[၂၉၀] ဟွေ့ရှောက်ရယ်။

1.1K 263 5
                                    

Arc(12) ဟွေ့ရှောက်ရယ်(၁၆)။

ဒီလိုအခြေအနေမှာဝင်နိုင်ထွက်နိုင်တော့အိုင်ဗန်မှာလူသားမဟုတ်လောက်ဘူးဟုရှန်စစ်တွေးလိုက်မိသည်။ အိုင်ဗန်သာလူသားမဟုတ်ဘူးဆို အိုင်ဗန်နဲ့ဒိတ်နေတဲ့ဂျနီဖာအတုကလည်း...

ဒီတော့ဂျနီဖာအတု...သူကသူ့ကိုကာကွယ်ပေးနေတဲ့စွမ်းအားကြီးတဲ့တစ်ယောက်ဖြစ်နေမလား။

ရှန်စစ်မှာသူ့အတွေးကြောင့်ရှော့ခ်ရသွားကာရင်ထဲမှာမုန်တိုင်းထန်လာသည်။ ခဏကြာတော့မှသူတို့်အရိုးပြာသွားလုသည့်နေ့တုန်းကလမ်းပိတ်ကာသူတို့ကိုတိုက်ခိုက်ခဲ့သည့်စုန်းမကိုသတိရသွားသည်။

တစ်ဖက်လူကဘာလို့ရုတ်တရက်ကြီးထွက်ပြေးသွားတာလဲ။ အိုင်ဗန်ကိုကြောက်လို့လား၊ ဂျနီဖာကိုကြောက်လို့လား။

လတ်စသတ်တော့အရာအားလုံးကအရင်ထဲကအဖြေပေါ်နေပြီးသားပေါ့?

ရှန်စစ်နှုတ်ခမ်းစေ့လိုက်မိပြီးသူ့မျက်လုံးများမှာတဖြည်းဖြည်းချင်းမှောင်မိုက်လာသည်။

ထန်အန်းမှာကြေးစားဖြစ်ပြီးအလွန်ကျွမ်းကျင်သည်။ သူ့ကိုအိုင်ဗန်ကိုတိုက်ခိုက်ခိုင်းလိုက်ရင်အိုင်ဗန်ကလူသားမဟုတ်ဘူးဆိုရင်သရုပ်မှန်ဖော်ပြလာမှာပဲ။

ဒါပေါ့၊ အဓိကအကြောင်းရင်းက...

သူပရော်ပရီလုပ်နေတုန်းဖြစ်သည့်အိုင်ဗန်ကိုစိုက်ကြည့်ကာမည်းမှောင်စွာတွေးလိုက်မိသည်။ အဓိကအကြောင်းရင်းဒီလူကရိုက်နှက်တာနဲ့မတန်ဘူး။

သူဟာလူသားဟုတ်ဟုတ်မဟုတ်ဟုတ် သူဒီလိုဖောက်ပြန်မှုမျိုးလုပ်ရင် သူဂျနီဖာအတုအစားသင်ခန်းစာပေးရမှာပဲ။

သို့သော်လည်းအိုင်ဗန်သာတကယ်လူသားမဟုတ်ဘူးဆိုထန်အန်းကိုတိုက်ခိုက်ခိုင်းလိုက်တာကသေချာပေါက်ထန်အန်းကိုဆွဲသွင်းလိုက်သလိုဖြစ်သွားမှာပဲ။

ရှန်စစ်တွေးကြည့်ပြီးမှရှေ့တိုးဖို့ပြင်နေသည့်ထန်အန်းကိုတားကာပြောလိုက်သည်။
"ထားလိုက်တော့၊ ငါ့ကိုအုတ်ခဲနှစ်ခုရှာပေး။"

ထန်အန်း: "???"

သူတုံ့ဆိုင်းသွားရကာစည်းရုံးလိုက်မိသည်။
"သခင်လေးကျွန်တော်သွားတိုက်ခိုက်လိုက်တာပိုကောင်းမယ်နော်။"

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now