Chapter(6)

50 8 0
                                    

ယွဏ်းကို ဆေးသွင်းပေးပြီးနောက် ဆရာဝန်က လိုအပ်သည်များညွှန်ကြား၍ပြန်သွားခဲ့သည်။

"အရမ်းနာနေလားဟင်"

"မနာပါဘူးကွာ။ဒီ‌အပ်ရဲ့နာကျင်မှုလောက်က ဘာမှမဖြစ်ဘူး။မင်းရက်စက်လိုက်ရင်သာ ကိုယ်သေဆုံးသွားနိုင်တာ သိလား"

"ကျွန်မဘယ်တော့မှရက်စက်မှာမဟုတ်ပါဘူး ယွဏ်းရယ်"

ယွဏ်းရဲ့ရင်ခွင်ထဲတိုးဝင်၍ကျွန်မမျက်ရည်ကျမိရတော့သည်။

"ဟာ.....ဟေ့.....ငိုနေတာလား...ဘာလို့ငိုတာလဲကွာ"

"ရှင်အရမ်းနာနေမှာပဲနော်"

"မနာပါဘူးဆိုကွာ"

"ကျွန်မ ကြောက်တယ်။ရှင့်ကိုဆုံးရှုံးလိုက်ရမှာကို ကျွန်မ ကြောက်တယ်"

"ကိုယ့်ကို ဘယ်တော့မှမဆုံးရှုံးစေရဘူး။ကိုယ်မင်းအနားမှာပဲရှိနေမယ်နော်"

"သိပ်ချစ်တယ် သိလား"

"ကိုယ်လည်း သိပ်ချစ်ရတာပေါ့ သစ်ရွက်ငယ်"

"ရှင့်အတွက် ထိုးနေတဲ့သိုးမွှေးခြုံထည်လေးကို ကျွန်မဆက်ထိုးလိုက်ဦးမယ်။ရှင်က ဆေးသွင်းထားတာဆိုတော့ ခဏလောက်အိပ်လိုက်နော် ယွဏ်း"

"ကိုယ်မအိပ်ဘူး။မင်းသိုးမွှေးထိုးတာ ထိုင်ကြည့်ချင်တယ်"

"မဖြစ်ဘူးလေ။ဒီလောက်ဖျားနေတာကို.....လာပါ...အိပ်ရာထဲလှဲနေ...."

သစ်ရွက်ငယ်လေးက ယွဏ်းရဲ့ခန္ဓာကိုယ်ကြီးကိုဆွဲပွေ့၍ အိပ်ရာထဲလှဲပေးဖို့ကြိုးစားလိုက်သည်။သစ်ရွက်ငယ်ရဲ့ကိုယ်လေးက ကလေးလေးလိုမျိုး သေးသေးလေးလေ။ယွဏ်းက သစ်ရွက်ထက်ပိုမိုထွားကြိုင်းတာမို့လို့ မနိုင်ပဲဖြစ်နေတာပေါ့။သစ်ရွက်ငယ်ကိုကြည့်ရင်း ယွဏ်း ရယ်မောလေ၏။

"အဟက်....မင်းကိုယ့်ကို မနိုင်ပါဘူးကွာ"

"ရှင်ကြီးကိုယ်လံုးက အကြီးကြီးကိုး....ကျွန်မ ဘယ်နိုင်ပါ့မလဲ။ကိုယ့်ဘာသာလှဲအိပ်ပါတော့ ယွဏ်းရယ်။အနားယူရပါမယ်ဆိုမှ....."

"နိုင်အောင် ပွေ့ယူလေကွာ။အဲ့လို ပုံစံနဲ့ဆိုရင် ကိုယ်မကျန်းမမာဖြစ်တဲ့အခါ ဘယ်လိုပြုစုမလဲလို့ ကောင်မလေးရဲ့"

Marry Me In A Tulip FieldWhere stories live. Discover now