“ယွဏ်း.....”
အိမ်ထဲသို့ငိုကြွေးရင်း ပြေးဝင်လာသော သစ်ရွက်ငယ်လေးကြောင့် ကျွန်မရဲ့စိုးရိမ်ပူပန်မှုတွေကြီးမားသွားရသည်။
“ဘာဖြစ်လို့လဲ....ဟင်....ဘာဖြစ်လာတာလဲ ပေါက်စရယ်။ကိုယ်အရမ်းစိတ်ပူလာပြီ”
“သူ.....သူ...လွန်း....သူက....”
“ဘာဖြစ်လဲ....လွန်း...ဘာဖြစ်လို့လဲ”
“သစ္စာဖောက်မ....လွန်းက ကျွန်မတို့အကြောင်း ကိုသက်ထူးဇော်ကိုတိုင်မယ်ပြောတယ်”
“ဘာ....”
“ပြေးကြရအောင် ယွဏ်း....ကိုသက်သိသွားရင် သတ်မှာ။ကျွန်မ ကြောက်တယ်။ပြေးကြရအောင်နော်.....ကျွန်မကို ဒီနေရာက ခေါ်သွားပေးပါ”
“ဟေး....ဟေး....စိတ်လျှော့....ကိုယ် ခေါ်သွားမှာပေါ့။မင်းလေးကို ခေါ်သွားမယ်”
ယွဏ်းက သစ်ရွက်ငယ်လေးရဲ့ကိုယ်ကိုတင်းကျပ်နေအောင်ပွေ့ဖက်၍ နှစ်သိမ့်စကားဆိုလေ၏။
“အခုချက်ချင်းသွားမှဖြစ်မယ်။သူတို့လိုက်လာကြလိမ့်မယ်ယွဏ်း”
“အင်း...အင်း...သွားကြတာပေါ့။ကိုယ့်အိမ်ကိုဖုန်းဆက်လိုက်ဦးမယ်။သူတို့ကိုလိုအပ်တာကူညီဖို့ပြောရမယ်”
ယွဏ်းက လုပ်စရာရှိတာတွေကိုဆက်တိုက်လုပ်ကိုင်နေခဲ့ပါ၏။ထို့နောက် ကားပေါ်တက်၍ နှစ်ဦးသားထွက်ခွာလာခဲ့ကြ၏။
ယွဏ်းတို့ရဲ့ကားလေး အဝေးပြေးလမ်းပေါ်သို့ရောက်ခါနီးအချိန်တွင် နောက်မှကားတစ်ချို့လိုက်လာသည်ကိုတွေ့လိုက်ရသည်။
“ယွဏ်း....ကိုသက်တို့လိုက်လာကြပြီထင်တယ်။ဘယ်လိုလုပ်မလဲဟင်”
“သူတို့မလိုက်နိုင်အောင်ထွက်ပြေးကြမှာပေါ့ သစ်ရွက်ကလေးရယ်”
“လွတ်ပါ့မလားဟင်”
“လွတ်အောင်ပြေးကြတာပေါ့ သစ်ရွက်ငယ်”
တဖြည်းဖြည်းနှင့်နောက်မှလိုက်လာသောကားတွေနီးကပ်လာခဲ့၏။ကားတစ်စီးက ယွဏ်းရဲ့ကားရှေ့သို့ကျော်တက်၍ပိတ်ရပ်ပစ်လိုက်သည်။ယွဏ်းက ကားဘရိတ်ကိုအသဲအသန်ဖိနင်းလိုက်ရသည်။
ESTÁS LEYENDO
Marry Me In A Tulip Field
Romanceကျွန်မ ဘဝမှာ အလိုချင်ဆုံးအရာတစ်ခုရှိတယ်။ ကျွန်မ မွေးဖွားလာကတည်းက အခုအချိန်အထိ မပိုင်ဆိုင်ဖူးသေးတဲ့အရာတစ်ခု.......။ ကျွန်မ နေ့တိုင်းတွေးတယ်။ အဲ့ဒါကိုပိုင်ဆိုင်ခွင့်ရမယ်ဆိုရင် ကျွန်မရဲ့ရှင်သန်ခြင်းတွေပြီးပြည့်စုံသွားလိမ့်မယ်လို့ ကျွန်မထင်မိတယ်။ အင်း...