Chapter(9)

67 6 2
                                    

ယွဏ်းရဲ့ခန္ဓာကိုယ်တွင်တပ်ဆင်ထားသောစက်များကိုဖြုတ်လို့ရပြီဖြစ်၍ ယခုအခန်းမှ ယွဏ်းရဲ့အိပ်ခန်းသို့ပြောင်းရွေ့ဖို့စီစဉ်ကြ၏။

ယခုအခန်းမှာ ဆေးရုံမှဆေးကုသသောအခန်းတစ်ခုကဲ့သို့ပြင်ဆင်ထားခြင်းဖြစ်၍ ဒီမှာဆက်နေလျှင် ယွဏ်းစိတ်ညစ်မှာစိုးရိမ်ကြသည်။

ယွဏ်းကိုထိခိုက်မိသောနေ့က အရေးပေါ်အခြေအနေဖြင့် ‌ဆေးရုံသို့ပို့ဆောင်ကုသခဲ့ကြပြီးနောက်အိမ်ပြန်ခေါ်လာခဲ့ကြ၏။

ယွဏ်းကိုအိမ်မှာပဲ ဆရာဝန်များနှင့်တကွလိုအပ်သောဆေးဝါးကုသမှုများအားလုံးကိုထားရှိကုသခဲ့ကြခြင်းဖြစ်သည်။သက်ထူးဇော်က ပြဿနာရှာဖို့လိုက်နေသဖြင့်လည်း ယခုလိုစီစဉ်ရခြင်းဖြစ်၏။

အခုအချိန်မှာတော့ ယွဏ်းရဲ့ကျန်းမာရေးလည်း စိတ်ချရပြီဖြစ်တာမို့လို့ ယွဏ်းရဲ့အိပ်ခန်းမှာပြန်နေဖို့ မိသားစုဝင်တွေက စဉ်းစားပေးကြခြင်းဖြစ်၏။

"ယွဏ်းကို လူနာကြီးတစ်ယောက်လို မှိုင်တွေမနေစေချင်ဘူးလေ"

"ဟုတ်တယ်...ငါ့ညီမလေးကို သန်မာအောင် ငါကိုယ်တိုင်သင်ကြားပေးခဲ့တာ။သူက သန်မာပါတယ်။သူအဆင်ပြေလာမှာ..."

"ကျွန်မလည်းရှိပါတယ် ကိုကိုကြီး။ယွဏ်းကို ဂရုစိုက်မှာပါ"

"ငါတို့သိတာပေါ့ သစ်ရွက်ငယ်လေးရယ်။ယွဏ်းရဲ့ရွေးချယ်မှုတွေက အမြဲတမ်းမှန်ကန်ခဲ့တာကွ။မင်းကိုလည်း ယွဏ်းကိုယ်တိုင်ရွေးချယ်ခဲ့တာပဲ။ယွဏ်းအတွက် တကယ်တန်ဖိုးရှိတဲ့ရတနာလေးဖြစ်မှာပါ"

မိသားစုဝင်များနှင့်ပြောဆိုဆွေးနွေးပြီးသောအခါ ယွဏ်းဆီသို့ထွက်လာခဲ့ကြ၏။ထိုအခန်းထဲတွင် ယွဏ်းက ဝှီးချဲပေါ်တွင်ငြိမ်သက်စွာထိုင်နေခဲ့၏။

"ယွဏ်း..."

ယွဏ်းက ကျွန်မကိုဖြည်းညှင်းစွာလှည့်ကြည့်လေ၏။ကျွန်မကိုကြည့်ရင်း စိတ်အလိုမကျဟန်ဖြင့်စကားဆိုသည်။

"မင်းက ဒီမှာရှိနေတုန်းလား"

"ကျွန်မ ဒီမှာပဲနေတော့မှာ ယွဏ်း"

"ဘာ....."

"ယွဏ်းရဲ့အနားမှာနေချင်တယ်"

"မင်းကိုငါမသိဘူး။မင်းမှာ မိသားစုရှိတယ်မလား။ပြန်တော့လေ။ငါ့အနားမှာ ဘာလုပ်နေမှာလဲ.....ပြန်တော့...."

Marry Me In A Tulip FieldOnde histórias criam vida. Descubra agora