Chapter(3)

81 8 4
                                    

နောက်တစ်နေ့တွင် ကျွန်မလုပ်မိသည့်အရာမှာ Forget me not ပန်းခြောက်လေးများကို ပန်းစည်းလုပ်၍ သူမထံသို့ပို့ပေးခဲ့မိခြင်းဖြစ်သည်။

ထို့အတွက် သူမထံမှ ကျွန်မပြန်လိုချင်သည့်အရာမှာ ကျွန်မကို မမေ့စေဖို့ဖြစ်၏။

"သိပ်လှတာပဲ ယွဏ်း"

"မင်းသဘောကျတယ်မလား"

"အင်း....သဘောကျတယ်"

"ကိုယ်သိပ်ပျော်သွားပြီသိလား"

"ပန်းစည်းလေးအတွက် ကျေးဇူးပဲ"

ယွဏ်းကိုကျေးဇူးတင်စကားပြောပြီးနောက် ကျွန်မရဲ့ကားလေးကိုမောင်းထွက်ဖို့ပြင်ဆင်လိုက်သည်။ထိုနောက် တစ်စုံတစ်ရာကို ပြောဖို့သတိရလာတာမို့ ကားမှန်ကိုပြန်ချရင်း ယွဏ်းကိုခေါ်လိုက်သည်။

"ယွဏ်း"

"ဗျာ...."

"နှင်းဆီတွေပြန်စိုက်မလားဟင်"

"မင်းက နှင်းဆီစိုက်စေချင်လို့လား"

"အင်း.....သေချာပြန်စိုက်ပါ။ဆူးတွေချွန်မြနေတဲ့ အနီရဲရဲနှင်းဆီတွေကို တစ်ခင်းလုံးအပြည့်ကျွန်မမြင်ချင်တယ်"

"ကိုယ်နားလည်ပြီ သစ်ရွက်ငယ်"

"ရှင်နားလည်မယ်ဆိုတာ ကျွန်မသိသားပဲ။ဒါဆို ကျွန်မသွားတော့မယ်နော်"

ယွဏ်းထံမှ ပန်းစည်းလက်ခံရရှိပြီးနောက် ကျွန်မသေချာသိလိုက်မိသည်မှာ သူ့မကိုချစ်နေမိခြင်းဖြစ်သည်။

ယွဏ်းကို ကျွန်မသိပ်ချစ်နေမိခဲ့ပြီလေ။ကျွန်မရဲ့ဘဝကို အဓိပ္ပါယ်ရှိလာအောင်....စိုပြေလှပလာအောင်......ဖန်ဆင်းပေးနိုင်သူမှာ ယွဏ်းအတ္တမိုး တစ်ယောက်ထဲသာရှိသေး၏။

ထိုပန်းစည်းလေးကို ကျွန်မအကြိုက်ဆုံးပန်းအိုးတွင်ထိုးစိုက်လိုက်၏။ပြီးတော့ တီးတိုးပြောမိသည်။

"ရှင့်ကို ဘယ်တော့မှမမေ့ဘူး ယွဏ်း"

ဒါပေမယ့် ဘယ်လောက်ဝမ်းနည်းစရာကောင်းလိုက်သလဲ။သူ့ကို ကျွန်မဘယ်တော့မှ ချစ်ခွင့်ရတော့မှာမဟုတ်ဘူးလေ။

ဒီခြောက်လအတွင်း သူဘာလုပ်နိုင်မှာမို့လို့လဲ။ကျွန်မက လက်ထပ်ရတော့မှာ။ကျွန်မတို့ ဆုံတွေ့ရခြင်းက ဝမ်းနည်းနာကျင်စရာပဲ ယွဏ်း.....။

Marry Me In A Tulip FieldWhere stories live. Discover now