Chapter(14)

64 8 4
                                    

“ဒါက သူပိုင်ဆိုင်တဲ့‌နေရာတွေအကုန်ပဲ။ဒီနေရာတွေအကုန်စုံစမ်းပြီးပြီ။သစ်ရွက်ငယ်နဲ့ပတ်သက်တာ ဘာမှရှာမတွေ့ဘူး”

မမငယ်က စားပွဲပေါ်သို့ စာရွက်စာတမ်းတွေနဲ့ဓာတ်ပုံတစ်ချို့တင်လိုက်ရင်းစကားဆိုသည်။

“အချိန်ကြာလို့သစ်ရွက်ငယ်တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။မဖြစ်ဘူး....သေချာရှာရမယ်။ကိုယ်တိုင်ထွက်ရှာမယ်”

“အဲ့လိုမလုပ်နဲ့လေ။နေမကောင်းတာကို အပြင်မထွက်နဲ့ ယွဏ်း။မမငယ်တို့ရှာပေးနေတယ်”

“ရှာပေးနေပေမယ့် ရှာမတွေ့ဘူးမလား။အချိန်ကြာရင် သစ်ရွက်လေးဘာဖြစ်သွားနိုင်သလဲ မတွေးရဲဘူး”

“မင်းက စိတ်တွေရှုပ်ထွေးနေတာလေ။မဖြစ်သင့်တာတွေဖြစ်ကုန်မှာစိုးလို့ပြောနေတာ”

“ယွဏ်း ထိန်းနိုင်ပါတယ်။သစ်ရွက်လေးကိုအရမ်းစိတ်ပူနေပြီ။လိုက်ရှာမှဖြစ်မယ်”

“မမငယ်တို့လည်းစိတ်ပူနေပါတယ်ကွယ်။တတ်နိုင်သမျှလည်းကြိုးစားနေကြပါတယ်။သက်ထူးဇော်ကိုလိုက်ရှာနေပေမယ့် အခုအထိရှာမတွေ့သေးဘူးလေ။သူကိုယ်တိုင်ပျောက်ဆုံးနေခဲ့တာ”

“သူ့ကိုရှာတွေ့မှဖြစ်မယ်။သူနဲ့ပတ်သက်တဲ့အချက်အလက်တွေသေချာရှာရမယ်။ယွဏ်း ကြိုးစားမယ်”

“ကိုကိုကြီး ကြိုးစားနေသားပဲကွယ်”

“အချိန်ကြာတယ်။ယွဏ်းကိုမတားဆီးပါနဲ့မမငယ်”

“အင်းပါ....မမငယ်လည်း မတားဆီးချင်ပါဘူး။သစ်ရွက်လေးကို မမငယ်တို့လည်းချစ်တယ်။အရမ်းလည်းစိတ်ပူနေတာပါ။မင်းကိုတားဆီးတယ်ဆိုတာကလည်း မင်းတစ်ခုခုဖြစ်သွားရင် သစ်ရွက်ငယ်လေးပြန်လာတဲ့အခါ ကြေကွဲစရာတွေဖြစ်ကုန်မှာစိုးလို့ပြောနေတာ”

“ယွဏ်းကိုယ်တိုင်ကြိုးစားချင်တယ်”

“မမငယ် နားလည်ပါတယ်။ဒီကိစ္စကိုအားလုံးကြိုးစားနေကြတာပဲ။အဆင်ပြေသွားမှာပါ။မင်းကိုဘာမှမဖြစ်စေချင်ဘူး။အဲ့ဒါသစ်ရွက်ငယ်အတွက်လေ....နားလည်တယ်မလား။သစ်ရွက်‌ငယ်လေး ဘာမှမဖြစ်ဘူးလို့ မမငယ်ယုံကြည်တယ်။သူ့ကိုပြန်ခေါ်လာကြမယ်။အဲ့ဒါကြောင့် မင်းဘာမှမဖြစ်ဖို့လိုအပ်တယ်”

Marry Me In A Tulip FieldWhere stories live. Discover now