Epilogue

1.6K 73 8
                                    

4 years later~~~

No one's pov

"Omoo.... uri Yeontae ​လေး လှ​နေလိုက်​တာ ကြည့်​စမ်း...." Soorim တစ်​​ယောက်​ Yeontae ကို ပီတိအပြည့်​နဲ့ ကြည့်​ပြီး ပြုံးလန်း​နေတယ်​​လေ...

Yeontae တစ်​​ယောက်​ ဒီလို​နေ့မျိုးကို ​မျှော်​လင့်​​တောင့်​တ​နေခဲ့တာ ကြာပြီဖြစ်​​ပေမယ့်​လည်း တကယ်​တမ်းကျ​တော့ အရမ်းကို စိတ်​လှုပ်​ရှားပြီး ​ကြောက်​​နေတာ... မှန်​ထဲမှာ ​ပေါ်​နေတဲ့ သူ့တစ်​ကိုယ်​လုံးရဲ့ ပုံရိပ်​ကို ကြည့်​ပြီး အရမ်းကို ​ပျော်​​နေသလို စိတ်​လည်းလှုပ်​ရှား​နေမိတယ်​။ အဖြူ​ရောင်​ ဂါဝန်​ကားကား​လေးနဲ့ သူနဲ့က သိပ်​ကို လိုက်​ဖက်​လွန်း​နေတယ်​​လေ...

"Yeontaeah... Jungkook oppa နဲ့ ​အမြဲ ​ပျော်​ရွှင်​​နေတဲ့ အိမ်​​ထောင်​တစ်​ခုကို ပိုင်​ဆိုင်​​​နေပါ့မယ်​လို့ ငါ့ကို ကတိ​ပေး​နော်​..." Soorim က သူမကို ​ပြော​တော့ သူမ Soorim ကို ကြည့်​လိုက်​ပြီး ​ခေါင်းငြိမ့်​ပြလိုက်​တယ်​။ ပြီး​တော့ Soorim ကို ဖက်​လိုက်​ပြီး "gomawo... အခုအချိန်​ထိ ငါ့ရဲ့ ​ဘေးမှာ အမြဲရှိပြီး ငါ့ကို အမြဲ အားတက်​​နေ​အောင်​ လုပ်​​ပေးတဲ့အတွက်​ gomawo chinguah... jinjja gomawo..."

Soorim သူမကို ပြန်​ခွာပြီး သူမမျက်​နှာကို ကြည့်​ပြီး ပြုံးလျက်​ပြုံး​နေတယ်​​လေ...

"ပွဲစဖို့ ဘယ်​​လောက်​မှ မလို​တော့ဘူးပဲ... လာ... လက်​အိတ်​​လေးပါ ဝတ်​လိုက်​ဦး..." Soorim သူမကို လက်​အိတ်​​လေးပါ ​သေချာ ဝတ်​​ပေး​နေတယ်​....

လက်​အိတ်​ဝတ်​​ပေးပြီး​တော့ သူမကို ပြန်​ကြည့်​လိုက်​တာ သူမ မျက်​ဝန်း​တွေထဲမှာ မျက်​ရည်​​လေး​တွေ ပြည့်​​နေတာကို ​တွေ့လိုက်​ရတယ်​​လေ...

"Yeontaeah... wae? ပွဲစ​တော့မှာ ငိုလို့မဖြစ်​ဘူး​လေ..."

"Arni... ငါ အရမ်း​ပျော်​လို့ပါ... ငါ တကယ်​ အခုထိ သူနဲ့ လက်​ထပ်​ရ​တော့မယ်​ဆိုတာကို မယုံနိုင်​​သေးဘူး... နင်​ မှတ်​မိတယ်​မလား? ငါတို့ ငယ်​ငယ်​တုန်းက အ​ပျော်​သ​ဘောနဲ့ အမှတ်​မထင်​ ​ပြောခဲ့ကြတာ​လေး​တွေ... အဲ့တုန်းက စကား​တွေက အခု တကယ်​ဖြစ်​လာခဲ့ပြီ... အခုအချိန်​မှာ ငါ oppa နဲ့ လက်​ထပ်​ရ​တော့မှာ ဖြစ်​​ပေမယ့်​လည်း oppa ရဲ့ fan တစ်​​ယောက်​ ဖြစ်​​နေခဲ့တုန်းက ခံစားချက်​မျိုးကို အခု ခံစား​နေမိတယ်​..."

OUR MEMORIESWhere stories live. Discover now