Part 15

520 42 0
                                    

Yeontae's pov

"​ရေခဲမုန့်​က oppa ပြန်​ဝယ်​​ပေးလို့ ရတယ်​... လာ-"

ရှေ့မှာ ရပ်​​နေတဲ့ Yoo Na ကို မြင်​​တော့ ကျွန်​မ အရမ်းကို တုန်​လှုပ်​သွားခဲ့တယ်​... သူ ဘာဖြစ်​လို့ ​ရောက်​လာပြန်​တာလဲ? ကျွန်​မတို့ နှစ်​​ယောက်​​နောက်​ကို တစ်​​နေ့လုံး လိုက်​​နေခဲ့တာလား?

ကျွန်​မ သူ့ကို မသိချင်​​ယောင်​​ဆောင်​ပြီး oppa နဲ့ ထွက်​သွားမယ်​လုပ်​​တော့ oppa က မ​ရွေ့... သူလည်း Yoo Na ကို စိုက်​ကြည့်​​နေတယ်​​လေ...

"Oppa, wae? သွားမယ်​​လေ..."

"Yeontaessi.... ကျွန်​မကို ​မေ့ပြီး ဘယ်​သွားမလို့လဲ?" Yoo Na အသံထွက်​လာလို့ လှည့်​ကြည့်​လိုက်​​တော့ သူက ကျွန်​မတို့နားကို ​လျှောက်​လာတယ်​​လေ....

"Oppa.... Yoo Na ကို မှတ်​မိပါတယ်​​နော်​?"

Oppa ကပါ သူ့ကို သိ​နေတာ​လား? ကျွန်​မကို ဘာဖြစ်​လို့ ဘာမှ မ​ပြောခဲ့တာလဲ?

"Lee Yoo Nassi မင်း အခုချက်​ချင်း ထွက်​သွားရင်​ ​ကောင်းလိမ့်​မယ်​​နော်​..." oppa အသံ​မှာ ​ဒေါသ​တွေ နည်းနည်းပါ​နေတယ်​​လေ...

"Wae? Oppa ကို ​တွေ့ချင်​လို့ လာခဲ့တာ Yoo Na က ဘာဖြစ်​လို့ ထွက်​သွားရမှာလဲ?"

"Yeontaeah လာ သူ့ကို ဂရုစိုက်​မ​နေနဲ့... သွားမယ်​..." oppa ကျွန်​မလက်​ကို ဆွဲပြီး သူ့ကို ထားခဲ့​တော့မယ်​အလုပ်​ Yoo Na က "ကျွန်​မ သတိ​ပေးထားတာ​လေး​တွေ​တော့ နှစ်​​ယောက်​လုံး မ​မေ့​လောက်​ဘူး​တော့ ထင်​ပါရဲ့...."

"ဒီမှာ Yoo Na... ငါ မင်းကို ​ပြောပြီသား​လေ... မင်း ဘာလုပ်​လုပ်​ ငါ Yeontae ကို လက်​မလွှတ်​ဘူးဆိုတာ...."

Yoo Na ​တောက်​တစ်​ချက်​​ခေါက်​လိုက်​ပြီး​တော့ ကျွန်​မကို ​ဒေါသမီး​တောက်​​နေတဲ့ မျက်​လုံး​တွေနဲ့ တစ်​ချက်​ ကြည့်​လိုက်​တယ်​။ သူ ရုတ်​တရက်​ oppa လည်​ပင်းက​နေ ဆွဲဖက်​လိုက်​ပြီး oppa ကို အရနမ်းမယ်​အလုပ်​ oppa က သူ့ကို တွန်းမိသလို ဖြစ်​သွားတယ်​​လေ... သူ ​မြေကြီး​ပေါ် ထိုင်​လျက်​ကျသွားတာနဲ့အတူ လူ​တွေ ဝိုင်းအုံလာကြပါ​တော့တယ်​။

OUR MEMORIESWhere stories live. Discover now