Part 14

561 39 0
                                    

No one's pov

Yeontae ဆံပင်​​လေးကို သူ့ ပုံမှန်​ အကြိုက်​အတိုင်း pony tail လို မြင့်​မြင့်​ချည်​၊ နှုတ်​ခမ်းနီ ပန်းနု​ရောင်​​လေးကိုဆိုး၊ သူ့ခန္ဓာကိုယ်​ တစ်​ကိုယ်​လုံးကို တစ်​ပတ်​လှည့်​ပြီး မှန်​ထဲကို ကြည့်​ လိုက်​တယ်​.... ဝတ်​ထားတဲ့ ဂါဝန်​ အပြာ​ရောင်​​လေးက သူမနဲ့ လိုက်​ဖက်​လွန်းလှတယ်​​လေ... ​ဆေးရုံမှာမို့လို့ အမြဲ ရင့်​ကျက်​တဲ့ပုံစံနဲ့ ​နေ​နေရတဲ့ သူမ ဒီ​နေ့ တစ်ရက်​​​တော့ လူငယ်​ဆန်​ဆန်​ ချစ်​စရာ ပုံစံ​လေးနဲ့ ဖြစ်​​လို့နေတာ​ပေါ့...

သူ့ကိုယ်​သူ ကြည့်​ပြီး ပြုံးလို့မဆုံး ဖြစ်​​နေချိန်​မှာ ဖုန်းဆီက လာတဲ့ အသံ​လေး တစ်​သံ​ကြောင့်​ ဖုန်းကို ယူကြည့်​လိုက်​တယ်​။ "Yeontaeah... oppa တိုက်​​ရှေ့ ​ရောက်​ပြီ​... ကားထဲမှာ ​စောင့်​​နေမယ်​..."

သူမ ဖုန်းကို ပိုက်​​ဆံအိတ်​ထဲ ထည့်​လိုက်​ပြီး အခန်းပြင်​ ထွက်​လာလိုက်​တယ်​။ သူထွက်​လာတာနဲ့ တစ်​ပြိုင်​နက်​ Soorim ကလည်း သူ့အခန်းက​နေ ထွက်​လာပြီး "ဟဲ့ နင်​ ဘယ်​သွားမှာမို့လို့ ဒီလို ပုံစံ ဖြစ်​​နေတာလဲ?"

"ဒီ​နေ့ jungkook oppa လည်း အားတယ်​​လေ... အဲ့တာ​ကြောင့်​ ငါတို့ နှစ်​​ယောက်​ ဒီ​နေ့ ​လျှောက်​သွားမလို့..."

"​အော်​... ဒါ​ကြောင့်​ ဒီ​လောက်​ မြူး​နေတာကို... သူ ​ရောက်​ပြီတဲ့လား?"

"အင်း ​အောက်​မှာ ​စောင့်​​နေတယ်​... နင်​လည်း အခုပဲ ထွက်​​တော့မှာမလား? သွားရ​အောင်​.."

သူငယ်​ချင်း နှစ်​​ယောက်​သား အိမ်​တံခါးပိတ်​ပြီး တိုက်​​အောက်​ကို ဆင်းလာခဲ့လိုက်​တယ်​။

Yeontae ကို ​တွေ့​တော့ Jungkook က ကားထဲက ထွက်​လာပြီး "Ohh... ဒီ​နေ့ oppa ရဲ့ မင်းသမီး​လေးက သိပ်​လှ​နေပါလား!?"

Soorim က​ "သူ့ခမျာ oppa နဲ့ ​လျှောက်​သွားမယ်​ဆိုလို့ ​ပျော်​​နေရှာတာ​လေ..." ဆိုပြီး ရယ်​ပြီး "ဒါဆို Soorim သွား​တော့မယ်​​နော်​..."

"Soorim ​ဆေးရုံ သွားမို့မလား? Oppa တို့နဲ့တူတူ လိုက်​ခဲ့​လေ... ​ဆေးရုံ ​ရှေ့မှာ ချ​ပေးလိုက်​မယ်​။"

OUR MEMORIESWhere stories live. Discover now