Part 18

888 41 1
                                    

No one's pov

Yeontae တစ်​​ယောက်​ ဒီ​နေ့​တော့ ​စိတ်​​တွေလှုပ်​ရှားလို့​နေတယ်​.... ဒီ​နေ့ oppa ရဲ့ မိဘ​တွေနဲ့ ​တွေ့ရမှာ​လေ.... oppa က သူ့မိဘ​တွေ Seoul ​ခဏ​ရောက်​တုန်း သူမနဲ့ မိတ်​ဆက်​​ပေးချင်​လို့တဲ့ သူမ မိဘ​တွေက Jungkook ကို ​တွေ့ပြီး သ​ဘောကျ​ပေမယ့်​လည်း Jungkook မိဘ​တွေက သူမကို ဘယ်​လိုမြင်​မလဲဆိုတာ မသိဘူး​လေ...

"ဒီ အင်္ကျီနဲ့ အဆင်​​ပြေပါ့မလား?" Yeontae တစ်​​ယောက်​ သူ့ကိုယ်​သူ မှန်​ထဲ ကြည့်​ပြီး ​​​ပြောတယ်​... ဝတ်​ထားတာက​တော့ ရိုးရိုးယဉ်​ယဉ်​​လေး​ပေါ့.... အ​ပေါ်က မိန်းမဆန်​ဆန်​​ လက်​ရှည်​အင်္ကျီြေ​ဗာင်​​​လျော့ရဲရဲနဲ့ အနီ​ရောင်​​လေးကို ​အောက်​က ဒူး​အောက်​​လောက်​ထိ စကပ်​အကား အမည်း​လေးနဲ့ တွဲဝတ်​ထားတာ... ဆံပင်​ကိုလည်း ဖားလားချထား​ပေမယ့်​ ​သေ​သေသပ်​သပ်​​လေး....

"အ​မ​လေးဟဲ့..." Yeontae တစ်​​ယောက်​ Jungkook မိဘ​တွေနဲ့ ​တွေ့တဲ့အခါ ဘယ်​လို​နေမလဲ စိတ်​ကူးယဉ်​​နေတုန်း ညီမက အခန်းထဲကို ဝင်​လာပြီး "unnie" ဆိုပြီး ​ရုတ်​တရက်​ ​အော်​​ခေါ်လိုက်​လို့ လန့်​သွား​တော့တယ်​။

"ဟဲ့ နင်​ကလည်း အခန်းထဲ ဝင်​တာ တံခါး​လေး ဘာ​လေး ​ခေါက်​ပါလားဟယ်​..." ညီမကို အပြစ်​တင်​ပြီ...

"Hmm... ကိုယ့်​အစ်​မအခန်းထဲ ဝင်​တာပဲကို တံခါး​ခေါက်​စရာလား? ပြီး​တော့ အခုမှလည်း မဟုတ်​ဘူး... အရင်​ကတည်းက အမြဲ ဒီလို ဝင်​​နေကျပဲကို... သူ့ဘာသာသူ ဘာ​တွေ စဉ်းစား​နေလဲမှ မသိဘဲ..." ညီမကလည်း ထုံးစံအတိုင်း ပြန်​စွာပါ​တော့တယ်​.... အရင်​ကတည်းက ​စကားအမြဲများ​နေခဲ့တဲ့ ညီအစ်​မနှစ်​​ယောက်​ အခုထိ ဒီပုံစံပဲ​လေ...

"​အေးပါဟယ်​... ဟဲ့ ငါ ရင်​​တွေ အရမ်းတုန်​​နေတယ်​... ဘယ်​လိုလုပ်​မလဲ?"

"Unnie ကလည်း oppa ရဲ့ မိဘ​တွေနဲ့ ​တွေ့တာများ ဘာ​တွေ အဲ့​လောက်​​ကြောက်​​နေရတာလဲ? Oppa ကို​တောင်​ appa နဲ့ umma နဲ့ ​တွေ့​ပေးပြီးတာကို..."

"ဟာ နင်​ကလည်း... မတူဘူး​လေ... ငါ တကယ်​ နှလုံး​ပေါက်​ထွက်​မတတ်​ပဲ... ဘယ်​နှနာရီရှိပြီလဲ?" Yeontae တစ်​​ယောက်​ ​ပြောပြီး မှန်​တင်​ခုံ​ပေါ်က နာရီကို လှမ်းကြည့်​လိုက်​တယ်​"ဟဲ့... ခွဲ​နေပြီ... oppa လာ​ခေါ်​တော့မယ်​....​​ ​ငါ ဘယ်​လိုလုပ်​မလဲ? ​​ကြောက်​လို့ ​သေ​တော့မယ်​..." ​ပြောလို့မှ ပြီးခါစပဲ ရှိ​သေး... တံခါး bell သံကို ကြားရပြီ​လေ...

OUR MEMORIESWhere stories live. Discover now