Chapter(7)

54 6 0
                                    

“ကိုယ့်ရဲ့‌ ပေါက်စလေးရေ....”

“ရှင်..."

“လာတော့နော်။အပြင်မှာကြာနေပြီ။အိမ်ထဲဝင်ကြစို့”

ယွဏ်းက ပန်းပင်တွေကြားမှာရှိနေတဲ့ကျွန်မကို ကောက်ပွေ့လိုက်လေရဲ့။

“အာ....ရှင်ကြီးက ဇွတ်ပဲကွာ။အဲ့ပန်းပွင့်တွေကိုဆော့လို့တောင်မဝသေးတဲ့ဟာ...”

“ပန်းပွင့်တွေနဲ့နောက်မှဆော့......ကိုယ်နဲ့အရင်လာဆော့ကွာ”

“ဟာ....ရှင်ကြီး.....ဘာတွေကြံစည်နေတာလဲ”

“ကိုယ်နဲ့လိုက်ခဲ့ရင်သိရမှာပေါ့ ပေါက်စရယ်”

ယွဏ်းက သစ်ရွက်ငယ်လေးရဲ့ကိုယ်ကိုရင်ခွင်ထဲနစ်မြုပ်နေအောင်ပွေ့၍ အိမ်ထဲခေါ်သွင်းသွား၏။

ယွဏ်းဘာတွေကြံစည်နေတယ်ထင်ပါသလဲ.....။

သစ်ရွက်ငယ်လေးကိုဧည့်ခန်းထဲက ဆိုဖာပေါ်မှာချထားပေးလိုက်၏။သစ်ရွက်ငယ်ရဲ့ကိုယ်ပေါ်မိုးထား၍ ဆိုဖာကျောမှီကိုလက်နှစ်ဖက်ထောက်ရင်း သစ်ရွက်ငယ်ကို ယွဏ်းကြည့်နေခဲ့သည်။

သစ်ရွက်ငယ်လေးက မျက်လုံးလေးဝိုင်းရင်း ထိတ်ထိတ်လန့်လန့်မေးလေ၏။

“ဘာ....ဘာ...လုပ်မလို့လဲဟင်”

“ကိုယ့်ရဲ့ရင်ဘတ်က ကြယ်‌သီးတွေဖြုတ်ပေးပါလား ပေါက်စ”

“ရှင်....”

“ဟာကွာ....ဒီပေါက်စလေးကတော့ အမြဲတမ်းယုန်သူငယ်လေးလိုဖြစ်နေပါရောလား....ကိုယ်အသဲယားတယ်သိရဲ့လား”

ယွဏ်းက သစ်ရွက်ငယ်လေးရဲ့လက်ကိုဆွဲယူ၍ သူမ ဝတ်ဆင်ထားတဲ့ရှပ်အင်္ကျီရဲ့အပေါ်ဆုံးကြယ်သီးပေါ်သို့တင်ပေးလိုက်သည်။

“အဲ့ကြယ်သီးကိုဖြုတ်ကြည့်”

“အွန်း”

သစ်ရွက်ငယ်လေးက ကြောင်တောင်တောင်ပုံစံလေးဖြင့် ယွဏ်းခိုင်းတာကိုလုပ်ပေးလာသောအခါ မူကြိုအရွယ်ကလေးသေးသေးလေးလိုဖြစ်နေခဲ့၏။

“ကျစ်.... ကလေးပေါက်စလိုပဲကွာ...အဲ့ဒါကြောင့် မင်းအပေါ်ပိုပိုပြီးပြင်းထန်လာရတာသိရဲ့လား”

Marry Me In A Tulip FieldWhere stories live. Discover now