[၂၆၈] ရှစ်တိကနဂါးတစ်ကောင်ပဲ။

1.9K 352 4
                                    

Arc(11)ရှစ်တိကနဂါးတစ်ကောင်ပဲ(၂၀)။

ယန်းချီစစ်မှာလင်ခုံးလုထွက်မလာမှန်းမြင်လိုက်ရတော့ တစ်ဖက်လူစိတ်ဆိုးနေမှန်းခန့်မှန်းမိလိုက်ကာ ရင်ထဲမှာအပြစ်ရှိစိတ်နှင့်နောင်တတရားကိုခံစားလိုက်ရသည်။

ဒါပေမဲ့အဆုံးမှာတော့သူဟာအတွင်းစိတ်မိစ္ဆာလွှမ်းမိုးတာခံရပြီး အမှားလုပ်ခဲ့မိကာအလွန်အကျူးဖြစ်သွားပြီးသူ့ရှစ်ရှုန်းကိုထိခိုက်အောင်လုပ်ခဲ့မိသည်။

သူလှောင်ချိုင့်ဘေးမှာဆောင့်ကြောင့်ထိုင်ကာခပ်တိုးတိုးချော့လိုက်ရုံသာတတ်နိုင်သည်။
"ရှစ်ရှုန်း၊ ကိုယ်မှားမှန်းသိပါပြီ။ ကိုယ်ခုနကမင်းရှင်းပြတာကိုလျစ်လျူမရှူခဲ့သင့်ဘူး။ မင်းအရင်ထွက်လာခဲ့နော်။ ကိုယ်မင်းရှင်းပြတာနားထောင်ပြီးတော့မင်းနဲ့အတူချီလင်ကိုသွားတွေ့မယ်လေ...."

လင်ခုံးလုသူအသိုက်ထဲမှာလှဲနေမိမှန်းသတိထားမိသွားတော့သူအပြင်ထွက်ချင်မိသည်။ ဒါပေမဲ့ခုနကပြောခဲ့သလိုမျိုးဒီအသိုက် ဒီအသိုက်က....သောက်ရမ်းကိုသက်တောင့်သက်တာရှိလွန်းတယ်။

သူမည်းမှောင်သောမျက်နှာနှင့်ဆောင့်ကြောင့်ထပ်ထိုင်လိုက်ပြီးနောက်ဆုံးမှာသဘောတွေ့သွားပြီးနောက်သူ၏ခြေသည်းချွန်လေးများနှင့်ခါးသက်စွာအပြင်ထွက်ကာတောင့်တင်းသောပါးစပ်နှင့်ပြောလိုက်သည်။
"အိုး၊ ချီလင်ကိုသွားတွေ့ချင်ရင်သွားတွေ့ပေါ့။ အပြင်ထွက်စရာမလိုဘူးမလား။"

သူပြောရင်းရေကန်ဆီသွားကာရေတစ်ငုံသောက်ပြီးသူ့လည်ချောင်းကိုစိုစွတ်အောင်လုပ်လိုက်ပြီးမှပြောလိုက်သည်။
"မင်းလှောင်ချိုင့်ကိုသယ်သွားလို့ရတာပဲ။"

ယန်းချီစစ်: "......"

သူ့နှဖူးပေါ်မှာအနက်ရောင်လေထုပေါ်လာပြန်သည်။

လင်ခုံးလု: "?" ဖာ့ခ်!

သူလှောင်ချိုင့်ထဲကဝှစ်ခနဲပျံထွက်ကာလှောင်ချိုင့်ထိပ်မှာရပ်ပြီးတောင်ပံများဆန့်ကာယန်းချီစစ်ကိုထိုးပြီးပြောလိုက်သည်။
"မင်းငါ့ကိုလျို့ဝှက်ချက်ထုတ်ပြရဲတယ်လား။"

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now