Part 7

570 48 2
                                    

No one's pov

Yeontae တစ်​​ယောက်​ သူ့ရဲ့ luggage ကို ဆွဲသွားပြီး Jungkook ဆီ အမြန်​​ပြေးသွားလိုက်​တယ်​။ နှစ်​​ယောက်​သား အားရပါးရ ဖက်​​နေလိုက်​ကြတာ Soorim ​မေးတာကို​တောင်​ မကြားလိုက်​ရှာဘူး​လေ။

"Yaa! ငါ ​မေး​နေတာကို​ရော ကြားကြ​သေးရဲ့လား?" Soorim တစ်​​​ယောက်​ ​အော်​​ပြောလိုက်​​တော့မှ နှစ်​​ယောက်​သား စပ်​ဖြီးဖြီးနဲ့ ​ခေါင်းကုတ်​​နေ​တော့တယ်​။

"Hehe mianhae Soorimah, ဘာ​မေးလိုက်​တာလဲဟင်​?" - JK

"Seokjin oppa ​ရောလို့? Oppa နဲ့ တူတူ လာမကြိုဘူးလား?" သူတို့​တွေ ကိုရီးယားကို ပြန်​လာပြီ​လေ...

"​အော်​ hyung လား? Hyung ကားထဲမှာ ​စောင့်​နေတယ်​။ ကားက ထွက်​ထွက်​ချင်း တံခါး​ပေါက်​နား​လေးမှ-" Jungkook ​ပြောလို့​တောင်​ မပြီး​သေး Soorim တစ်​​ယောက်​ ကားရှိတဲ့ ​နေရာကို သိတာနဲ့ ​ပြေးသွား​တော့တယ်​။

"Oppa... Yeontae toilet ခဏ သွားလိုက်​ဦးမယ်​။" - YT

"အင်း သွား​လေ... oppa ဒီမှာပဲ ​စောင့်​​နေမယ်​​နော်​... Yeontae ​သေတ္တာ oppa ကို ​ပေးလိုက်​" Yeontae တစ်​​ယောက်​ Jungkook ကို သူ့​သေတ္တာ ​ပေးပြီးတာနဲ့ toilet ဆီ အမြန်​သွားလိုက်​​တော့တယ်​။

"Lim Yeontaessi... ကျွန်​မ ​ပြောထားတာ​တွေကို​တော့ မှတ်​မိပါတယ်​​နော်​?" Yeontae အိမ်​သာထဲက ထွက်​လာပြီး လက်​​ဆေး​နေတုန်း ​​ဘေးက​နေ ထွက်​လာတဲ့ စကားသံ​ကြောင့်​ မှန်​ထဲက​နေ လှမ်းကြည့်​လိုက်​​တော့ ​ကောင်​မ​လေးတစ်​​ယောက်​... ရုပ်​ကို​တော့ ​သေချာ မမြင်​ရဘူး။ ဦးထုပ်​လည်း ​ဆောင်းထားပြီး mask လည်း တပ်​ထား​သေးတယ်​​လေ။

Yeontae ​ရေပိတ်​လိုက်​ပြီး​တော့မှ "ဒါနဲ့... ဘယ်​သူလဲ မသိဘူး?"

သူမက တစ်​ချက်​ရယ်​လိုက်​ပြီး​တော့ "ရှင့်​ဆီ လွန်​ခဲ့တဲ့ နှစ်​ပတ်​က message ပို့ပြီး သတိ​ပေးလိုက်​တာ ကျွန်​မ​လေ..." ဆို​တော့မှ Yeontae တစ်​​ယောက်​ ​ခေါင်းထဲမှာ အဲ့​ကောင်​မ​လေးကို ဘွားခနဲ မှတ်​မိသွား​တော့တယ်​​လေ... Yeontae သူ့စိတ်​ထဲမှာ​ ​ကြောက်​​နေမိ​ပေမယ့်​လည်း သူမ​ရှေ့မှာ​တော့ ဂရုမစိုက်​သလိုပင်​.... တစ်​ရှူး တစ်​ရွက်​နှစ်​ရွက်​​လောက်​ကိုယူ လက်​ကို ​သေချာ​ခြောက်​​အောင်​ သုတ်​ပြီး​တော့မှ "ကျွန်​မ မှတ်​မိပြီ။ ဒါနဲ့ Yoo Na က ကျွန်​မကို ဘာကိစ္စ လိုက်​နှောင့်​ယှက်​ချင်​ရတာလဲ? ကျွန်​မနဲ့ Jungkook နဲ့ မတွဲ​တော့​ရော Yoo Na ကို Jungkook က စိတ်​ဝင်​စားလာမှာမှ မဟုတ်​ပဲ..." သူ ​ပြောပြီး တစ်​ရှူးကို အမှိုက်​ပုံးထဲ ပစ်​ထည့်​လိုက်​တယ်​။

OUR MEMORIESDonde viven las historias. Descúbrelo ahora