Part 9

520 50 0
                                    

Yeontae's pov

တစ်​လ.... တစ်​လဆိုတဲ့ အချိန်​​တောင်​ ကုန်​ခဲ့ပြီ.... ကျွန်​မ အခုထိ စိတ်​နဲ့ လူနဲ့ သိပ်​မကပ်​သလိုပင်​.... သူနဲ့ စပြီး အဆက်​အသွယ်​ ပြတ်​ခဲ့တဲ့​နေ့ကတည်းက​ပေါ့.... ဒီ တစ်​လဆိုတဲ့ ကာလပတ်​လုံး သူ ကျွန်​မကို အဆက်​အသွယ်​ မလုပ်​ခဲ့သလို ကျွန်​မလည်း သူ့ကို စပြီး မလုပ်​ခဲ့ဘူး... ကျွန်​မ ဖုန်းနံပါတ်​လည်း ​ပြောင်းလိုက်​တယ်​။ ဒါ​ကြောင့်​ သူ ကျွန်​မကို အဆက်​အသွယ်​ လုပ်​လို့ မရတာပါ။ သူနဲ့မှ အတူမရှိ​ရရင်​ မ​နေနိုင်​ဘူးဆိုတဲ့ ကျွန်​မ.... မာနကြီးစွာနဲ့ သူ့ကို စပြီး အဆက်​အသွယ်​ မလုပ်​ခဲ့ဘူး.... ဒါ​ပေမယ့်​ ရင်​ထဲမှာ​တော့ မျက်​ရည်​​စီး​ကြောင်း​ပေါင်း မ​ရေမတွက်​နိုင်​​အောင်​ ရှိခဲ့ပြီ.... သူက ကျွန်​မ မရှိလည်း အဆင်​​ပြေ​နေ​လောက်​ပြီ​ပေါ့.... ဒီ​တောအတွင်းလည်း Yoo Na ကျွန်​မဆီ ဘာ message မှလည်း မပို့သလို အပြင်​မှာလည်း လာလာမ​တွေ့​တော့ဘူး.... သူ့ ဆန္ဒ​တွေ ပြည့်​သွားပြီ ထင်​ပါရဲ့.... ကျွန်​မနဲ့ Jungkook ကို ဆက်​မတွဲ​စေချင်​တဲ့ သူ့ဆန္ဒ​ပေါ့.....

"​Dr.Limssi, လူနာ တစ်​​ယောက်​ ထပ်​​ရောက်​လာလို့ပါ...." ကျွန်​မ ပိုက်​ဆံအိတ်​ လွယ်​ပြီး ပြန်​​တော့မယ့်​ အချိန်​ ​nurse မ​လေးက လာ​ပြောတယ်​​လေ....

"အင်း ဝင်​လာခိုင်း​လိုက်​​လေ...."

လူနာကို စမ်းသပ်​စရာရှိတာ စမ်းသပ်​ မှာစရာရှိတာ မှာပြီး​တော့မှ ​ပြန်​တော့တာ​ပေါ့။ ​အိမ်​ပြန်​​ရောက်​​တော့ ညမိုးချုပ်​​နေပြီ​လေ.... ကျွန်​မ အခန်းထဲ ဝင်​ခါနီး​လေး Soorim က သူ့အခန်းက​နေ ထွက်​လာတယ်​။

"ဟဲ့ Soorim နင်​ ဒီ​နေ့ night duty မဟုတ်​ဘူးလား?" ဒီ အချိန်​ဆို သူက ​ဆေးရုံမှာ ရှိ​နေရ​တော့မှာ​လေ....

"အင်း Hae Young ကို အစားဆင်း​ပေးဖို့ ​တောင်းထားတယ်​။ ငါ ဒီ​နေ့ seokjin oppa နဲ့ လည်​တာ ​များသွားလို့...." သူက ​ပြောပြီး စပ်​ဖြီးဖြီးနဲ့ ရယ်​ပြပါ​လေတယ်​။

"နင်​က​တော့​လေ အလုပ်​ကို ဘာများမှတ်​​နေလဲ မသိဘူး...." ကျွန်​မ ​ပြောပြီး မြန်​မြန်​ အခန်းထဲ ဝင်​လာလိုက်​​တော့တယ်​။ ကျွန်​မ နည်းနည်း ဝမ်းနည်းသလို ဖြစ်​သွားတာကို သူ ရိပ်​မိသွားမှာ စိုးလို့​ပေါ့။ Soorim က ကျွန်​မ Jungkook oppa နဲ့ အဆက်​အသွယ်​ မရှိ​တော့တာကို မသိဘူး​လေ။ သူနဲ့ seokjin oppa နဲ့က​တော့ ​တွေ့ဖြစ်​ကြတယ်​.... ကျွန်​မ Seokjin oppa က​နေ တစ်​ဆင့်​ Jungkook အ​ကြောင်း ​မေးလို့ရ​ပေမယ့်​လည်း ကျွန်​မ တစ်​ခါမှ မ​မေးခဲ့ဖူးဘူး။ ကျွန်​မ ဖုန်းနံပါတ်​ ​ပြောင်းလိုက်​​ပေမယ့်​လည်း Soorim အကူအညီ​တောင်းပြီး ကျွန်​မကို ​တွေ့လို့ရတာ​တောင်​ သူ့ဘက်​က မကြိုးစားတာ​လေ... ကျွန်​မလည်း  သူ့အ​ကြောင်း​တွေ သိ​နေရရင်​ သူ့ကို ပိုပြီး တွယ်​တာ​နေမှာ စိုးမိတယ်​။ အခုလို သူ့အ​ကြောင်း ဘာမှ မသိ​တော့တာပဲ ​ကောင်းပါတယ်​​လေ.... ​ရှေ့ဆက်​ဖို့အတွက်​ပဲ စိတ်​ကို ပိုပို ပြင်​ဆင်​ထားရင်းနဲ့​ပေါ့...

OUR MEMORIESWhere stories live. Discover now