Part 10

549 47 0
                                    

Yeontae's pov

ကျွန်​မ မနက်​​ရောက်​​တော့ ကိုယ်​လက်​​တွေ နည်းနည်း နာ​နေသလို ခံစားရတယ်​။ ​ခေါင်းလည်း နည်းနည်း မူး​နေသလိုလို ကိုက်​​နေသလိုလို.... အဖျားဝင်​သွားတာ​နေပါလိမ့်​မယ်​... မျက်​နှာသစ်​ သွားတိုက်​ပြီး​တော့ အခန်းပြင်​ ထွက်​လာ​လိုက်​တယ်​။ မီးဖို​ချောင်​ထဲ ဝင်​လိုက်​​တော့ ​ရေခဲ​သေတ္တာမှာ ကပ်​ထားတဲ့ စာရွက်​တစ်​ရွက်​...

ကျွန်​မ ယူပြီး ဖတ်​ကြည့်​လိုက်​​တော့ "Yeontaeah ငါ ဒီ​နေ့ morning duty ယူထားတယ်​။ မ​နေ့က Hae Young နဲ့ လဲထားတာ... စားပွဲ​ပေါ်မှာ နင့်​အတွက်​ပါ ငါ မနက်​စာ ပြင်​ထားတယ်​။ စားလိုက်​​နော်​... မစားဘဲ မ​နေနဲ့ အားလည်းရှိတာ မဟုတ်​ဘူး။ ​ဆေးလည်း ကိုယ့်​ကိုယ်​ကို ယူ​သောက်​ဦး... နင်​ မ​နေ့ညက အဖျား​တော်​​တော်​ကြီး​နေတာ..." တဲ့...

ကျွန်​မ ဖတ်​ပြီး​တော့ Soorim ပြင်​​ပေးထားတဲ့ မုန့်​ကို စားလိုက်​တယ်​။ အဖျားက အခု သိပ်​မကြီး​တော့ ​​ဆေး​တော့ မ​သောက်​​တော့ဘူး။ ​တော်​ကြာ​လောက်​ကျရင်​ ​ပျောက်​သွားမှာပါ... ​ဆေး​သောက်​ရမှာ ပျင်းတာလည်း ပါတာ​ပေါ့...

ကျွန်​မ အား​နေတာက တစ်​​ကြောင်း၊ ​လျှောက်​သွားချင်​တာက တစ်​​ကြောင်း ပထမဆုံး အိမ်​​နားက ပန်းခြံ​လေးဆီ ​လျှောက်​လာခဲ့လိုက်​တယ်​။

ပန်းခြံ​လေးထဲမှာ​တော့ ခုံတန်း​လေး တစ်​တန်း လွတ်​​နေတယ်​​လေ။ အဲ့မှာပဲ ထိုင်​လိုက်​တယ်​။ ​ဆောင်းဦး​လေးဆို​တော့ ရာသီဥတုကလည်း ​အေးစိမ့်​စိမ့်​​လေးနဲ့.... ပတ်​ဝန်းကျင်​မှာလည်း ကေ​လး​တွေ ​ဆော့​နေတာ​တွေ​ရော ၊ အတွဲ​လေး​တွေ​ရော... လူ​​တွေ အများကြီးပဲ​လေ....

"Hye Jung-ah, နင်​ သိလား? မ​နေ့က stage မှာ Jungkook oppa အရမ်း​ချောတာပဲ..." ကျွန်​မ လှည့်​ကြည့်​လိုက်​​တော့ ဆယ်​​ကျော်​သက်​ ​ကောင်​မ​လေး နှစ်​​ယောက်​...

"အင်း​နော်​... ပြီး​တော့ ဒီတစ်​​ခေါက်​ ထွက်​တဲ့ သီချင်းနဲ့ သူတို့ 1st ခဏ ခဏရ​နေတာ... ​ပျော်​လိုက်​တာ..."

သူတို့ ​album အသစ်​​တောင်​ ထွက်​ပြီတဲ့လား? ကျွန်​မ​တောင်​ မသိလိုက်​ဘူး​လေ။ အင်း​ပေါ့ သူနဲ့ အဆက်​အသွယ်​ ပြတ်​ပြီးကတည်းက ကျွန်​မလည်း Bangtan အ​ကြောင်း ဘာသတင်းမှ မရ​တော့တာပဲ​လေ....

OUR MEMORIESWhere stories live. Discover now