No one's pov
"Yeontaeah... ဟိုရောက်ရင် oppa ကို message ပို့နော် messenger ကနေ... oppa စောင့်နေမယ်"
"သိပါတယ် oppa ကလည်း... ဟော ဟိုမှာ လေယာဉ်ပေါ်တက်ဖို့ ခေါ်နေပြီ ဒါပဲနော် oppa"
"Imm imm saranghae"
"Yeontae ရောပဲ hehe" Yeontae ဖုန်းချပြီး Soorim နောက်ကနေ လေယာဉ်ပေါ် တက်ဖို့ ပြေးလိုက်သွားတော့တယ်။
ခဏကြာတော့ လေယာဉ်စထွက်ပြီလေ။ လေယာဉ်ပေါ်ကနေ မြင်နေရတဲ့ တလင်းလင်းတလက်လက် ဖြစ်နေတဲ့ ကိုရီးယားနိုင်ငံရဲ့ ညဘက်မြင်ကွင်းလေးကတော့ လှိုက်မောဖွယ်ရာပင်.... သူငယ်ချင်း နှစ်ယောက်သား စကားတွေ ဘာတွေပြော၊ စားစရာရှိတာတွေ စားပြီးမှ အိပ်ပျော်သွားကြတယ်။
"မကြာမီ အချိန်အတွင်းမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လေယာဉ်ရပ်နားတော့မှာ ဖြစ်ပါတယ်.... လူကြီးမင်းတို့၏ @¿£XZ&&%$?" ဆိုတဲ့ အသံကို ကြားတော့မှ နိုးလာကြတယ်လေ။
Luggage တွေ ဘာတွေ သွားယူပြီးတာနဲ့ Soorim တစ်ယောက် သူ့ umma ဆီ ပြေးသွားပါတော့တယ်။ Yeontae ကတော့ နောက်ကနေပဲ ပုံမှန်လေး လိုက်လာခဲ့ပြီး သူ့ မိသားစုဝင် တစ်ယောက်ယောက်ကို လိုက်ရှာနေရော။ Yeontae ကို တွေ့တော့မှ Soorim ရဲ့ umma က "သမီး ဖေဖေနဲ့ မေမေက မအားလို့တဲ့ အဲ့တာ အန်တီတို့နဲ့ပဲ လိုက်လာခဲ့ခိုင်းတယ် သမီး...."
Yeontae စိတ်ထဲ နည်းနည်း ဝမ်းနည်းသလို ဖြစ်သွားပေမယ့်လည်း တကယ် မအားလို့နေမှာပါလေဆိုပြီးပဲ မှတ်ယူလိုက်တယ်လေ။ ဒါပေမယ့်လည်း အခုက ညအချိန်ကြီးလေ... ဘာ အလုပ်ကိစ္စမှလည်း ရှိမှာ မဟုတ်တာကို။
Yeontae အိမ်ပြန်ရောက်တော့ အိမ်မှာ ညီမလေး တစ်ယောက်ပဲ ရှိတယ်လေ။
"ဟဲ့ မေမေနဲ့ ဖေဖေရော?"
"ဖေဖေ့ ကုမ္ပဏီက သူငယ်ချင်းရဲ့ မွေးနေ့ပွဲလား ဘာလားမသိပါဘူး။ အဲ့တာ သွားတာ အခုထိ ပြန်မရောက်သေးဘူး။"