Part 4

1.1K 52 2
                                    

Yeontae's pov

မနက်​မိုးလင်း​တော့ မနက်​စာ စားဖို့ ထမင်းစားခန်းထဲကို ဝင်​လာလိုက်​တယ်​။ ထမင်းစားခန်းထဲမှာ​တော့ အ​မေတစ်​​ယောက်​တည်းပဲ။ အ​မေ့ကို ​နောက်​က​နေ ဖက်​လိုက်​ပြီး​တော့မှ "အ​မေ့ကို အရင်​တုန်းက ဒီလို တစ်​​ခေါက်​မှ မဖက်​ဖူးဘူး​နော်​ ဟီးဟီး"

"​အေ​ပေါ့ အခုမှ လာဖက်​ပြ​နေတာကိုများ..."

"အဟီး ဒါနဲ့ သမီး ဝိုင်းလုပ်​​ပေးမယ်​​လေ... ​ခေါက်​ဆွဲ​တွေပါလား?"

"အင်း သမီး ကြိုက်​တဲ့ ရှမ်း​ခေါက်​ဆွဲ လုပ်​​ပေး​နေတာ​လေ။ ပြီး​တော့မယ်​။ ​မေ​မေ လုပ်​ပြီး​တော့မှ ​ခေါ်လိုက်​မယ်​။ ခဏပဲ ​စောင့်​"

ကျွန်​မလည်း စားပွဲဝိုင်းထဲ ဝင်​ထိုင်​ပြီးပဲ ​စောင့်​​နေလိုက်​​တော့တယ်​။ ခဏ​လောက်​​နေ​တော့ ညီမ​လေးနဲ့ ​ဖေ​ဖေလည်း ​ရောက်​လာတယ်​​လေ။ သူတို့ ​ရောက်​လာနဲ့ အဆင်​သင့်​ ​မေ​မေလည်း မနက်​စာ ပြင်​ပြီးသားပဲ...

စကား​တွေ ဘာ​တွေ​ ​ပြောရင်းနဲ့ ​ဖေ​ဖေက ကျွန်​မ နာမည်​ကို ​ခေါ်လို့ ဝါး​နေလက်​စ ​ခေါက်​ဆွဲကို မျိုချလိုက်ပြီး ​ဖြေလိုက်​တယ်​​လေ။

"သမီး အိမ်​​ထောင်​ပြုဖို့ စိတ်​ကူး မရှိဘူးလား?" ​ဖေ​ဖေ့ အ​မေး​ကြောင့်​ ကျွန်​မ ရုတ်​တရက်​ လန့့်​သွားတယ်​။

"ဟုတ်​တယ်​ သမီး... ​မေ​မေတို့ ဖြစ်​နိုင်​ရင်​ သမီးကို ​စော​စော အိမ်​​ထောင်​ချ​ပေးချင်​တယ်​။" 

ကျွန်​မ ဘယ်​လို ​ဖြေရမလဲ မသိ။ ​ဖေ​ဖေနဲ့ ​မေ​မေက ကျွန်​မနဲ့ Jungkook အ​ကြောင်းကိုလည်း သိ​သေးတာ မဟုတ်​။ ကျွန်​မ တကယ်​လို့ Jungkook အ​ကြောင်း ​ပြောရင်​ လက်​ခံမယ်​လို့ ကျွန်​မ မထင်​...

"​သမီးက အရမ်း ငယ်​​သေးတယ်​​လေ ​ဖေ​ဖေတို့ကလည်း.... အိမ်​​ထောင်​ပြုဖို့က သမီးအတွက်​​တော့ ​လော​လောဆယ်​ စိတ်​ကူး မရှိ​သေးဘူး။"

"သမီး အသက်​က သိပ်​လည်း မငယ်​​တော့ပါဘူး။ ဖြစ်​နိုင်​ရင်​ သမီးကို ​ဖေ​ဖေ့ သူငယ်​ချင်းရဲ့ သားနဲ့ မိတ်​ဆက်​​ပေးချင်​တယ်​။"

OUR MEMORIESWhere stories live. Discover now