Part 13

551 43 0
                                    

Yeontae's pov

ကျွန်​မ ​ဆေးရုံမှာ လူနာ မရှိတုန်း​လေး ​​ကော်​ဖီပူပူ​လေး ​သောက်​ချင်​လို့ ​ကော်​ဖီဆိုင်​​လေးဆီ လမ်း​လျှောက်​လာခဲ့တယ်​။ ရာသီဥတုက ​အေးသထက်​ ​အေးလာပြီ​လေ...

"Hot cappuccino ရပါပြီရှင့်​..."

ကျွန်​မ ​ကော်​ဖီဘူး​လေး ယူပြီး ​ဆေးရုံထဲ ပြန်​​လျှောက်​လာလိုက်​တယ်​။

ကျွန်​မ ​pharmacy နားက​နေ ဖြတ်​​လျှောက်​​နေတုန်း ​ရှေ့မှာ လမ်းလာပိတ်​တဲ့သူ​ကြောင့်​ ​မော့ကြည့်​လိုက်​​တော့ Yoo Na ဖြစ်​​နေတယ်​​လေ... သူက ဘယ်​လိုလုပ်​ ဒီအထိ​တောင်​ ​ရောက်​လာပြန်​တာတုန်း?

ကျွန်​မ သူ့ကို ဂရုမစိုက်​ဘဲ သူ့ကို ပြန်​​ကျော်​ပြီး သွားမယ်​အလုပ်​ သူက ထပ်​ပိတ်ပြန်​တယ်​​လေ...

ကျွန်​မ စိတ်​မရှည်​​တော့ဘဲ သူ့ကို ပြန်​​မော့ကြည့်​ပြီး "ကျွန်​မ လူနာ​တွေ ကြည့်​​ပေးရဦးမှာ မအားဘူးရှင့်​..."

"ကျွန်​မလည်း Yeontae ကို ​ပြောစရာ သိပ်​မရှိပါဘူး... နည်းနည်း​လေး သတိထပ်​​ပေးချင်​ယုံပါ..." သူက ကျွန်​မကို ​ဒေါသမီး​တောက်​​နေတဲ့ မျက်​လုံးနဲ့ ကြည့်​​နေရာက​နေ ကျွန်​မနားနား ကပ်​ပြီး "Jungkook နဲ့ ​ဝေး​ဝေး​နေပါလို့ ​ပြောခဲ့တယ်​ မဟုတ်​လား? အခု ဘာဖြစ်​လို့ သူနဲ့ ထပ်​​တွေ့​နေတာလဲ? မဟုတ်​လို့က​တော့ ငါ့အဆိုး မဆိုနဲ့​နော်​..." လို့ ​ပြောပြီး တစ်​ချက်​ ပြုံးပြတယ်​...

ကျွန်​မလည်း သူကြား​အောင်​ တစ်​ချက်​​လောက်​ ရယ်​ပြီးမှ "လုပ်​ချင်​တာသာ လုပ်​ပါ... Yoo Na သိထားရမှာက Jungkook ချစ်​တဲ့သူက ကျွန်​မပဲ ဆိုတာ..."

"ရတယ်​​လေ.... ဒီလိုဆိုလည်း ငါ လုပ်​သင့်​တာကို ဆက်​လုပ်​ရ​တော့မှာ​ပေါ့... Yeontae ကိုမှ သိပ်​ချစ်​ပါတယ်​ဆိုတဲ့ Jungkook က တစ်​​နေ့ Yeontae မျက်​စိ​ရှေ့မှာ ​ဟောဒီက Yoo Na ကိုပဲ ချစ်​တာပါဆိုပြီး ​ပြောထွက်​လာ​စေရမယ်​။"

"​အဲ့လို​နေ့မျိုးကို ​စောင့်​​​မျှော်​​နေရင်​​တော့ Yoo Na စိတ်​ကုန်​သွားရလိမ့်​မယ်​... ဒါနဲ့ Yoo Na က ဘာဖြစ်​လို့ သူများ အချစ်​​ရေးကို လိုက်​​နှောင့်​ယှက်​​နေရတာလဲ? သူများ ချစ်​သူကို လိုက်​လု​နေရတာ မရှက်​ဘူးလားဟင်​?"

OUR MEMORIESWhere stories live. Discover now