Part 11

541 50 0
                                    

No one's pov

Yeontae နဲ့ Jungkook တို့ နှစ်​​ယောက်​ ကားထဲမှာ ဘာစကားမှ မ​ပြောဘဲ ထိုင်​​နေကြတယ်​... တိတ်​ဆိတ်​မှုကို အရင်​ဆုံး ဖြိုခွင်းလိုက်​သူက​တော့ Jungkook... "Yeontae ဖျား​နေတာလား?" Yeontae ရဲ့ နဖူး​လေးကို စမ်းလိုက်​ပြီး ​မေးတယ်​​... Yeontae ချက်​ချင်းပဲ သူ့လက်​ကို ဆွဲချလိုက်​ပြီး​တော့မှ စပြီး စကား​ပြော​တော့တယ်​​လေ "မဖျားပါဘူး။" တဲ့...

"ဖျား​နေတာကြီးကို ကြည့်​ဦး" ပါးနှစ်​ဖက်​ကို ကိုင်​ပြီး​တော့ "ပါး​တွေလည်း ​နွေးပြီး နီ​နေတယ်​..." နှာ​ခေါင်းထိပ်​​လေးကို ဖွဖွ​လေး ဆွဲလိုက်​ပြီး "နှာလည်း​စေး​နေတယ်​... ဒါကို မဖျားဘူးလို့​ ​ပြောချင်​တာလား?"

"မ... မဖျားပါဘူးဆို... ဒီအတိုင်း နှာ​နည်းနည်း​စေး​နေတာ..."

"Aigoo...." Jungkook ​ပြောပြီး ကားကို စ​မောင်းထွက်​လိုက်​တယ်​။ "မြန်​မြန်​ပြန်​မှပဲ... ​တော်​ကြာ အဖျားပိုကြီးလာဦးမယ်​..."

Yeontae တစ်​​ယောက်​ Jungkook ကို မျက်​​စောင်းထိုးလိုက်​ပြီး "မဖျားပါဘူးဆို​နေ!" ဆိုပြီး စိတ်​ဆိုးဆိုးနဲ့က တစ်​ဝက်​ ရှက်​​နေတာက တစ်​ဝက်​နဲ့ ​အော်​​ပြောလိုက်​တယ်​။

Jungkook က​တော့ ကားလမ်း​ပေါ်ပဲ အာရုံစိုက်​​နေပြီး "ဒါနဲ့ Lim Yeontae ဆိုတဲ့ ​ကောင်​မ​လေးက တကယ့်​ ဆရာဝန်​​ရော ဟုတ်​ရဲ့လား မသိဘူး... ဒီက ဆရာဝန်​ မဟုတ်​တဲ့သူ​တောင်​ ဖျား​နေတဲ့ အ​ကြောင်းကို သိတယ်​... ဆရာဝန်​ကိုယ်​တိုင်​က မဖျားဘူးလို့ အတင်း ငြင်း​နေပါလား..." ဆိုပြီး ​နောက်​သလို ​ပြောတယ်​​လေ....

Yeontae တစ်​​ယောက်​ ​ပြောဖို့ စကား ရှာမရဖြစ်​သွား​တော့တာ​ပေါ့.... အဲ့က​နေ စပြီး နှစ်​​ယောက်​သား ဘာမှ မ​ပြော​တော့ဘဲ တိတ်​တိတ်​ဆိတ်​ဆိတ်​နဲ့ ပြန်​ခဲ့ကြတယ်​။

Yeontae တစ်​​ယောက်​ ကားက သူတို့ တိုက်​​ရှေ့ကို ​ရောက်​တာနဲ့ ချက်​ချင်း ခါးပတ်​ကြိုးကို ဖြုတ်​ပြီး ကား​ပေါ်က ဆင်း​တော့တာပဲ... Jungkook က​တော့ သူ့​နောက်​က​နေပဲ ပြုံးပြုံး​လေးနဲ့ လိုက်​လာတယ်​။

Yeontae အိမ်​တံခါးကို ပိတ်​မယ်​အလုပ်​ Jungkook က လက်​နဲ့ အမြန်​လှမ်းတားလိုက်​ရတယ်​။ Jungkook အားကို သူမနိုင်​​တော့ လွှတ်​​ပေးလိုက်ရ​တော့တယ်​​လေ... အိမ်​ထဲ ဝင်​ဝင်​ချင်း ​ကြားလိုက်​ရတဲ့ စကားသံ​တွေ​ကြောင့်​ Yeontae တစ်​​ယောက်​ အံ့သြသွားခဲ့တယ်​။

OUR MEMORIESWhere stories live. Discover now