Part 16

551 40 0
                                    

No one's pov

"​တောက်​! အခု ကိစ္စက ဘယ်​လို ဖြစ်​တာလဲ Jungkook?" PD nim ထိုင်​ခုံကို ​ရှေ့ဆွဲပြီး ထိုင်​ချလိုက်​တယ်​။ Jungkook မှာ​တော့ ဘာမှ မ​ပြော... PD nim သူ့ laptop screen ​ပေါ်က ပုံ​တွေကို တစ်​ပုံဆီ ဖွင့်​ကြည့်​ပြီး ​ဒေါသ ထွက်​​နေတယ်​​လေ.....

"မင်းကို ငါ အ​စောကြီးကတည်းက သူနဲ့ ဆက်​မတွဲဖို့ ​ပြောခဲ့တယ်​... အဲ့တာကို မင်းက ငါ့ စကားကို နားမ​ထောင်​ဘဲနဲ့ မင်း manager ကို ​စောင့်​ကြည့်​ခိုင်းထားတဲ့ကြားက​နေ မင်းက မရရ​အောင်​ကို သူနဲ့ သွား​တွေ့​သေးတယ်​... အခုကြည့်​ ဒီကိစ္စ မင်း ဘယ်​လိုလုပ်​မလဲ? သူနဲ့ တွဲ​နေတာက အခု အဓိက ပြသာနာ မဟုတ်​​တော့ဘူး.... အခု ​ခေါင်းစဉ်​အကြီးက မင်း ​ကောင်​မ​လေးကို တွန်းလိုက်​တဲ့အ​ကြောင်း... ကဲ​ပြော မင်း ဘယ်​လိုလုပ်​မလဲ?"

"ဒါ ကျွန်​​တော်​လည်း မသက်​သာလို့ တွန်းမိသလို ဖြစ်​သွားတဲ့ကိစ္စပဲ​လေ... ကျွန်​​တော့်​ အပြစ်​ချည်းပဲလို့ ဘယ်​​ပြောလို့ရမလဲ?"

"​အေး... တွန်းမိတာက မင်း အပြစ်​ မဟုတ်​​ပေမယ့်​ idol တစ်​​ယောက်​အ​နေနဲ့ fan ကို တွန်းမိတာက​တော့ အပြစ်​လို ဖြစ်​​နေပြီ.... အခု ဒီမှာ ကြည့်​လိုက်​... ​အဲ့ဒီ Yoo Na ဆိုတဲ့ ​ကောင်​မ​လေးက သူ မ​ကျေနပ်​ချက်​​တွေကို အကုန်​ သတင်း​ပေါ် တင်​ပစ်​လိုက်​ပြီ.... မင်း ဒီကိစ္စကို ဘယ်​လို ဆက်​​ဖြေရှင်းမှာလဲ? ငါ အ​စောကြီးကတည်းက သတိ​ပေးထားရဲ့သားနဲ့ကိုဟာ မင်းကွာ..." PD nim စိတ်​ရှုပ်​လွန်းလို့ သူ့ဆံပင်​​တွေကိုသာ လက်​နဲ့ ထိုးဖွ​နေမိတယ်​​လေ....

ခဏတာ တိတ်​ဆိတ်​မှု​လေး​နောက်​မှာ​တော့ Jungkook စကား တစ်​ခွန်း ​ပြောထွက်​လာ​တော့တယ်​... "ကျွန်​​တော်​ အမှန်​အတိုင်း ​ပြောလိုက်​​တော့မယ်​ media ​တွေမှာ..."

Jungkook ရဲ့ စကားက PD nim ကို အလန့်​တကြား ဖြစ်​​စေသွားတယ်​​လေ... "Jungkook မင်း ဘာ​ပြောလိုက်​တာလဲ? အမှန်​အတိုင်း ​ကြေညာမယ်​ ဟုတ်​လား?"

Jungkook ​ခေါင်း​လေး တစ်​ချက်​ ငြိမ့်​ပြလိုက်​တယ်​။

"မင်းကွာ... ​ပြော​လေ ပိုဆိုး​လေပါလား... နဂိုကတည်းကမှ ပြသာနာက ဆိုး​နေတာကို မင်းက အခု ပိုပြီး ဆိုး​အောင်​ လုပ်​​နေတာလား?"

OUR MEMORIESWhere stories live. Discover now