Chapter(13)

47 5 2
                                    

ကျွန်မရဲ့လက်ချောင်းလေးတွေက ထိုးလက်စအဖြူရောင်သိုးမွှေးခြုံထည်လေးကိုကိုင်ထားခဲ့သည်။ဆွတ်ဆွတ်ဖြူနေတဲ့ဒီခြုံထည်လေးက ယွဏ်းနဲ့ဆိုရင်သိပ်လှမှာလို့တွေးရင်းပြုံးမိပြန်၏။

ယွဏ်းရဲ့မျက်လုံးလေးတွေကို ကျွန်မသိပ်သဘောကျ၏။သူမရဲ့မျက်လုံးလေးတွေက ဝိုင်းဝိုင်းလေးနဲ့သိပ်လှတာ။အဲ့ဒီမျက်လုံးတွေထက်မှာသူတပ်နေကျမျက်မှန်လေးကိုတပ်ထားတဲ့အချိန်‌တွေဆို သဘောကျရလွန်းလို့ ကျွန်မရူးမတတ်ခံစားမက်မောမိ‌သည်လေ။

ယွဏ်းက အရပ်မြင့်၍ခန္ဓာကိုယ်အချိုးအစားကကြည့်ကောင်း၏။ခန္ဓာကိုယ်အချိုးအစားကို ဂရုစိုက်ထိန်းသိမ်းတတ်သူမို့အမြဲတမ်းလှပနေသူဖြစ်၏။

အင်း....ယွဏ်း နေမကောင်းဖြစ်ခဲ့တဲ့အချိန်အတွင်းမှာ ခန္ဓာကိုယ်အချိုးအစားကိုဂရုမစိုက်နိုင်ခဲ့တာမို့ အခုတော့ နည်းနည်းလေးဝနေခဲ့သည်ပဲ။သို့သော်လည်း ကျွန်မမျက်လုံးထဲမှာ သူမသိပ်လှနေဆဲဖြစ်၏။

သူမရဲ့ဗိုက်သားပြင်မှာရှိနေတဲ့ကြွက်သားလိုင်းကြောင်းလေးတွေကိုမြင်ရလျှင်ရင်ခုန်၏။ဖြူဝင်းတဲ့သူမရဲ့လက်ဖျံပေါ်က အကြောစိမ်းစိမ်းလေးတွေကို ကိုင်တွယ်ထိတွေ့နေရတာကိုလည်းကြိုက်၏။သူမရဲ့လက်ချောင်းရှည်ရှည်လေးတွေနဲ့ကျွန်မကိုညှို့ငင်တဲ့အခါ နှလုံးခုန်မြန်လာတတ်၏။

တစ်ခါတစ်ရံယွဏ်းရဲ့ဦးခေါင်းလေး ကျွန်မရင်ခွင်ထဲတိုးဝင်လာသောအခါ သူမရဲ့ပခုံးပေါ်သို့ကပိုကယိုကျဆင်းနေတဲ့ သူမရဲ့ဆံနွယ်များကိုပွတ်သပ်ပေးရတာ ကျွန်မမြတ်နိုး၏။

ကျွန်မတစ်ယောက်ထဲ ယွဏ်းရဲ့အလှတရားတွေအကြောင်းထိုင်တွေးနေခိုက်တွင် ကျွန်မကိုနောက်မှသိုင်းဖက်လာခဲ့တာက လက်ဖြူဖြူလေးတစ်စုံရယ်ပါ။

“‌ပေါက်စ....."

“ရှင်.....”

“သိုးမွှေးထိုးနေပြန်ပြီလား။ဇက်ကြောတွေတက်ကုန်တော့မှာပဲ”

“ကျွန်မရှင့်ကိုပေးချင်တဲ့အချိန်မှီ သိုးမွှေးထိုးတာပြီးချင်လို့ပါ”

“တစ်သက်လုံးအတူတူရှိမှာပဲကွာ။နေ့ရက်တွေသတ်မှတ်မနေနဲ့။မင်းပြီးမှ ကိုယ့်ကိုပေးပေါ့။ကိုယ့်ပေါက်စ ပင်ပန်းတာမကြိုက်ဘူးလေ”

Marry Me In A Tulip FieldWhere stories live. Discover now