Prologue

6.1K 123 3
                                    

A/N : ဟုတ်​ကဲ့ ဒီ fic ​လေးက​တော့ 'A MIRACLE' ဆိုတဲ့ fic ​​လေးရဲ့ အဆက်​ပါ​နော်​... အဲ့​တော့ ဇာတ်​လမ်း ဆက်​စပ်​မှု​လေးအတွက်​ 'A Miracle' fic ​လေးကို မဖတ်​ရ​သေးရင်​ အရင်​ဖတ်​​ပေးဖို့ အကြံပြုချင်​ပါတယ်​။

Jungkook's pov

တံခါးကို ဖွင့်​ဖွင့်​လိုက်​ချင်း မြင်​လိုက်​ရတဲ့ မျက်​နှာ​လေး​ကြောင့်​ ပင်​ပန်းလာခဲ့တာ​တွေ အကုန်​လုံး ချက်​ချင်း ​ပျောက်​သွားတယ်​။ ချက်​ချင်းပဲ ကျွန်​​တော့်​​ရှေ့မှာ ရှိ​နေတဲ့ ကျွန်​​တော်​ သိပ်​ချစ်​ရတဲ့ သူမကို ကျွန်​​တော့်​ ရင်​ထဲ ​ထွေး​ပွေ့ထားပစ်​လိုက်​​တော့တယ်​​လေ။

"Ya Jungkook ဖယ်​ဦး​လေ ငါလည်း ငါ့ jagi ​ကို ​တွေ့ရမယ်​​လေ။" Jin hyung က ကျွန်​​တော့်​ ပခုံးကို ပုတ်​​နေ​တော့မှ ကျွန်​​တော်​လည်း Yeontae ကို ပြန်​လွှတ်​​ပေးလိုက်​မိ​တော့တယ်​။ Jin hyung ​ကြောင့်​သာ မဟုတ်​ရင်​ ကျွန်​​တော်​ သူမကို ဘယ်​အချိန်​ထိ အခုလို ဖက်​ထားမိမလဲမသိ....

Yeontae's pov

"Manager nim လုပ်​ပါ​နော်​... jebal pls...." Soorim က​တော့ manager oppa ကို တရွတ်​ရွတ်​နဲ့ ​တောင်းဆို​နေ​တော့တာပဲ။ Manager oppa ဆိုတာ Jungkook oppa တို့ရဲ့ manager ကို ​ပြောတာပါ။ ကျွန်​မတို့​တွေလည်း ရင်းနှီး​နေခဲ့တာ ကြာ​ရော​ပေါ့။ လွန်​ခဲ့တဲ့ တစ်​နှစ်​​လောက်​ကတည်းက ကျွန်​မနဲ့ Soorim နှစ်​​ယောက်​သား Bangtan dorm ကို အဝင်​အထွက်​ များလာခဲ့ပြီ​လေ။

"ဟာ မင်းတို့နှစ်​​ယောက်​ကလည်းကွာ! ပြီး​ရော ပြီး​ရော။ သူတို့ကို concert ပြီးတာနဲ့ ဒီကို ပြန်​ပို့​ပေးမယ်​။ ရပြီလား?"

"​ရေး ဒါမှ uri manager nim ကွ"

အမှန်​​တော့ သူတို့​တွေ ဒီ​နေ့ concert ရှိတယ်​​လေ။ အစတုန်းက​တော့ ည​ပိုင်းဆက်​ပြီး သွားစရာလည်း ရှိ​သေးတယ်​​။ အဲ့တာကို ကျွန်​မတို့ နှစ်​​ယောက်​က manager nim ကို မရရ​အောင်​ ​ပြောပြီး ​နောက်​​နေ့မှ သွားခိုင်းတာ။ သူတို့​တွေ သုံးရက်​ဆက်​တိုက်​ concert မှာ ပင်​ပန်းလာတာကို ညမှာ ထပ်​သွားရဦးမယ်​ဆို​တော့ အရမ်းများလွန်းတယ်​​လေ။

Manager nim ​ခေါင်းငြိမ့်​လိုက်​ပြီဆို​တော့ ကျွန်​မတို့နှစ်​​ယောက်​ သူတို့ dorm ဆီ တမ်းသွား​တော့တာပါပဲ။ သူတို့​တွေ ပြန်​လာရင်​ ​ဗိုက်​ဆာ​နေကြမှာဆို​တော့ ညစာသွားပြင်​​ပေးမလို့ပါ။

အဲ... dorm ဆီ သွားရ​တော့မယ်​ဆို​တော့ ပတ်​ဝန်းကျင်​ကို ​သေချာ သတိထားရတာ​ပေါ့။ ဒီလို ဟိုကြည့်​ဒီကြည့်​နဲ့ သူတို့ dorm ဆီ လာခဲ့ရတဲ့ အကြိမ်​လည်း မနည်း​တော့ပါဘူး။ ဒါ​ပေမယ့်​လည်း fan ​တွေက ​ပြောလို့ရတာမှ မဟုတ်​တာ။ မိသွားရင်​ ပြသာနာက ​သေး​သေး​လေးလည်း မဟုတ်​။

ဟူး... ​နောက်​ဆုံး​တော့ ​​​ရောက်​ပါပြီ။ သူတို့က ညမှ ​ရောက်​မှာဆို​တော့လည်း ​နေ့လည်​ပိုင်း ​အေး​ဆေး​နေလို့ရပါ​သေးတယ်​။

"Yeontaeah ငါတို့ ဘာဟင်း​တွေ ချက်​ကြမလဲ?"

"​အေး ​နေဦးဟဲ့... ​ရေခဲ​သေတ္တာထဲမှာ ဘာ​တွေရှိ​သေးလဲ မသိဘူး။ သွားကြည့်​လိုက်​ဦးမယ်​။"

သွားကြည့်​​တော့ အချိုရည်​​တွေက လွဲပြီး ဘာမှမရှိ.... ဒီလိုနဲ့ပဲ ဈေးဝယ်​ဖို့အတွက်​ တစ်​​ခေါက်​ ပြန်​ထွက်​လာရပါ​လေ​ရော....

ည​နေပိုင်း​လောက်​ အကုန်​ပြင်​ဆင်​ပြီး မကြာပါဘူး တံခါး​ပေါက်​မှာ အသံ​တွေ ကြားလို့ သွားကြည့်​လိုက်​တာ ထင်​တဲ့အတိုင်း သူ​တို့​တွေ ပြန်​လာကြပြီ​လေ။

ကျွန်​မ သူ့ကို မြင်​မြင်​ချင်းပဲ သူ့ရင်​ခွင်​ထဲ တိုးဝင်​မိတယ်​။ ဒီ ကိုယ်​​ငွေ့​လေးကို လွမ်း​နေခဲ့တာပါ။ ကျွန်​မတို့ ဒီ dorm ကို အဝင်​အထွက်​ များ​နေခဲ့ပြီလို့သာ​ပြောတာ တကယ်​တမ်း တစ်​လမှာ တစ်​ကြိမ်​​တောင်​ မရှိသ​လောက်​ပါပဲ။ ကျွန်​မနဲ့ Soorim ကလည်း ကိုယ့်​အလုပ်​နဲ့ကိုယ်​ ရှုပ်​​နေကြတာ​လေ။ သူတို့ကလည်း comeback ​တွေ concert ​တွေနဲ့ အားတဲ့အချိန်​ဆိုတာ ရှိရဲ့လား​တောင်​ မ​ပြောတတ်​တဲ့ အ​ခြေအ​နေ....

To be continued~~~

Intro ​လေး​ပေါ့​နော်​။ ​နောက်​အပိုင်း​တွေ တတ်​နိုင်​သ​လောက်​ မြန်​မြန်​ update ​ပေးပါ့မယ်​ XD

Thanks for reading^^

*90° bow

OUR MEMORIESWhere stories live. Discover now