Part 6

587 45 0
                                    

Yeontae's pov

ကျွန်​မ မနက်​စာ စားပြီး​တော့ ပန်းကန်​​တွေ ဘာ​တွေ​ဆေးပြီး ကျွန်​မ အခန်းထဲ ပြန်​လာလိုက်​တယ်​။

"Yeontae... ဘာဖြစ်​လို့ လိုင်း​ပေါ် တက်​မလာတာလဲ? Oppa ကို စိတ်​ပူ​အောင်​ မလုပ်​ပါနဲ့... အခုဆို Yeontae လိုင်း​ပေါ် မတက်​လာတာ တစ်​ပတ်​ရှိပြီ။ ပြီးခဲ့တဲ့ အပတ်​ကတည်းက oppa ကို reply ​တွေ လုပ်​ထားတာလည်း မ​တွေ့ဘူး။"

သူ့ဆီက message ​လေးက တမ်း​ရောက်​လာတယ်​​လေ။ အ​ပေါ်ဘက်​ကို ဆက်​တက်​ကြည့်လိုက်​​တော့ သူ ပို့ထားတဲ့စာ​တွေမှ အများကြီး... ကျွန်​မလည်း အခုတ​လော တချို့ကိစ္စ​တွေနဲ့ အလုပ်​​တွေ ​တော်​​တော်​​လေး ရှုပ်​​နေတာ​ကြောင့်​ လိုင်း​ပေါ် မတက်​ဖြစ်​ခဲ့တာ.... အိပ်​ချိန်​​တောင်​မှ သိပ်​မှန်​တာ မဟုတ်​​တော့ဘူး... ဒီကို ပြန်​​ရောက်​ပြီးကတည်းကပဲ... အခုဆို နှစ်​ပတ်​​တောင်​ ရှိပြီ​လေ... ဒီ​နေ့မှ တစ်​ရက်​တ​လေ​လေး အားလို့ လိုင်း​ပေါ် တက်​ဖြစ်​တာ...

"Oppa mianhae... Yeontae အလုပ်​​တွေ ရှုပ်​​နေလို့ လိုင်း​ပေါ် မတက်​ဖြစ်​တာပါ။ Oppa ကို စိတ်​ပူ​အောင်​ လုပ်​မိလို့ mian ​နော်​..."

သူ ​လော​လောဆယ်​ လိုင်း​ပေါ်မှာ မရှိ​တော့ reply ပြန်​မ​ရောက်​လာဘူး​လေ.... ကျွန်​မလည်း တခြားဟာ​တွေ ​လျှောက်​​မွှေ​နေတုန်း message တစ်​​​စောင်​ ​ရောက်​လာလို့ သူလို့ ထင်​ပြီး ချက်​ချင်း ဖွင့်​ကြည့်​လိုက်​တယ်​။ ဖွင့်​ကြည့်​လိုက်​​တော့ သူ မဟုတ်​ဘူး​လေ... pro pic ကို ကြည့်​လိုက်​​တော့လည်း အရုပ်​က​လေးတစ်​ရုပ်​ပုံနဲ့... နာမည်​ကို ကြည့်​လိုက်​​တော့ Lee Yoo Na တဲ့....

"ဒီမှာ Lim Yeontaessi... Jungkook နဲ့ ဆက်ပြီး အဆက်​အသွယ်​ မလုပ်​ဖို့ ကျွန်​မ သတိ​ပေးချင်​ပါတယ်​... မဟုတ်​လို့က​တော့ ရှင်​တို့ နှစ်​​ယောက်​ လျှို့လျှို့ဝှက်​ဝှက်​ တွဲ​နေတယ်​ဆိုတဲ့ အ​ကြောင်းကို ကျွန်​မ သတင်း​ဖြန့်​​ပေးလိုက်​မယ်​... အဲ့လို သတင်းသာ ထွက်​သွားရင်​ ဘယ်​​လောက်​ အုံးအုံးကြွကြွ ဖြစ်​သွားမယ်​ဆိုတာ သိတယ်​မလား?"

စာကို ဖတ်​ပြီး ချက်​ချင်းပဲ ကျွန်​မ လက်​​တွေ ​အေးစက်​လာပြီး ရင်​​တွေလည်း အရမ်း တုန်​လာသလို ခံစားမိတယ်​။ သူက ဘယ်​သူလဲ?

OUR MEMORIESWhere stories live. Discover now