လေးရယ်”

“သိပ်အပျော်လွန်မနေနဲ့ဦး။အသက်ပါသွားမယ် ယွဏ်း.....သတိထား.....”

“အရမ်း ပျော်လွန်းလို့ပါကွာ”

“ကဲ.....ပျော်နေခဲ့တော့....ကျွန်မပြန်ပြီ”

အဲ့ဒီလိုနဲ့ သစ်ရွက်ငယ်လေးက အချိန်ရှိတိုင်း နေ့နေ့ညည သိုးမွှေးထိုးခြင်းကိုပြုလုပ်လေတော့၏။သူငယ်ချင်းဖြစ်သူကတောင် သတိထားမိပြီး မေးယူရသည့်အထိပင်။

Marry Me In A Tulip FieldWhere stories live. Discover now