Part 8

595 50 4
                                    

No one's pov

စားပြီးကြ​တော့ အကုန်​လုံး အိမ်​ကိုပဲ တမ်းပြန်​ခဲ့ကြတယ်​။ Jin နဲ့ Jungkook က​တော့ Yeontae နဲ့ Soorim ကို လိုက်​ပို့​ပေး​သေးတာ​ပေါ့...

အိမ်​ပြန်​​ရောက်​​ရောက်​ချင်း Yeontae တစ်​​ယောက်​ ဘာစကားမှ မ​ပြောဘဲ သူ့ အခန်းထဲ တမ်းဝင်​သွားတယ်​။ Jungkook လည်း သက်​ပြင်းတစ်​ချက်​ ချရုံကလွဲပြီး ဘာစကားမှ မထွက်​လာ..... Seokjin နဲ့ Soorim က​တော့ Jungkook ကိုပဲ ​ကြောင်​ကြည့်​​နေမိကြတယ်​​လေ... Yeontae နဲ့ Jungkook ကြားမှာ ဘာ​တွေ ဖြစ်​​နေကြတာလဲဆိုတာလည်း မ​မေးရဲကြဘူး....

"Hyung ပြန်​ကြရ​အောင်​။ ​ညကျရင်​လည်း အကတစ်​​ခေါက်​ ထပ်​တိုက်​ရဦးမယ်​။" Jungkook ​ပြောပြီး အိမ်​အပြင်​ ထွက်​သွားတယ်​။ အဲ့​တော့မှ Jin လည်း Soorim ကို နှုတ်​ဆက်​ပြီး Jungkook ​နောက်​ကို အမြန်​ အမှီလိုက်​ရ​တော့တယ်​။

Soorim တစ်​​ယောက်​ Yeontae အခန်းထဲ ဝင်​မယ်​လုပ်​​တော့ အခန်းတံခါးက lock ချထားတယ်​​လေ.... "Yeontaeah..." သူ တံခါး​ကို ​ခေါက်​ပြီး ​ခေါ်​တော့ ပြန်​မထူးဘူး။ "Yeontaeah... တံခါးဖွင့်​ဦး..." ခဏကြာတဲ့အထိ တံခါးလာမဖွင့်​​ပေးဘူး။ သူ တံခါးကို နားနဲ့ ကပ်​နား​ထောင်​ကြည့်​​တော့လည်း ဘာအသံမှ မကြားရ.... အိပ်​​နေတာလား? ဒါမှမဟုတ်​ အိမ်​သာထဲ ​ရောက်​​နေတာလား? ​နောက်​မှပဲ ပြန်​လာ​ခေါ်ဦးမယ်​ဆိုပြီး သူလည်း စားပွဲ​ပေါ်က သူ့ ပိုက်​ဆံအိတ်​ယူပြီး သူ့ အခန်းထဲ ဝင်​သွား​တော့တယ်​။

Yeontae's pov

ကျွန်​မ အရမ်းပင်​ပန်း​နေပြီ... လူ ပင်​ပန်းတာ မဟုတ်​​ပေမယ့်​လည်း စိတ်​ပင်​ပန်းမှု​တွေက ကျွန်​မကို ပိုပြီး ​ကြောက်​ရွံ့​စေတယ်​... ကျွန်​မ Yoo Na ကို ​ကြောက်​မိတယ်​။ Jungkook နဲ့လည်း ကျွန်​မ နီးလျက်​နဲ့ ​ဝေး​နေသလို ခံစားရတယ်​။ ကျွန်​မ ​လေဆိပ်​မှာ Yoo Na နဲ့ ​တွေ့ပြီး ပြန်​လာကတည်းက ကား​ပေါ်မှာ​ရော... ခုနက ​နေ့လည်​စာ စား​နေတုန်းက​ရော ​တောက်​​လျှောက်​ သူနဲ့ စကားမ​ပြောဘဲ တိတ်​​နေခဲ့တာ... အခုလည်း ကျွန်​မ သူနဲ့ စကား​ပြောဖို့ အားမရှိဘူး... ကျွန်​မ အခန်းထဲကိုပဲ တမ်းပြီး​တော့ ဝင်​လာခဲ့လိုက်​တယ်​...

OUR MEMORIESWhere stories live. Discover now